Showing posts with label *M.H.A* ရေးသော ကဗျာတိုများ. Show all posts
Showing posts with label *M.H.A* ရေးသော ကဗျာတိုများ. Show all posts

Tuesday, August 27, 2013

စစ်သားတစ်ယောက်ရဲ့ ခံစားချက်

စစ်သားတစ်ယောက်ရဲ့ ခံစားချက်
==================

မွေးရပ်မြေကို စွန့်ခွာ

မိသားစုကို ချန်ကာထား

တိုင်းပြည်အတွက် အသက်စွန့်

အနာဂတ် ဆိုတာ ဘယ်မှာမှန်းမသိ

ဘယ်ချိန် သေမှာလဲ ဆိုပြီး

တွေးကြောက်နေရတဲ့ အဖြစ် တစ်မျိုး

သူတို့ဘဝကို မစာနာတဲ့ လူတစ်ချို့

ပြောခံရတာကို အမြဲခံရတတ်သူတွေ

ရဲရဲရင့်ရင့် စစ်ပွဲမှာ တိုက်ခိုက်နေလဲ

ဒဏ်ရာရသွားလို့ အိမ်မပြန်နိုင်မှာ

ကြောက်မိတာလဲ သူတို့စစ်သားပါပဲ

ည အိပ်တဲ့ အချိန် တိုင်း

မိဘ၊ အိမ် နှင့် အပေါင်းသင်းတွေကို

သတိရလျှက်နဲ့ သူတို့ သတိရတိုင်း

စာလေးတွေပေးပို့လို့ သူတို့ခမျှာ

မွေးရပ်မြေကို သတိရတိုင်းလဲ

ပြန်လို့ မရတာ သူတို့စစ်သားတွေပါ။

မှတ်ချက်။ ။ စိတ်ကူးနဲ့ တွေးရေးသည် ရေးတတ်ရင် ဒီထက်ကောင်းအောင် ရေးချင်ပါတယ် စစ်သားတွေဟာ ဆိုးသည်ဖြစ်စေ ကောင်းသည်ဖြစ်စေ အသက်စွန့်ရသူတွေပါပဲ သူတို့လဲ မွေးရပ်မြေနဲ့ မိဘတွေကို လွမ်းတတ်တဲ့သူတွေပါပဲ။

မိုးထက်အာကာ
*M.H.A*

Sunday, July 28, 2013

×××××မပြတ်သားတဲ့ ချစ်သူ×××××

×××××မပြတ်သားတဲ့ ချစ်သူ×××××

ငါ့ကိုချစ်တယ်ပြောပြီး

ကုမရတဲ့ဒဏ်ရာတွေပေး

နင်ငါ့အပေါ်ရက်စက်နေလဲ

ငါနင့်အပေါ်ထားတဲ့ မေတ္တာတွေ

မပျောက်ကွယ်သွားပါလား

နင်ပျော်ဖို့အတွက်

ငါ့နှလုံးသားကို

စတေးပေးထားပါတယ်

မပြတ်သားခဲ့တဲ့ နင့်ကို

မုန်းပစ်လိုက်ရမလား

ချစ်သူရယ်......

နင်ငါ့ကို အပြီးပိုင် 

လမ်းခွဲစကားမပြောခဲ့သလို

အပြီးပိုင် နှုတ်မဆက်ခဲ့ပါလား

မဖြစ်နိုင်ဘူးဆိုရင်...

နာကျင်မှု ဒဏ်ရာတွေနဲ့

ဥပက္ခာတွေ ဆက်မပေးပါနဲ့တော့လား

ကောင်မလေးရယ်...။

*M.H.A*


Saturday, July 27, 2013

*** အချစ်ကို ကစားစရာလို့ထင်သူသို့***

*** အချစ်ကို ကစားစရာလို့ထင်သူသို့***

ငါ့နှလုံးသားလေး ကွဲကြေသွားပါစေ

နင့်ကိုငါချစ်တဲ့အချစ်တွေ

မပျောက်ကွယ်သွားပါဘူး

ငါ့နှလုံးသားထဲမှာ နင်ကလွဲလို့

ဘယ်သူမှမရှိပါဘူး

တစ်ခါတစ်လေ ငါ့မျက်နှာမှာ

အပြုံးတွေရှိနေပေမယ့်...

ငါ့ရင်ထဲမှာ ငိုကြွေးနေတာ

နင်သိပါ့မလား

အပိုစကားတွေမဆိုတတ်ဘူး

နင့်ကိုငါ သိပ်လွမ်းနေတယ်..

ငါနဲ့တွေ့ခိုက် နင့် မာနလေးတွေ

ခွါချထားပေးပါလား ကောင်မလေးရယ်

နင့်လိုအချစ်ကို မကစားတတ်ခဲ့ပေမယ့်

အချစ်ကို တော့ ခံစားတတ်ပါတယ်...

နင်ရက်စက်ခဲ့တာမဟုတ်ပါဘူး

ငါ့နှလုံးသားလေး နူးညံ့လို့ဖြစ်သွားတာပါ

အရူးလို နင့်ကို

လွမ်းနေပေမယ့် နင်ကတော့ ငါ့ကို

မေ့နေပြီ ထင်ပါရဲ့

အချစ်ကို ကစားစရာလို့ထင်ထားတဲ့

နင့်လို မိန်းကလေးနဲ့ နောက်ထပ်တစ်ကြိမ်

ထပ်မတွေ့ပါရစေနဲ့လား။

*M.H.A*


Saturday, July 20, 2013

လွမ်းသူရေးတဲ့ ကဗျာ

လွမ်းသူရေးတဲ့ ကဗျာ
.............................
.

ချစ်သူရယ်......အနေဝေးလို့

မေ့သွားတော့မှာလား

နင်ငါ့ကိုမေ့သွားရင်တောင်

ငါကနင့်ကို

လွမ်းတယ်ဆိုတဲ့စကားထက်

နင့်ကိုငါလွမ်းတယ်..

နင်ငါ့ကို မသိချင်ယောင်ဆောင်နေလဲ

ငါနှလုံးသားက နင့်ကို မမုန်းရက်ပါဘူး

အချိန်တွေကုန် ရာသီတွေပြောင်းလဲ

ငါ့နှလုံးသား နင့်အပေါ် မပြောင်းလဲဘူး

မနက်ဖြန် ရှိနေသ၍ နင့်ကိုလွမ်းမယ့်

နေ့တွေဆိုတာ အမြဲရှိဦးမှာပါ

ငါက အတိတ်ကိုပြန်ရောက်ချင်ပေမယ့်

အတိတ်ဆိုတာ နောက်မှာကျန်ခဲ့ပြီပဲလေ

သြော် ငါနင့်ကို ချစ်မိသွားလို့

လွမ်းတတ်သွားတာလား

နင့်ကိုလွယ်လွယ်မေ့ပစ်ချင်တယ်

ပြင်လို့မရတော့တဲ့ အမှားတစ်ခုကို

ပြန်မပြင်ချင်တော့ပါဘူး

ဘယ်လိုအကြောင်းကြောင့်

လွမ်းနေပေမယ့်လဲ

နင်မှမသိတာ နင်လဲ

တစ်ချိန်ကျရင် ငါ့ခံစားချက်တွေကို

နားလည်သွားမှာပါ။

*M.H.A*


Wednesday, July 17, 2013

ချစ်သူ

×××××ချစ်သူ×××××



နှလုံးသားက 

နင့်အတွက်ဆို

ဘာဖြစ်ဖြစ်

ပေးဆပ်နေမှာပါ

မမြင်ရတဲ့ ရင်ခုန်သံတွေ

ကြားနေရတဲ့ ရင်ခုန်သံတွေနဲ့

နင့်ကို

ချစ်နေမှာပါ

ချစ်တယ်ဆိုတဲ့ စကားလုံးကို

အဓိပ္ပာယ်မဖော်တတ်ခဲ့တဲ့ငါ

နင်နဲ့တွေ့မှ 

နားလည်သွားခဲ့တာပါ...

ဘယ်သူတွေက

ဘာတွေကို

ဘယ်လိုပြောပြော

ငါ့ရင်ခုန်သံတွေက

နင့်အပေါ်မှာ

ပြောင်းလဲခြင်းမရှိ

ဆက်ချစ်သွားမှာပါ

ကောင်မလေးရယ်။

*M.H.A*


ကောင်မလေးရယ်

‌ကောင်‌မ‌လေး
။။။။။။။။။။။။။။။။
အရမ်းလှတဲ့ ‌ကောင်‌မ‌လေး
‌အရုပ်‌နဲ့မလိုက်‌‌အောင်‌
‌ဆေး‌ပေးပြီးမှ ဒဏ်‌ရာ‌ပေးပြီး
လှည့်‌မကြည့်‌ပဲ
ထွက်‌သွားရက်‌တယ်‌
‌ကောင်းကင်‌က ငှက်‌‌လေး
တစ်‌‌ကောင်‌လို
လွတ်‌လပ်‌‌နေတဲ့
နင့်‌ကို အပြစ်‌မတင်‌ရက်‌ပါဘူး
နင်‌ငှက်‌‌လေးတစ်‌‌ကောင်‌မို့လို့
ငါဟာ သစ်‌ခက်‌‌လေးတစ်‌ခက်‌‌ပေါ့
နင်‌အရိပ်‌လိုချင်‌ရင်‌ငါ့ဆီ
လှမ်းလာခဲ့လိုက်‌ပါ
‌ကောင်‌မ‌လေးရယ်‌။
*M.H.A.*
ု


ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here