အမည်မပေးတတ်ဘူး ဒါပေမယ့် ကြိုက်သည်
“အွန်လိုင်းဖွင့်လိုက်ရင်
စစ်အကြောင်းရယ်၊
အချစ်အကြောင်းရယ်၊
ဝစ်လစ်စ လစ်အကြောင်းရယ်”
“သတင်းစာလှစ်လိုက်ရင်
အမတ်မင်းသတင်းတွေရယ်၊
မူပျက်မယွင်းတွေရယ်၊
လူငတ်စာရင်းတွေရယ်”
“လမ်းမထွက်လိုက်ရင် နေပူရယ်၊
ကွမ်းသွေးကွက်ရယ်၊
ကလေးအလုပ်သမား၊
သူတောင်းစား လေးတွေရယ်”
ငါ့အရိပ်နဲ့ ငါလမ်းလျောက်နေပါရက်
ငါဘာတွေကိုတွေး ကြောက်နေတာပါလဲ။
မနက်ဖြန်ဆိုတာ မသေချာလည်း
ခြေဖဝါးအောက်မှာ ဖိနပ်တစ်ရံစာရှိနေသေးသရွေ့တော့
လမ်း၊ လမ်း၊ လမ်းတွေကို ဆက်လျောက်ရဦးတော့မှာပေါ့.......။
(စိမ်းခက်စိုး)
.
ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ
ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×

ဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here
6 မှတ်ချက်:
ကောင်းလိုက်တာ မှန်လိုက်တာ
ဟုတ်ပ ယောက်ခမရယ် မှန်တယ်နော် ကဗျာလေးက
ဘာမှမတွေးပဲဝလိုနေကြပါလားနော် ဟဲဟဲ
ကဗျာခေါင်းစဉ်ကို တစ်ရက်စာလိုက်ကာအဖွင့်မှာ လို့ပေးကြည့်မိတယ်
း)
မောင်ဘကြိုင်
ဦးလေး ဘ သဘောပါဗျာ....အဲ့လိုလည်းကောင်းပါ၏
ပြန်ရှယ်ပေးတဲ့အတွက်ရော၊ လင့်ပြန်ပေးတဲ့အတွက်ရော..ကျေးဇူးပါ ညီ။
Post a Comment