Showing posts with label Computerမှာသိသင့်သောပညာများ. Show all posts
Showing posts with label Computerမှာသိသင့်သောပညာများ. Show all posts
Tuesday, July 26, 2016
Autorun ကို ကွန်ပျုတာကနေ ပိတ်ထားရင် Virus ကူးမယ့်ဘေးမှဝေးမယ်
Auto play ကိုပိတ်ထားရင် Memory Card တွေနဲ့ အခွေ ထည့်တဲ့အခါ    အော်တိုပွင့်
လာတဲ့ ဘေးကနေ ဝေးတာပေါ့ ။ အခွေထည့်လိုက်တယ် nero သို့ မဟုတ် Cyber နဲ့ 
တန်းပွင့်လာနေတာ.ပြီးတော့စက်က ဟန်းသွားတယ်ဆိုတဲ့ သူများအတွက် ပိတ်နည်း
လေးရေးလိုက်ပါတယ် ။ပိတ်ထားတာကောင်းပါတယ် ။ Memory card မှာ ပါလာတဲ့
Virus ဘေးကနေဝေးမယ်။.ကောင်းကျိုးဘက်က ကြည့်ရင်တော့ ပိတ်ထားလိုက်တာ
အကောင်းဆုံးပါ.ကဲ Auntorun Virus ကိုတားပေးမယ့်နည်းလေးစမ်းကြည့်စေ......။
Run box ကိုဖွင့်လိုက်ပါ Window ပုံလေးနဲ့  R ကို နှိပ်ပါ အဆင်ပြေသလိုသာဖွင့်
ပြီးရင်း gpedit.msc  ရိုက်  Enter နှိပ်  Group policy Editer ရောက်လာမယ်
Computer Config အောက်က Administrative Templates,  ကိုဝင်လိုက်ပါ
System အောက်က Window Components, ထဲဝင် Autoplay Policies.မှာ 
Turn Off Autoplay. ထဲဝင်ပြီး  Enable ကိုတစ်ချက်နှိပ် အောက်းနားလေးမှာပဲ
Turn Off Autoplay on ဆိုတဲ့နေရာမှာ All Drives ကိုရွေးပြီး Ok ပေးလိုက်ပါ
ကဲ ကလိနိုင်ကြပါစေနော်  Group Policy Editer ထဲမှာ အများကြီး ကလိလို့ ရ၏
Xp သမားများကတော့ ဒီမှာကြည့် http://inforids.com/turn-off-autoplay
.
Wednesday, September 23, 2015
ကွန်ပျုတာထဲမှာ အင်တာနက်ကရတဲ့ E-book တွေ ဖတ်မရခဲ့ရင်ဒီလိုလုပ်
E.book  စာအုပ်တွေ  ဖတ်မရလို့  ဆိုတဲ့   မေးခွန်းနဲ့  သူငယ်ချင်းတစ်ယောက်
မေးဖူးပါတယ် Adobe Reader မရှိရင်  အင်တာနက်က ဒေါင်းလုပ်ယူထားတဲ့
PDFစာအုပ်တွေ  ဖတ်မရဖြစ်တတ်ပါတယ်   ပြဿနာအကြီးတော့ မဟုတ်ပါ
လောလောဆယ်တော့ PDF reader လေး ဗဟုသုတပြောပြလိုက်ရပါတယ်..။
စာအုပ်တွေဖတ်မရင် Download.ယူပါ .. Adobe PDF E book  Reader '
ဒါလည်း Reader နောက်တစ်ခု ပါ   Foxit Ebook PDF Reader
Tuesday, April 29, 2014
ကွန်ပျုတာရှိရင် ကွန်ပျုတာသုံးရင် ဒီဟာလေးကိုတော့ သိထားသင့်ပါတယ်
ဘာလို့ ဒီလိုရေးလည်းဆိုတော့ အသုံးတည့်တယ် တတ်ထားသင့်တယ်လို့ ထင်တယ်
မြန်မာစာရေးမရဘူးလို့ ပြောလာတဲ့သူတွေမှာလည်း ဒီပြဿနာလေးကို တွေ့ ရလို့ ပါ
အဲ့မှာ Lenguage Bar လေး   ပျောက်သွားတဲ့လူတွေ ပြန်ဖော်ဖို့  နည်းလေးတွေရယ်
တခြား  ဘာသာစကား တစ်ခုခု  ပြောင်းရိုက်မယ်ဆို  ဒီစနစ်ကို မဖြစ်မနေ သုံးရမှာပါ
အခုလောလောဆယ် မြန်မာလိုရိုက်မယ် အင်္ဂလိပ်လိုရိုက်မယ် အဲ့ဆိုရင် Ctrl + Shift
မြန်မာလိုပဲ ရိုက်ရတယ် ၊ အင်္ဂလိပ်လိုရေးမရ၊ ပြောင်းမရဖြစ်တတ်တယ် ။အလားတူပဲ
အင်္ဂလိပ်လိုရေးလို့ ရပြီး  မြန်မာလိုရေးမရတာ ဖြစ်သွားတတ်ပါတယ် ။  အဲ့လိုအခါမှာ
မြန်မာစာကို   ပြန်ထည့်ပေးရပါမယ် ။ ထည့်နည်းကတော့ Control Pennl  ထဲကနေ
Regional Lenguage Option ဆိုတဲ့ setting ကို သုံးရပါမယ် ။ Window မှာဆိုရင်
Control Pennel =Regional and lenguages =Change Key boardကို တဆင့်စီ
နှိပ်ပါ လွယ်ပါတယ် ။ Window  XP ကိုပြောရရင်.Control Pennel => Regionnal
Keyboard Layout /IME ကို အမှန်ချစ်ပြီး  လိုချင်တဲ့   ဘာသာစကားကို ရွေးထည့်
မြန်မာစာ  ပျောက်သွားတဲ့သူက  Alpha Zawgyi Keyboard  ကိုပြန်ထည့်ရပါတယ်
အဲ့မှာ  မြန်မာလိုပဲ  ရေးရပြီး  Ctrl + Shift နှိပ်လည်း  အင်္ဂလိပ်လိုေ ရးမရတော့ရင်
US ကို ပြန်ရှာထည့်ပါ ။ နောက်တစ်ခုကတော့  ကိုယ်က  တရုပ်လို  ဂျပန်လိုရေးရင်
ဂျပန်စာ  တရုပ်စာကိုထည့်ပါ ။  ဥပမာ ရုရှားလိုရေးချင်ရင်  ရုရှားထည့်  အင်စတော
လုပ်စရာမလိုပဲ  မူလ၀င်းဒိုးမှာ ပါလာပြီးသား  ဘာသာစကား အများကြီးပါ ။  မြန်မာ
ဘာသာစကားကို  ရေးချင်လို့   ထပ်ပီးထည့်ရတာပါ ။  အင်စတော  ထပ်ထည့်စရာ
မလိုတဲ့  ဘာသာတွေကိုလည်း  ကိုယ်တိုင်လေ့လာကြည့်လိုက်ပါ သဘောတရားကို
နားလည်ထားနေရင် အခြားဘာသာ စကားတွေလည်း  ကိုယ်တိုင် ထည့်တတ်မှာပါ
နောက်နားက ဒီမှာ နီပေါတွေ ပညာကိုသင်ပေးတော့ သူတို့ ဘာသာလိုရေးချင်တာ
ထည့်ပေးဖူးတာနဲ့   တခြားဘာသာတွေလည်း  သုံးချင်ရင် ရေးချင်ရင်ဒီလိုပဲ လုပ်ဖို့ 
ဆိုတာကို သိစေချင်တာပါ ။ ပြီးတော့ အကြောင်းအမျိုးမျိုးကြောင့် Lenguage bar
ပျောက်သွားတဲ့  သူတွေကလည်း  အပေါ်က  setting အတိုင်းပါပဲ ။  ပုံကိုကြည့်ပါ
စောစော  ဘသာစကားထပ်ထည့်တာ မလို့  Add  ကနေသွားတာ အဲ့မှာ မလိုအပ်
ရင်  ကိုယ်မလိုတဲ့  ဘာသာစကားကို Remove နဲ့ ထည့်ပါ ပြဿနာလေးတစ်ခုကို
ပြောပြရရင် ကျနော်တို့ နားက  စက်ရုံတစ်ရုံရဲ့  သူဌေးဆီမှာ ကွန်ပျုတာတစ်လုံးကို
ပြဿနာတက်နေတာ  အင်္ဂလိပ်လို ရေးမရတာ  ကီးဘုတ်မှာ T ကို နှိပ်ရင် Tမလာ
ပဲ  အီတလီ  ဘာသာစကားတစ်ခု ၀င်နေတာ တွေ့ တယ် ပြန်မဖြုတ်တတ်တာရယ်
ကြောင့်ပြင်ဆိုင်ပို့ ရမဲ့   အခြေနေမှာ  မြန်မာသူငယ်ချင်း  အကူညီနဲ့ လာပြင်ပေးဖို့ 
ဆက်သွယ်လာပါတယ် ။ ပြင်ဆင်ခကို  ကြားပွဲစားက  မလေးရှားငွေ 50 ပေးဖို့ လဲ
သဘောတူကြတယ်ပေါ့ဗျာ ။ သူက   ကျနော့ဆိုဒ်ကို  ဒိုမိန်းဝယ်ပေးထားတဲ့သူပါပဲ
ဒီလိုနဲ့   Sunday မှာ  ပြင်ပေးဖို့ သဘောတူလိုက်တယ် ။လာခေါ်တယ် ပြန်ပို့ တယ်
ကြွေးတယ်  ပေါဗျာ ။ 50 ရတယ်ပေါ့ဗျာ ကျနော်တို့ စက်ရုံမှာ မနက်၈နာရီကနေပြီး
ည8နာရီအထိ  12နာရီလုပ်မှ  50ပဲရပါတယ် ။ အခု 15မိနစ်မကြာဘူး  ပြင်တာက
ဒါပေမယ့် ပညာဆိုတာလွယ်လွယ်ပေးရင်  တေးဖြစ်ဆို တဲ့ စကားပုံရှိနေလေတော့
ကျနော်သွား ကြည့်တယ်  စာရေးမက ဒီလိုဒီလို ပြောတယ် ။  ပြဿနာတက်တယ်
ဘာညာပေါ့ ။  ရေးမရတဲ့  ပြဿနာကိုတာ့  Lenguage bar  ထောက်ကြည့်လိုက်
သိလိုက်ပါပြီ ။ US လို့ ခေါ်တဲ့   အင်္ဂလိပ်ဖောင့်   ပျောက်နေတယ် ။ လုပ်လိုက်ရင်
15မိနစ်မကြာဘူး  သိပေမယ့်  အနည်းငယ်  စက်ကိုရှင်းလိုက်ပါတယ် ။ မြန်အောင်
သွက်အောင်လုပ်တယ် ။ ပြီးမှ  အထဲမှာရောက်နေတဲ့ အီတလီ ဘာသာကို ဖြုတ်ပီး
US  ဖောင့်ထည့်လိုက်တယ် ။ အဆင်ပြေသွားပါတယ်။  ဒီနေရာမှာ   ပုံလေးတစ်ခု
ဖတ်မိပါတယ် ။ သမီးစံ မျှဝေတာပါ ။ လူတစ်ယောက်က  ကားပျက်နေလို့ ကားပြင်
ဆိုင်ကို  ဖုန်းခေါ်ပီး  လာပြင်ခိုင်းလိုက်တယ်။  ပြင်တဲ့ဝပ်ရှော့ဆရာက   ဖွင့်ပြီးတော့
ကားကို  ဟိုခေါက်  ဒီခေါက်  လိုက်လုပ်တယ် ။ ပီးတော့ ကောင်းသွားတယ်ပေါ့ဗျာ
ကားပြင်ဆင်ခကိုေ ဒ်ါလာ100 လို့ ပြောတော့  ကားသမားက  တင်းသွားပြီးတော့
ခင်းဗျားဗျာ ..ဟိုခေါက်ဒီခေါက်လေးနဲ့  ဒေါ်လာ 100 ယူရသလား.. စလစ်ရေးပေး
ဝပ်ရှော့  ပိုင်ရှင်ဆီတိုင်မယ်  ဆိုတော့  ကားပြင်ဆရာက   ဒီလိုရေးပေးလိုက်တယ်
ဟိုခေါက်သည်ခေါက်ခ  1ဒေါ်လာ  ဘယ်နေရာကို  ခေါက်ရမယ်သိတဲ့  ပညာခက
99ဒေါ်လာတဲ့  ။ စာပေဟောပြောပွဲတစ်ခုမှာ  ပညာရဲ့အရေးပါပုံကို  ပြောဟောတာ
ဖေ့ဘွတ်မှာ  ဟိုနေ့ တွေ့ လို  လမ်းကြုံထည့်ရေးလိုက်တာ  ဆိုလိုချင်တာကတော့
ဒီပုံပြင်လးကို ဆိုဒ်ထဲမှာ   စာလာဖတ်သူတွေကို  ပညာလေးက  သေးပေမယ့်လည်း
သိထား တတ်ထားသင့်တာကို ပြောချင်တာပါ ။ အဲ့တော့  လုပ်ကြည့်ပါ အဆင်မပြေ
လိုအပ်သည်ရှိသော်  အီးမေးပို့ လိုက်ပါ ။ ကျနော် နားလည်းသလောက် ကူညီပါ့မယ်
အချိန်ရသလောက်ပေါ့ ။ ချက်တင်မှာ မမေးစေချင်တာက မသိလိုက် မဖြေလိုက်တာ
ရှိပါတယ် အကောင့်ကတော့ ဖွင့်ထားတယ်။စာတွေလည်းရောက်နေတယ် အလုပ်က
သူဌေးလာလို့  ပိတ်လိုက်တယ်ဆိုရင် ပို့ ထားတဲ့စာတွေမဖတ်ဖြစ် ပြန်ရှာမရတာတွေ
ဖြစ်ပါတယ် ။ ပြီးတော့ ပြန်ရှာရခက်ပါတယ်။ဒါကြောင့် မေးထဲကိုပဲ ပို့ ပေးစေချင်တာ
အီးမေးဆိုရင် ဖတ်ဖြစ်တယ်။စာပြန်တယ် မသိသေးတာ ရှာမတွေ့ သေးတာကိုတော့
မပြန်ဖြစ်ပါဘူး ။ ကဲစာလည်းရှည်ပါပြီ ။ ဆဲမှာလည်းစိုးရသေး လမ်းကြုံလို ၀င်ဖတ်မိ
ကြည့်မိသည်ရှိသော်  ဘယ်နိုင်ငံသွားသွား မြန်မာဖောင့်ကို  ထည့်တတ်  ရေးတတ်
ဘယ်လူမျိုး  ဘယ်နိုင်ငံ  သူငယ်ချင်းက  အကူညီတောင်းတောင်း  ထည့်ပေးတတ်
ပြုပြင်ပေးတတ်ရင်  ပညာတစ်ခု တိုးတာပါပဲ ။ ရုံးတွေမှာ  လုပ်နေကြပီးတော့လည်း
Excel နဲ့  Work ကလွဲပြီး  ဘာမှကိုမသိတဲ့ စာရေးမ  ရုံးလုပ်သမားတွေ အများကြီး
ရှိနေသေးတယ် ။  ပြီးတော့ XP ကို  အခြေခံ ရှင်းပြတာကလည်း  Xp ကို လုံးဝကြီး
မပစ်ပယ်နိုင်သေးပါဘူး  Window 7 ရဲ့  System Requirement  က   2GB ပါလို့ 
ဆိုထားပါတယ် ။ အဲ့တော့ ရုံးတွေမှာကတော့ အဲ့လောက်မမြင့်တာတွေ အများကြီး
ရှိနေပါတယ်။  စက်တွေကလည်း Excel နဲ့  Word ပဲသုံးမှာဆိုတော့  တအားမမြင့်
အကောင်းစားတွေလည်း မဟုတ်ပါဘူး တခါတလေ ကျနော်မြန်မာဖောင့်ထည့်လို့ 
သူတို့ အလုပ်လုပ်နေရင်း  Ctrl+shift  နှိပ်မိလို့   အတုံးလေးတွေ  ပေါ်လာတော့
မလုပ်တတ်  မကိုင်တတ်  ဖြစ်သွားပြီး Restart ပြန်ချလိုက်ရတာတွေ   ရှိပါတယ်
နောက်ပြီး အခုကိုယ်က  ဒီနည်းလေးကို  နားလည်နေလို့    တခြားတယောက်ရဲ့
ကွန်ပျုတာကိုသွားပြီး  အီတလီ ဘာသာထည့်ပေးပီး  သိမသိ စမ်းကြည့်လိုက်ပါ
ကျနော်လည်း အခုဆရာဝန်တွေလိုပဲ အခေါင်းထဲရောက်သွားတဲ့ လူနာကိုတော့
ထည့်မပြောဘူး ပြင်လို့ ကောင်းတာပဲ နမူနပြတာ ပျက်သွားတာတွေ ပြင်မရတာ
တွေလည်း ကြုံရပါတယ် ပိုက်ဆံတစ်ကျပ်မှမရပဲ စားပီးသောက်ပီး ခြေသလုံးကြီး
ခရီးစဉ်တွေလည်း အများကြီးပါ ကဲ....ကြိုက်ရင် လေ့လာပေတော့................။
.
Tuesday, December 11, 2012
အင်တာနက်သုံးနေသူတွေအားလုံး ဘာပဲလိုချင်လိုချင် ဒီနည်းလေးကိုသုံး
ဒီနည်းလေးကတော့ အင်တာနက်သုံးတဲ့သူ အတော်များများသုံးနေတဲ့ နည်းတစ်ခုပါ
ရှာတဲ့နည်းလေးကို အနည်းငယ်သိသလောက်ရေးပြပါမယ်..............................
စာအုပ် ရှာဖွေနည်း
စာအုပ်နာမည်ရေးရှာပါ ။ အဆင်မပြေရင် စာရေးသူနာမည်နဲ့ လိုက်ရှာပါ
သီချင်းရှာဖွေနည်း
သီချင်းနာမည်ရေးရှာပါ ။ အဆင်မပြေရင် အဆိုတော်နာမည်နဲ့ ရှာပါ ။ နောက်ထပ်
သေချာအောင် စီးရီးနာမည်တွေနဲ့ ဆက်လက်ရှာဖွေကြည့်ပါ..........................။
ဇာတ်လမ်းရှာဖွေနည်း
ဇာတ်လမ်းနာမည်နဲ့ ရေးပြီးရှာပါ ။ မင်းသားမင်းသမီးနာမည်နဲ့ ရေးပြီးရှာပါ
ဆော့ဝဲရှာနည်း
လိုချင်တဲ့ဆော့ဝဲနာမည်ကို အင်္ဂလိပ်လိုရေးပါ ။ ဥပမာရေးပြပါမယ်
Internet Download Manager with path
Internet Download Manager with Crack
Internet Download Manager with Serieal Key
Internet Download Manager with Key gen
ဘာလို့  Path , Crack , Serieal Key , Key gen တွေထည့်ရလည်းဆိုရင်
Full Version ဖြစ်အောင်လို့ ပါ ။ ဒါမှအပြည့်အ၀ သုံးလို့ ရမှာ မဟုတ်ရင်
သူ့ ဆော့ဝဲပေါ်မူတည်ပြီး ရက်ကွာခြားပါလိမ့်မယ်..........................။
ကွန်ပျုတာ ပြဿနာတက်လာလျှင် ဖြေရှင်းနည်းရှာရန်
ရှာရမယ့်နည်းကတော့ သိပ်မများပါဘူး ။ အကောင်းဆုံးကတော့ အင်္ဂလိပ်လိုရေးပါ
ဒီနေရာမှာ အင်္ဂလိပ်လို တအားသိစရာ မလိုပါဘူး ။ကိုယ်ဖြစ်တဲ့ပြဿနာကို သိဖို့ ပါ
ကွန်ပျုတာမှာ ပြဿနာတက်လျှင် Error Message , Error number တွေပါတယ်
အဲ့တာလေးတွေ သေချာမှတ်ထားဖို့ ပါ ရေးပုံရေးနည်းကတော့..
How to solve........................( နောက်က Error Message စာကိုထည့်ပါ)
How to fix............................( နောက်က Error Number ရိုက် ကိုထည့်ပါ )
အဆင်လည်းပြေသလို သဘာဝလည်းကျပါတယ် ။  ဘယ်လိုနည်းပညာရှင်တွေမဆို
ဒီနည်းလမ်းကို တစ်နည်းမဟုတ် တစ်နည်းသုံးကြပါလိမ့်မယ် ဆော့ဝဲအတော်များများ
နိုင်ငံခြားကရေးပြီး သုံးနေတဲ့ဆော့ဝဲအကြီးတွေ ရယူဖို့ နိုင်ငံခြားပညာရှင်ဆိုဒ်တွေကို
လေ့လာကြရတာပါ ။ ကျနော်ကိုယ်တိုင်ထုတ်တဲ့ဆော့ဝဲ  ဘာတစ်ခုမှ မရှိသေးပါဘူး
ဆော့ဝဲကောင်းကောင်းရဖို့  နိုင်ငံခြားဆိုဒ်တွေ  လေ့လာဖို့ လိုပါတယ် ။လိုချင်တဲ့ဟာ
ယူတာ  အင်္ဂလိပ်စာတတ်ဖို့ မလိုပါဘူး ။  ဆော့ဝဲရလာပြီဆိုရင် ကိုယ်တိုင်သုံးကြည့်
စမ်းသပ်ကြည့် အဆင်ပြေတယ်ဆို ပြန်တင်ပေးတာပါ။ အခုနောက်ပိုင်း သိပ်ပြီးမယူ
မသုံးဖြစ်တော့ပါဘူး အချိန်မရတာနဲ့ အတိုအထွာလောက်ပဲ ရေးတင်ဖြစ်တော့တယ်
အဲ့ကြောင့် လိုချင်တဲ့ဆော့ဝဲ  လိုချင်တဲ့အရာမှန်သမျှ  ဒီနည်းလမ်းကိုသုံးကြည့်နိုင်ဖို့ 
အကြံပြု ရေးသားတင်ပြ မျှဝေလိုက်ပါကြောင်း............................................။
.
Thursday, December 6, 2012
Miscrosoft Security Essencial သုံးသူများအတွက် Virus ခဏပိတ်နည်း
ဒီနည်းလေးကို ရေးရတာကတော့  ဆော့ဝဲတွေ  အင်စတောလုပ်တဲ့အခါမှာ ပြဿနာ
ဖြစ်တတ်လို့ ပါ ။ ဒါကြောင့်  ဒီဆော့ဝဲကိုသုံးရင် ပိတ်တတ်ဖို့ သိရပါမယ် ။ ဘာလို့ လဲ
ဆိုရင် Internet Download Manager ဆော့ဝဲထည့်တဲ့အခါ Path  ဖိုင်ပါနေပါတယ်
နောက်တစ်ခု Flash Song လုပ်တဲ့ Swish max 4 ထည့်တဲ့အခါ မှာလည်းပါပါတယ်
Path ဖိုင်ကိုအသုံးပြုဖို့ အတွက်  Virus ဆော့ဝဲကို  ခဏပိတ်ရပါမယ် ။ မပိတ်ပေးရင်
Path ဖိုင်ကို Virus ထင်ပြီး Alarm မည်ပြီး ဖျက်ပစ်တတ်ပါတယ် ဒါဆိုရင် ဆော့ဝဲကို
အပြည့်သုံးဖို့ ပြုလုပ်ရခက်ပါတယ်။ နောက်တစ်ခု Window Genuine ဖြစ်တဲ့အခါမှာ
Active ဖြစ်ဖို့ ဆော့ဝဲထည့်ရင် ခဏပိတ်ထားရပါမယ် ။  ဒါကြောင့် ပိတ်နည်းလေးကို
ရေးတင်လိုက်ပါတယ် မပိတ်ပဲ လုပ်ရင်  ပြဿနာတွေတက်ပီး မရဘူး ပြောကြလို့ ပါ
ဒါကြောင့် Anti Virus ခဏပိတ်ထားပါဆိုရင် ဒီနည်းကိုပြေးသာမြင်လိုက်ပါ...........။
.
Sunday, December 2, 2012
မသိရင်ခက်တယ် သိတော့လည်း လွယ်တယ် ဒါပေမယ့် သိထားသင့်တဲ့ပညာ
ဒီနည်းလေးက ကွန်ပျုတာ အခြေခံသမားတွေအတွက် သိထားသင့်တဲ့ ပညာလေးပါ
ဒီထဲမှာ လေ့လာရမှာ အချက်သုံးချက်ရှိပါတယ် ။တစ်ခုချင်းစီကို အသေးစိတ် ကလိ
အခုဖြစ်တာက Start  ကိုနှိပ်တာနဲ့  အရင်ကလို ဘာမှမပေါ်တော့တာကို ပြန်ပေါ်ဖို့ 
လုပ်တဲ့နည်းပါ ပုံမှာ ပြထားသလို အမှန်ချစ်လိုက်တာနဲ့ ပြဿနာက အဆင်ပြေပါပြီ
Start ( Window logo ) ပေါ်မှာ Right Click ထောက်ပါ
Properties ကိုနှိပ် ပြီး အပေါ်က ၃ခုကို ကလိကြည့်ပါ
.
Tuesday, November 27, 2012
အကူညီတောင်းတဲ့အခါ( သို့ )ကွန်ပျုတာအတွက် တစ်ခုခုရှာတဲ့အခါ ဒီနည်းသုံး
ဒီနည်းက ဗဟုသုတရဖွယ်တွက်ပါ။ မေးထဲကို စက်အတွက် တစ်ခုခုရှာခိုင်းတဲ့စာတွေ
အကူညီတောင်းတဲ့စာတွေ ရောက်လာတဲ့အခါမှာ စဉ်းစားရခက်ဖူးပါတယ်။ ၀င်းဒိုးက
ဘာလဲ မန်မိုရီဘယ်လောက်ရှိသလဲ မော်ဒယ်ကဘာလဲ ဘာအမျိုးစားလဲ ဆိုတောကို
တင်ထားလည်းမသိဘူး ဘာဝင်းဒိုးလည်းမေးတော့ မိုက်ခရိုဆော့ ၂၀၁၀ တဲ့..သေပီ
တခြားဟာတွေဆက်မေးရင် ဝေးသွားပီ မိုင်တစ်ရာလောက် ဥပမာအနေနဲ့ ပြောရရင်
VGA Driver ရှာပေးပါဆိုရင် စက်မော်ဒယ် သိမှဖြစ်မယ် နောက်တစ်ခုကIntel လား
AMD လား  i3,i5 တွေလား သိဖို့ လိုသေးတယ် ။ စက်လေးနေတယ် သုံးရတာဆိုးပ
ပြောလာတဲ့သူတွေလည်း  စက်ရဲ့စနစ်ကို သိဖို့ လိုတယ် ။ ဒါမှ သူ့ စက်နဲ့ လိုက်ဖက်
အံဝင်တဲ့ နည်းလမ်းကို  ပြောပြလို့ ရမယ်။ RAM 1GB /Processor Pentium ဆိုရင်
RAM 2GB  နဲ့  Proessor i3 ထက်တော့ နှေးကွေးနိုင်ပါတယ် ။ သုံးတဲ့ဝင်းဒိုး တူရင်
RAM 1GB ဟာ ၀င်းဒိုး7 သုံးဖို့ မသင့်တော်တဲ့ အပိုင်းမှာပါပါတယ် ဘာလို့ လည်းဆို
Window 7 System Requirement မှာ RAM 2GB အထက်လို့  Miscrosofကြီးက
ပြောထားတဲ့အတွက် 1GB မှာသုံးရင်  မနိုင်တဲ့ဝန်ကို  ထမ်းရသလို စက်နှေးပါတယ်
မကြာခဏ ဟန်းဖြစ်မယ် ။အဲ့လိုအခါမှာ ထည့်ထားတဲ့ဆော့ဝဲကလည်း Photoshop
Autocad တွေဖြစ်ပြန် စနစ်တကျ ရှင်းလင်းဖျက်ထုတ်မှု မရှိပြန်ဆိုရင် မလွယ်ပါဘူး
တချို့ ဆော့ဝဲတွေမှာ System 32( x86 )  နဲ့  System 64 မသိရင် ထည့်လို့ မရပါ 
နောက်နားက Viber မရဘူးပြောတဲ့အခါ Viber ဟာ ၀င်းဒိုးတိုင်း စက်တိုင်းအတွက်
မရပါဘူး ဘယ်လိုပဲဖြစ်ဖြစ် ကွန်ပျုတာပြဿနာတစ်ခုခုကို  စဉ်းစားပေးရတဲ့အခါမှာ
စက်ရဲ့ စနစ်အပြည့်အစုံလိုအပ်ပါတယ် ဒီနည်းကလွယ်ကူပြီး ဗဟုသုတလည်းရမယ်
ဒါကြောင့် ကွန်ပျုတာသုံးသူတိုင်း ကိုယ့်စက်ရဲ့သတင်းအချက်လက် အသေးစိတ်ကို
ကြည့်ရှုတတ်စေဖို့ ရည်ရွယ်ပြီး မှတ်တမ်းတင်လိုက်ရပါကြောင်း......................။
Start = All Programs = Accessories = System Tools = System info: မှာ
.
Thursday, November 15, 2012
အလုပ်များသူတွေအတွက် Desktop ပေါ်မှာ Note ထားနည်း(၁၅-၁၁-၁၂)
အထူးသတိပြုစရာတစ်ချက်ကတော့ Window default Font ကနေပြောင်း မရပါ
ဒီလင့်မှာ သွားပြီးဖတ်ကြည့်- http://.answers.microsoft.com မရဘူးပြောတယ်
Window 7 Forums မှာလည်း မရလို့ ပြဿနာ တက်နေသူတွေရဲ့ အကြောင်းကို
http://www.sevenforums.com မှာ ဖတ် လေ့လာနိုင်ပါတယ်။ မြန်မာတွေအဖို့ 
အဆင်ပြေဆုံးနည်းကတော့ Wordpad ကို သုံးပါ Window တိုင်းမှာ ပါလာတယ်
Notepad ကနေ ရေးရင်မရပါဘူး Wordpad ဖွင့်ပါ။ မြန်မာလိုရေးပီး ကော်ပီယူပါ
Desktop ပေါ်က Sticky Note ပေါ်ချလိုက် မြန်မာလို ပေါ်ပါလိမ့်မယ် ခင်ဗျာ....။
Wordpad ကိုလည်း အောက်ပါနည်းဖြင့် ရှာနိုင်ပါတယ် အတူတူပါပဲ...............။
Start => All Programs =>Accessorie မှာရှိတယ် ။Serch box မှာလည်း ရှိတယ်
ဒီနည်းကလည်း Window 7 မှာပါလာတဲ့ Sticky Notes စနစ်တစ်ခုပါ ။အလုပ်အရမ်း
များသူတွေအတွက် နေ့ စဉ်နဲ့ အမျှလုပ်စရာရှိတာတွေကိုမှတ်မိလွယ်အောင် အလွယ်
လုပ်ထားချင်တယ်ဆိုရင် မိမိကွန်ပျုတာ Desktop ပေါ်မှာမှတ်စုတို လေးတစ်ခုအဖြစ်
ရေးမှတ်ထားနိုင်ပါတယ် အလုပ်ကပြန်ခါနီး နောက်ရက် အလုပ်လာရင် အရေးတကြီး
လုပ်စရာရှိရင် ဒီနည်းလေးနဲ့ မှတ်ထား နောက်တစ်နေ့ ကွန်ပျုတာဖွင့်တာနဲ့ Desktop
ပေါ်မှာပေါ်နေမှာဖြစ်ပါတယ်။မန်နေဂျာ ကွန်ပျုတာမှာ ရေးထားတာတွေ့ လို့  သုံးချင်
တဲ့သူတွေ သုံးရအောင် မျှဝေလိုက်ပါတယ်(Window 7 သမားတွေအတွက်ပါ).....။
Start => All Programs =>Accessorie မှာရှိတယ် ။Serch box မှာလည်း ရှိတယ်
Saturday, November 10, 2012
အခြေခံ ကွန်ပျုတာ စတင်သုံးစွဲသူများနဲ့ အမှတ်မထင် မှားတတ်သူများအတွက်
ဒီနည်းလေးကတော့ ဖြစ်တဲ့သူသိပ်မရှိဘူး။ တခါတလေ ဖြစ်ခဲ့ရင် သုံးနိုင်သိနိုင်ရန်
မျှဝေလိုက်ပါတယ် ကွန်ပျုတာအောက်ခြေက task bar  ဘေးဘက်တို့ အပေါ်တို့ 
ရောက်သွားရင် ပြန်ပြင်တဲ့နည်းပါ လုပ်နည်းက လွယ်တယ်။ ဘေးရောက်သွားတဲ့
Task Bar ပေါ်မှာ Right Click ထောက်၍ Properties နှိပ်ပါ ပေါ်လာတဲ့အကွက်
အကွက် Task bar location on screen မှာ Bottom ပြောင်းပေးလိုက်ပါ........။
.
Sunday, April 8, 2012
အင်တာနက်သုံးသူများနဲ့  window တင်သူများအတွက် သတိထားရမယ့်နည်း
ဒီနည်းလေးကတော့  အတော်အသုံးဝင်ပါတယ် ။ အကြောင်းအမျိုးမျိုးကြောင့် ၀င်းဒိုး
ပြန်တင်ရတော့မယ်ဆိုရင် ကွန်ပျုတာကို Format မချခင်  မိမိလည်နေကျ   ၀က်ဆိုဒ်
တွေအားလုံး စုသိမ်းထားမယ့်နည်းပါ ။ များသောအားဖြင့် Bookmark သုံးကြမယ်လို့ 
ထင်ပါတယ် မသုံးသေးရင်လည်းသုံးလိုက်ပါ နေ့ စဉ်ကြည့်နေတဲ့ ၀က်ဆိုဒ်တွေထဲမှာ
တစ်ခါတလေ အမှတ်မထင်ရောက်ပြီး စာတွေဖတ်လေ့လာ တယ်။ ပြီးတော့ နောက်
တစ်ခေါက်သွားဖို့ မေ့နေတတ်တယ် အဲ့လိုမဖြစ်အောင် ကိုယ်ဖတ်နေကြ ဆိုဒ်တွေနဲ့ 
အသုံးဝင်တဲ့ဆိုဒ်တွေအားလုံးကို Bookmarks ထဲကို သိမ်းထား နောက်တစ်ခါပြန်ပြီး
ကြည့်ချင်တဲ့အခါ အလွယ်ပြန်ကြည့်လို့ ရတယ် Ctrl နဲ့  V ကို တွဲနှိပ်ရင် လက်ရှိသုံး
နေတဲ့ ၀က်ဆိုဒ်ကို Bookmarks ထဲမှတ်တာပါ ၀င်းဒိုးပြန်တင်တဲ့အခါလိုအပ်ပါတယ်
သူငယ်ချင်းတစ်ယောက်ဆို ဘောပင်နဲ့ ဝက်ဆိုဒ်တွေ ကူးထားတယ် နောက်တစ်ဦး
ကတော့ Ms .Word ထဲ ကူးထည့်တယ် အကောင်းဆုံးကတော့ အခုနည်းနဲ့  HTML
ဖိုင်လေးရအောင်ထုတ်လိုက် ၀င်းဒိုးပြန်တင်ပီးရင် အဲ့ဖိုင်လေးကို မော်ဇီလာကနေပြီး
ပြန်ထည့်လိုက်ရင် အရင်မှတ်ထားတဲ့ ၀က်ဆိုဒ်တွေအားလုံး အမြန်ပြန်ကြည့်လို့ ရပြီ
.
.
Wednesday, March 7, 2012
အခြေခံ ကွန်ပျုတာ လေ့လာစ လူတွေအတွက် အသုံးဝင်တဲ့ Right click
ဒီနည်းလေးကလည်း ကွန်ပျုတာ အတွက် အဆင်ပြေတယ်။  မောက်စ် Right Click
မှာ လိုအပ်တဲ့ဟာတွေ အလွယ်တကူသုံးလို့ ရတာတွေကို ထပ်ထည့်ပေးတဲ့ဆော့ဝဲပါ
ကွန်ပျုတာပိတ်တာ Resatartလုပ်တာကအစ Right clickမှာထည့်ထားတော့ အမြန်
သုံးလို့ ရတယ် Empty recycle bin ဆိုလည်း ထည့်ထားတော့ သုံးရတာ အဆင်ပြေ
တယ် ကွန်ပျုတာ Lock ချတာလည်း  ထည့်ထားလို့ တယ် ။Control Pennel လည်း
ထည့်ထားလို့ ရတယ်။ Right Click ထဲမှာ ကိုယ်အသုံးများတာတွေကို ထည့်ထားရင်
ကွန်ပျုတာဖွင့်ပြီး နေရာစုံ ရှာနေစရာမလိုတော့ဘူး။ Right click နှိပ်တာနဲ့  အားလုံး
လှုပ်ရှားလို့ ရပြီ..အခြေခံပညာသင်တွေ ဆွဲထားမယ်..လန်းတယ်ကွ...................။
# Administrator Command Prompt
# Create file listing
# Hide/show folders
# Open with notepad
# Copy to/move to
# Take ownership
# Defrag drive
# Disk cleanup
# Resource monitor
# Lock PC
# Hibernate PC
# Shutdown
# Notepad
# Device manager
ဒီလင့်မှာ ယူပါ  Right click exterder Porttable ( ZIPPYSHARE)
မူရင်းလင့်မှာလည်းကြည့်နိုင်ပါတယ် - http://www.intowindows.com/right 
Sunday, October 23, 2011
Desktop ပေါ်က Short Cut Arrowလေးများကိုပျောက်စေချင်ရင်ဒီလိုလုပ်
ဆော့ဝဲမသုံးပဲ ဖျောက်လို့ ရတဲ့ နည်းတော့ရှိပါတယ် ဆော့ဝဲနဲ့ ဆိုပိုမြန်တာပေါ
ကလစ်  တစ်ချက်ပေးလိုက်ရုံပဲ  WindowVista   အတွက်လို့  ရေးထားပေမယ့်
Window7 မှာလည်းရတယ်းသုံးWindow XPသမားတွေကတော့ကိုယ်တိုင်စမ်း
ကြည့်ဗျာ ၀တို့ အလုပ်မှာက အဆင်မပြေဘူး ခုံတွေကမန်နေဂျာနဲ့ ရှေ့ နောက်
ထားလိုက်တော့ ဘလော့လေး ကြည့်ဖို့ အရေး ကို မန်နေဂျာ မလာပါစေနဲ့ ဆု
တောင်းနေရတယ် အဆင်ပြေရင် ရုံးက XPစမ်းကြည့်ပေးမယ်ဗျို့ .................။
မူရင်းလင့်မှာယူလိုက်ပါ  www.askvg.com/windows-vista-shortcut-
ဆော့ဝဲမသုံးချင်ရင် ဒီမှာကြည့်  http://www.tweaks.com
Saturday, October 22, 2011
အင်တာနက်သုံးနေရင်းအဖြူရောင်သံစဉ် ရေဒီယိုသီချင်းသံမလာဘူးဆိုရင်
ဒါလေးကတော့ ဘလော့ထဲမှာပဲဖြစ်ဖြစ် Mozila Firefox မှာပဲဖြစ်ဖြစ် သီချင်းသံ
မလာဘူးဆိုရင် Window Midea Player 11 Add On မရှိလို့ ပဲဖြစ်မယ် သီချင်း
မလာဘူးဆိုရင် Install Missing Plugin စာ တန်းပေါ်နေပြီး အင်စတောလုပ်ဖို့ 
လင့်လေးပေးလာပါလိမ့်မယ့် အဆင်ပြေတဲ့လင့်ကလုပ်နိုင်ပါတယ် အင်စတော
မလုပ်ခင်မော်ဇီလာကိုပိတ်ထားဖို့ လိုပါတယ်ဒေါင်းလုပ်ယူအင်စတောလုပ်ပီးမှ
မော်ဇီလာကို ပြန်ဖွင့်ပါ Missing plugin မပေါ်တော့ပဲ သီချင်းသံ လာနေတာကို
တွေ့ ပါလိမ့်မယ်။ အဖြူရောင်သံစဉ်  ရေဒီယို သီချင်းသံလာရင် မလိုဘူးနော်..။
အခုတလော ၀င်းဒိုးအသစ်ပြန်တင်တိုင်းမော်ဇီလာအသစ်ထည့်တိုင်းကြုံရတဲ့
ပညာသေးသေးလေးကိုမျှဝေလိုက်ပါတယ်...................................။
ဒီမှာDowload ယူပါ  Window Media Plugin Firefox
မူရင်းလင့်မှာယူလည်းရပါတယ် http://www.interoperabilitybridges.com/
Tuesday, September 13, 2011
သင့်ကွန်ပျူတာဘာပဲဖြစ်ဖြစ်ပြဿနာရှိလာပီဆိုဒီနည်းလေးကိုမမေ့ပါနဲ့ 
ဒီနည်းလေးကိုသိသလိုနဲ့ မသုံးမိကြမှာစိုးလို့ ရေးတင်လိုက်ရတာပါ အခြေခံပညာလေး
တစ်ခုမလို့ အခြေခံပညာသင်တွေသတိထားပြီးသိထားရမယ့် နည်းဆိုလည်းမမှားပါဘူး
Google Search မှာလိုချင်တာအကုန်ရနိုင် တယ်ဆိုရင် မောင်(စွယ်စုံကျမ်း) အပိုတွေ
ရေးတယ်မထင်ပါနဲ့  ကျနော်လိုချင်တာတွေဟာ Google Search ထဲမှာ မြန်မာလိုရော
English လိုပါရိုက်ပီး ရှာထားတာတွေပါ သူ့ ရဲ့ကျေးဇူးတွေပါပဲ အားလုံမမေ့ကြဖို့ နဲ့ သ
တိရနေဖို့ ပါ ကျနော်ပြဿနာတစ်ခုရှိတိုင်း သူကပဲအကူညီပေးပါတယ် သူငယ်ချင်းတွေ
ဖြစ်နေတဲ့ပြဿနာတွေကိုလည်း သူပဲကူညီတာပါ အဲ့ကြောင့် သူငယ်ချင်းတစ်ယောက်
ပြဿနာ မေးလာတိုင်း Error Message ဘာပေါ်လဲအမြဲမေးတာပါ အဲ့ဒါသိရင်ရပြီလေ
Google Search မှာသာရှာလိုက် ဘာမဆို သင်ရိုက်တဲ့အတိုင်းသူက ပေါ်လာပေးမှာပဲ
မြန်မာသီချင်းလိုချင်ရင်  မြန်မာလိုရိုက် သက်ဆိုင်ရာလင့်တွေကျလာတယ် လိုချင်တာ
သာရိုက်ပါ ..ဟဟ.. မဟုတ်တာရိုက်ရင်မဟုတ်တာတွေပေါ်လာမှာနော်(သတိ)ရှိပါစေ
ဆော့ဝဲတွေလည်းပေါမှပေါ
နည်းပညာတွေလည်းမှတ်မကုန်
စာအုပ်တွေလည်းဖတ်မကုန်
ပုံတွေလည်းကူးမကုန်
သီချင်းတွေလည်းလိုချင်တာအကုန်ရှိတယ်
ကြည့်ချင်တဲဇာတ်ကားနာမည်သာရိုက်လိုက်
တွေ့ ချင်တဲအဆိုတော်နာမည်ရေးလိုက်
ဖတ်ချင်တဲ့စာအုပ်နာမည်ပြောလိုက်.......ရေးရရင်ကုန်စရာမရှိပါဘူး  အကျိုးကျေးဇူး
တွေများလွန်းလို့ ပါ Screen Saver လိုချင်းလည်းရိုက်ရှာ Wallpaper လည်းရှိတာပဲ
နောက်ဆုံးဖြစ်ချင်တာသာရေးပြီ Enter ကိုသာနှိပ်လိုက် လိုချင်တာအကုန်ရလိမ့်မယ်
ဒါလေးလည်းအခြေခံပညာပါပဲ အဲ့ကြောင့်ကွန်ပျူတာမှာသင်သိရမယ့်ပညာများ ခေါင်း
စဉ်းအောက်မှထားပြီးရေးလိုက်တာပါကျနော့ဝက်ဆိုဒ်ထဲမှာရှိပါတယ် ကွန်ပျူတာအခြေ
ခံပညာလေးတွေပါအားလုံးGoogle Searchမှာလိုချင်တာအကုန်ရတယ်နော်သဘော
ပေါက်ရင်ဆက်လုပ်..ဟိဟိ..အခြေခံပညာသင်လေးများအဆင်ပြေကြပါစေ..........။
Saturday, August 13, 2011
စာစီစာရိုက်သမားများနဲ့ အခြေခံသမားတွေပါသိထားသင့်တဲ့Errorတစ်ခု
ခေါင်းစဉ်ကတော့အကြီးကြီးပါပြောချင်တာကတော့Print Preview ကြည့်မရလို့ error
တက်လာဖူးလားမသိဘူးကျုပ်တော့အခုမှကြုံတာပဲExcel နဲ့ စာရိုက်ပြီးPrintPreview
ကြည့်မ၇တော့လို့ လေအကယ်၍ပြဿနာတူရင်ဝါသနာတူသူငယ်ချင်းတွေကိုပညာ
ရစေခြင်းအလို့ ငှာရေးပြရရခြင်းပါလုပ်နည်းကတော့လွယ်ပါတယ်.....။
(၁) Window +R ကနေ Run box ခေါ်လိုက်ပါ
(၂) Run box ထဲမှာ services.msc လိုရိုက်လိုက်ပါ
(၃)ပေါ်လာတဲ့အထဲမှာမှ Print Spooler ရှာပြီး2ချက်နှိပ်ပါ
(၄)ထပ်ပေါ်လာတဲ့ဘောက်မှာ Startup Type မှာ Automaticပြောင်းပြီOk လုပ်
Computer ကိုRestart လုပ်လိုက်ရင်အဆင်ပြေသွားမှာပါ....။လုပ်နည်းကတော့အများ
ကြီးပါလွယ်တဲ့နည်းလေးပြောပြတာပါစာစီစာရိုက်နဲ့ ရုံးမှာလုပ်တဲ့သူများကြုံလာရင်သုံး
ရအောင်ကဲလေ့လာကြည့်.ရနေလည်း Services.msc တောရိုက်ကြည့်လေ့လာစရာ
တွေအများကြီးနော..ကဲကလိထားမယ်.ကောင်းနေလည်းကလိကြည့်ဗျာ Autoဖြစ်နေ
ရင်Manual ပေးပြီး Restart လုပ်စာစီစာရိုက်လုပ်ပြီး Preview ကြည့်ကြည့်ရလားလို့ 
ကဲအနှီစာကတော့ဒီလောက်ပါတယ်(ဖြစ်တော့ဖြစ်ခဲပါတယ်ဗျာ).......။
Friday, August 12, 2011
ကွန်ပျူတာစဖွင့်တာနှေးနေရင်မြန်အောင်လုပ်နည်းလေးတစ်ခု
ကွန်ပျူတာစဖွင့်တာနှေးနေရင်စောင့်ရတာပျင်းစရာကောင်းသလိုအချိန်မရတဲ့သူတွေ
အတွက်တော့ဒီနည်းလေးကအဆင်ပြေနိုင်မယ်ထင်ပါတယ်အခြေခံသမားလေးတွေသိ
ထားသင့်တယ်ထင်လို့ ပြန်လည်မျှဝေလိုက်ပါတယ်လုပ်နည်းလေးက.......။
(၁) Window+R ကနေ Runbox ခေါ်လိုက်ပါ
(၂)Runbox ထဲမှာ msconfig လို့ ရိုက်ပြီး Enter နှိပ်ပါ
(၃)Start up ထဲမှာမလိုအပ်တာတွေဖြုတ်ပါ Apply လုပ်ပြီး Ok နှိပ်ပါ
ပြီးရင် ကွန်ပျူတာကိုRestart ပြန်လုပ်ပြီးမှာသုံးပါအဲ့ဆိုမြန်လာလိမ့်မယ်တဲ့...........။
မူရင်းလင့်ကတော့ဒီမှာဖတ်လိုက်http://www.pcworld.com လေ့လာကြည့်လိုက်ပါ
အရေးကြီးတာတွေမပိတ်သင့်ပါသိချင်ရင်ဒီမှာဖတ်ကြည့်နော် Disable မပေးလိုက်နဲ့ 
လုပ်ပုံလေးကလွယ်သလိုအကျိုးကျေးဇူးလည်းများလှပါတယ်ကွန်ပျူတာစဖွင့်ရင်ချက်
ချင်းသုံးမရလို့ စောင့်ရတဲ့ဝဋ်ကနေကျွတ်တာပ(မြန်လာလိမ့်မယ်)တဲ့လို့ ရေးတာကသူ
များရေးတာဖတ်လိုက်ရလို့ ပါဒီနေရာမှာ Disable all ပေးပြီးလုပ်ရင်ပိုမြန်တာတွေ့ ရ
ပါတယ်ရေးတဲ့သူတွေလည်းရေးနေကြပါတယ်အနှီအကြောင်းရာကိုကျုပ်အနေနဲ့ ပြော
ရရင် Disable all မလုပ်သင့်ပါဘူး Startup မှာအရေးကြီးတဲ့Program တွေနဲ့ အမြဲ
တမ်းAuto Loading ဖြစ်နေသင့်တာတွေရှိပါတယ်ဥပမာ Anti Virus ဆော့ဝဲဟာ
ကွန်ပျူတာဖွင့်တာနဲ့ ဝင်းဒိုးစတက်တာနဲ့ Runနေသင့်ပါတယ်အဲ့လိုပေါ့ဗျာအရေးမကြီး
တဲ့ဟာတွေ၇ှိပါတယ်Startup ထဲမှာဖတ်ကြည့်လိုက်အတိုပြောရရင် Adobe,Real
player,Cyber link,Nero,yahoo massager,google talk,Power DVD,VZO ဘာညာသရကာနေကြာကွာစိတွေပေါ့ဗျာအများကြီး၇ှိပါသေးတယ်တစ်ခုနဲ့ တခုမတူ
နိုင်လို့ ရေးမပြတော့ဘူးအခုရေးပြတာတွေကတော့သေချာတယ်မျက်စိမှိတ်ပြီးဖြုတ်
လိုက်ခင်များကွန်ပျူတာဘာမှမဖြစ်စေရဘူးစောစောကထက်တောါ့မြန်လာမှသေချာ
တယ်ကွန်ပျူတာဖွင့်တာနဲ့ အဲ့Program တွေကိုloading မစောင့်ရတော့ဘူးလေပြီး
တော့ဆော့ဝဲတစ်ခုအင်စတောလုပ်တိုင်းStartup ထဲဝင်လာတတ်ပါတယ်(ဆော့ဝဲ
တိုင်းမဆိုလိုဘူးနော်)အဲ့လိုဝင်လာရင်ဝင်ဒိုးတက်တဲ့အခါအဲ့ဒါတွေLoading လုပ်နေ
ရတာနဲ့ စောင့်နေရလို့ ကြာတာပါဒီတစ်ခါတော့တဲ့လိုမရေးတော့ဘူးကျုပ်အမြင်မလို့ 
လေဗျာခင်များတို့ လည်းမသိရင်မေးပေါ့ကျုပ်မသိတော့လည်းကျုပ်ဆရာတွေ၇ှိ
ပါတယ်ဘာပဲဖြစ်ဖြစ်ကလိပေါ့ဗျာတတ်ပါတယ်နောက်ဆိုအသေးမွှားလေးတွေကအ
စပညာ၇ှင်ကြီးဖြစ်လာနိုင်ပါတယ်ဗျာ.ကဲနှေးနေတဲ့သူများကလိကြည့်ပါDisable all
တော့မပေးနဲ့ နော်.မြန်လွန်းလို့ ဝင်းဒိုးပါကျသွားမယ်.........။
ဝါသနာတူသူငယ်ချင်းများအားလုံးအဆင်ပြေပါစေဗျာ..
                                               ခင်မင်လေးစားလျှက်..မောင်(စွယ်စုံကျမ်း)
Sunday, July 10, 2011
ကွန်ပျူတာတစ်လုံးဝယ်တော့မယ်ဆိုရင်ဒီစာလေးဖတ်စေချင်တယ်
ကျနော်မေးခြင်တာလေးရှိလို့ပါကွန်ပြူတာတလုံးဝယ်မယ်ဆိုရင်   အဓိကအရေး
ကြီးစစ်ဆေးရမဲ့နေရာတွေကဘယ်နေရာလဲဆိုတာလေးကိုသြိခင်လို့ပါ။နောက်
တခုကfontတွေအကြောင်းပါ၊တချို့ ကွန်ပြူတာတွေမှာဆိုရင်မြန်မာလို ဖတ်လို့ရ
ပြီးတော့ ရိုက်လို့မရဖြစ်နေတယ်။အက်ဒါလေးသြိခင်လို့ပါ။ကျေးဇူးတင်ပါတယ်။
klangလာမှ ဘီယာတိုက်မယ်နော်၊ 
                                    မင်းဆွေ 0175415451
ဒီစာလေးကတော့မေးထဲကတောင်းဆိုလာတဲ့သူငယ်ချင်းတစ်ယောက်အတွက်ရယ်
အခြေခံပညာသင်တွေကွန်ပျူတာဝယ်ရင်ဘာဝယ်လို့ ဝယ်ရမှန်းဘာကြည့်လို့ ကြည့်ရ
မှန်းမသိတဲ့လုံးဝသုညသမားများအတွက်ရည်ရွယ်ပြီှးဗဟုသုတရစေချင်းအလို့ ငှာရေး
တယ်အခြေခံကတော့ဒီစာဖတ်ပြီးရင်ရမှာပါပထမအနေနဲ့ ကတော့.....။
(၁)ကိုယ်ဝယ်မယ့်ကွန်ပျူတာBrand ပေါ့ Dell လား Acer လား Compaq ,Sony,
Toshiba,Lenovo အများကြီး၇ှိပါသေးတယ်အများသုံးတစ်ခုကတော့ Acerပေါ့
MSI လည်းမဆိုးဘူးDell ကတော့ဈေးနဲနဲပိုမယ်ကောင်းတဲ့တံဆိတ်ယူရင်ဈေးပို
ပေးရမယ်အဲ့ဒါပထမအခြေခံအကြောင်းပေါ့အဲ့ပေါ်မှာမူတည်ပြီးဈေးတွေကွာ
နိုင်ပါတယ်...။
(၂)နောက်တစ်ခုကတော့ကိုယ်လိုချင်တဲ့ System ပေါ့လူတိုင်းကတော့မြန်တာကို
ပဲလိုချင်ကြတာလေကွန်ပျူတာကိုအရမ်းသွက်စေချင်တာ Copy ကူးရင်လည်းမြန်
ချင်ကြတာဖိုင်တွေဖွင့်ရင်လည်းLoading မကြာစေပဲချက်ချင်းပွင့်ချင်ကြတာပါဒါပေ
မယ့်ကွန်ပျူတာနှေးတာမြန်တာကSystemကောင်းတာပေါ်မှာပဲလုံးဝမူတည်နေ
တာမဟုတ်ပါဘူးပြုပြင်ထိန်းသိမ်းမှုမတတ်ရင်ကွန်ပျူတာကောင်းလည်းလေးသွား
တတ်ပါတယ်ပြောမယ်ဆိုပြောစရာတွေအများကြီးပါအခြေခံဖြစ်တဲ့အတွက်ဘိုလို
တွေမပြောတော့ဘူးဗျာအခုဝယ်မယ်ဆို  Window7နဲ့  XP တစ်ခုခုကိုယူ Processor
AMD ,Intel,အခုပေါ်နေတဲ့ i3,i5,i7ဆိုတာတွေကတော့အကောင်းဆုံးပေါ့တစ်ခုခုယူ
RAM memory ကတော့အရေးကြီးပြီWindow7ဆိုလို့ ကတော့ အနဲ့ ဆုံး2GB DDR2
DDR3 တစ်ခုခုယူမှရမယ်ဘာလို့ လည်းဆိုတော့Ram 1GB နဲ့ ဆိုမနိုင်ဘူးဗျXP ဆို
ရင်တော့ပြဿနာမရှိပါဘူးအခြေခံသင်သူတွေကတော့XP ကသုံးရတာကောင်းပါ
တယ်Window7ကတော့ Desktop ပေါ်မှာပြက္ခဒိန်လေးနာ၇ီလေးတွေအလှဆင်နိုင်
မယ်အားသာချက်တွေ၇ှိသလိုအားနည်းချက်တွေလည်းရှိတယ်ပြောရရင်အများကြီး
ပဲလောလောဆယ်2GB ယူလိုက်ဗျာအနေတော်ပဲအဲ့လောက်ဆိုရင်ကိုကွန်ပျူတာက
အခြေခံလုံလောက်ပါပြီလေ့လာမယ်ဆိုအများကြီးပေါ့Window ကတော့မူရင်းယူရင်
ဈေးပိုပေးရပြီးအခွေပါထည့်ပေးပါလိမ့်မယ်ဈေးက150RM လောက်ပိုပါတယ်300လဲ
ဖြစ်ချင်ဖြစ်မယ်မူရင်းအခွေပါတဲ့အတွက်ပျက်သော်ရှိပြန်တင်လို့ ရပါတယ်မတင်တတ်
ရင်တော့မထူးပါဘူးဈေးချိုတာပဲယူလိုက်ပါအခြေခံတွေပဲလေUpdate တော့လုပ်လို့ 
မရဘူးUpdatမရရင်ဆိုးကျိုးတော့မများပါဘူးအဲ့မှာလည်းပြောရရင်အရှည်ကြီးအ
ခြေခံဆိုမလိုပါဘူးထားလိုက်ပြီးရင်တော့ပြီးပါပြီဘုမသိသွားဝယ်မှာနဲ့ စာရင်ဆိုင်မှာ
နဲနဲတော့ဖြဲလို့ ရတာပေါ့ RAM Memory နဲ့  Hardisk Memory ကိုတော့မလွဲစေချင်
ဘူး HardiskMemoryအခုနောက်ပိုင်း160,320,500ပါနေပြီများများပါတော့များများ
သိမ်းချင်တာသိမ်းလို့ ရတာပေါ့ကိုယ်ကစီးပွားရေးလုပ်ငန်း၇ှင်လည်းမဟုတ်လေ့
လာ၇ုံဆိုရင်တော့မများလည်းကိစ္စမရှိပါဘူးအဲ့မှာRAMကတော့များမှကောင်းတယ်
အခြေခံအားဖြင့်မှတ်မယ်ဆိုRAM များမှစက်ကသွက်မှာဆိုတော့ကွဲပြားပြီးသိထား
သင့်တယ်အဲ့ဒါလေးလည်းကြည့်ရမယ်အားလုံးကိုခြုံပြောရရင်ကွန်ပျူတာမ၀ယ်ခင်
Desktop ပေါ်ကMy Computer ကိုRightClick(လက်ခလယ်)ထောက်လက်ခ
လယ်လက်ညိုးဆိုတာက၇ှင်းအောင်ပြောရတာထောက်လိုက်ရင်အောက်ဆုံးက
Propertiesကိုနှိပ်လိုက်ရင်ပေါ်လာပြီ Window Ram နဲ့ Processor တွေပေါ့
လာတာနဲရင်ကွန်ပျူတာမကောင်းဘူးများရင်တော့ကွန်ပျုတာကောင်းတယ်လို့ 
ထင်တတ်ကြပါတယ်တကယ်တော့အရေးမကြီးပါဘူးနောက်မှကိုသုံးမယ်ဆော့
ဝဲတွေထပ်ထည့်လို့ ရပါတယ်ဘာပဲလုပ်ချင်ချင်ပေါ့ဥပမာPhotoShop စာစီစာ
ရိုက်Miscrosoft တွေနဲ့ Applicationတွေအားလုံးပေါ့ပြီးမှထည့်လို့ ရပါတယ်ကဲ
အဲ့လောက်ကြည့်ဝယ်ရင်ကိုမဆိုးပါဘူးသုညအသိနဲ့ ဝယ်တာစာရင်အခြေခံရပြီ
ရေးရင်အများကြီးပဲသူငယ်ချင်းမေးတဲ့အဖြေကိုဒီလောက်နဲ့ ပဲဖြေလိုက်ပါတယ်
နောက်တစ်ခုက ကွန်ပျူတာဝယ်ရင်မြန်မာဖောင့်မပါလာဘူးအဲ့တော့အင်တာနက်
ချိတ်ပြီ;ကျနော့်ဆိုဒ်ထဲကယူနိုင်သလိုဘယ်ဆိုဒ်ကပဲဖြစ်ဖြစ်ပေါ့ယူပြီးအင်စတော
လုပ်လိုက်ရပြီမြန်မာလိုချက်တင်ထိုင်ဖို့ ပေါ့မြန်မာဖောင်မရှိသေးတဲ့အတွက်တဖက်
ကရိုက်တဲ့စာတွေကိုအတုံးလေးတွေပဲမြင်ရတာပါမြန်မာဖောင်ကတော့အင်တာနက်
ရှိမယ်ဆိုခဏလေးနဲ့ အဆင်ပြေမှာမလို့ ခေါင်းထဲထားစရာမလိုဘူးထင်ပါတယ်ဒီ
လောက်ဆိုပြည့်စုံပြီမဟုတ်တောင်အခြေခံတော့ရမယ်လိမ့်မယ်လို့ မျှော်လင်းရင်း...။
Sunday, June 19, 2011
ကွန်ပျူတာမှာပြဿနာတစ်ခုတက်တိုင်းဒီနည်းလေးကိုသတိရပါ
 အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံးကွန်ပျူတာပြင်နည်းလေးတစ်ခုကိုပြပါဆိုရင်ဒီနည်း
လေးကိုပြောရမှာပဲကျနော်အပါအ၀င်လူတော်တော်များများရဲ့ပြဿနာတွေကိုအခုကျ
နော်ပြောတဲ့နည်းလေးနဲ့ အဆင်ပြေခဲ့တာပါကွန်ပျူတာမှာအလိုလျောက်ပါတဲ့ပြုပြင်
နည်းလေပါSystemRestoreအကြောင်းကိုဆရာသမားတော်တော်များများသိထား
ကြပါတယ်အခြေခံပညာသင်ဝါသနာတူသူငယ်ချင်းတွေအတွက်ပြန်လည်မျှဝေလိုက်
ပါအကြောင်းအမျိုးမျိုးကြောင့်ကွန်ပျူတာတစ်ခုခုဖြစ်သွားတဲ့အခါအသံမလာတာ တို့ 
ဖိုင်တွေပျောက်သွားတာတို့ Settingတစ်ခုခုလွဲသွားတာအစုံပါပဲမူလအခြေနေကိုပြန်
ရောက်စေပါတယ်ဥပမာကွန်ပျူတာအသံမလာတော့ဘူးမနေ့ ကအကောင်း ဒီနေ့ 
မှဖြစ်သွားတာဆိုရင်SystemRestore ပြန်လုပ်ပီးမနေ့ ကSetting ကိုပြန်ယူရင်အရင်
နေ့ တိုင်းအကောင်းဖြစ်ပါတယ်ဟိုတစ်နေ့ ရုံကကွန်ပျူတာမှာဘယ်သူလုပ်လိုက်လဲ
မသိဘူးDesktopပေါ်မှာRecycleBinနဲ့ AntiVirusဆော့ဝဲတစ်ခုပဲကျန်တယ်ဖျက်သွား
တယ်ဆိုရင်လည်းRecycle Bin ထဲကျန်ရမှာဘယ်သူလုပ်လို့ ဘယ်လိုပြောင်းသွားမှန်း
ကိုမစဉ်းစားတတ်ဘူးပုံစံက Windowပြန်တင်ခါစပုံစံဖြစ်နေတာဂျာကြီးလည်းမသိလို့ 
အပြင်ပညာရှင်တွေခေါ်ခိုင်းမယ်ဆိုပီးထားလိုက်တာကျနော်စမ်းကြည့်လိုက်တာအ
ဆင်ပြေသွားပါတယ်ဂျာကြီးကပြောတယ်ရှဲရှဲတဲ့ငါတောင်မစဉ်းမိဘူးတဲ့တကယ်ဗျာ
အဲနည်းနဲ့ ကျနော်ပြင်ပေးတဲ့ကွန်ပျူတာမနည်းတော့ဘူးတစ်ခုသတိထားရမှာကဟို
နေကအကောင်းကြီးအခုဒီနေ့ မှဖြစ်သွားတာဆိုရင်တော့ဒီနည်းနဲ့ အဆင်ပြေမှာသေ
ချာတယ်ပီနန်းကသူငယ်ချင်းတစ်ယောက်လည်းအကိုအင်တာနက်ချိတ်မရတော့ဘူး
အရင်ရတယ်ဆိုတော့ကျနော်အခုနည်းလေးနဲ့ ရှင်းလိုက်တာသူအဆင်ပြေသွားတယ်
တဲ့သူကတော့zawnainglinn2008ပါအဆင်မပြေတဲ့တဲ့သူများကျနော့်နဲ့ နီးစပ်ရာဘော်
ဒါတွေဆီမှာမေးမြန်းနိုင်ပါတယ်ဗျာkst2011@gmail တို့ ကိုလည်းအဆင်မပြေတဲ့နည်း
ပညာတွေကိုမေးမြန်းနိုင်ပါတယ်အချိန်မရလို့ အိုတီတွေဆင်းနေရတာကြောင့်အိမ်
အလည်အပတ်မရောက်ဖြစ်တဲ့ဘလော့ဂါဆရာသမားဘော်ဒါများနဲ့ မေးထဲရောက်
လာတဲ့မြန်းစာတွေကိုအချိန်မှီမပြန်နိုင်တာကိုနားလည်ပေးလိမ့်မည်ဟုမျှော်လင့်ပါ
ကြောင်း....။လုပ်ပုံလေးကတော့...
Start = All Program = Acceessories = System tool = System Recovery
ကိုဆက်တိုက်နှိပ်ပြီးအဆင်ပြေတဲ့ရက်စွဲတစ်ခုပြန်ရွေး next ကိုနှိပ် Finished ကို
ဆက်နှိပ်ရုံပါပဲWindow Xp နဲ့  Window 7လုပ်ပုံသိပ်မကွာသလိုဒီနည်းကသုံး
တတ်ရင်သုံးတတ်သလို အဆင်ပြေတဲ့အတွက်ဥာဏ်ရှိသလိုသုံးကြပါလို့ .......။
Saturday, May 21, 2011
အလွယ်တကူ Copy ယူနည်းလေးတစ်ခုနဲ့ မထင်မှတ်တဲ့နည်းလေးတစ်ခု
ဒီနည်းလေးကိုအမှတ်မထင်အခုမှတွေ့ တာမလို့ အမှတ်တရတင်ပေးလိုက်ပါတယ်အ
လိုအခါမျိုးမှာကိုလိုချင်တဲ့စာလေးတွေကဗျာလေးတွေကိုဒီနည်းလေးနဲ့ ယူကြည့်ပါ
ဘာမှမခက်ပါဘူးလိုချင်တဲ့ကဗျာတွေစာတွေကိုမောက်နဲ့ ဖိပြီး(Hightlight )ဆွဲလိုက်ပါ
ပြီးရင်ကီးဘုတ်မှာပါတဲ့ Ctrl နဲ့ C ကိုတွဲနှိပ်ပါ သာမာန်Copy နည်းလေးတစ်ခုပေမယ့်
Java Script ကိုကျော်လို့ ရတာဘာကြောင့်လဲတော့မသိပါ Right ကလစ်ကနေCopy
ယူလို့ မရပေမယ်Keyboard ကနေယူလိုက်ရင်ကူးလို့ ရပါတယ်ကျနော်စမ်းသပ်ပီးပါ
ပြီကျနော့်ဆိုဒ်မှာလည်းစမ်းထားပါတယ်ကော်ပီယူမရအောင်ဒါပေမယ့်ကျနော်ပြော
သလိုKeyboard ကနေCopy ယူပီး စာရိုက်တဲ့Miscrosoft Word ကိုဖွင့်ပြီ Ctrl နဲ့  V
ကိုတွဲနှိပ်လိုက်ရင် Java Script နဲ့ ရေးထားတဲ့ကုဒ်တွေအလုပ်မလုပ်တာကိုတွေ့ ရပါ
တယ် Firefox Tools ကနေ Enable Javescript ကိုအမှန်ချစ်ဖြုတ်လည်းရပါတယ် တခြားနည်းတွေအများကြီး၇ှိပါတယ်အလွယ်ဆုံးနဲ့ အမြန်ဆုံးကတော့
Ctrl +C နဲ့ Copy ယူပီး Ctrl+V နဲ့  Paste လုပ်လိုက်ရင်အဆင်ပြေပါကြောင်းအခြေခံ
အညာသင်ဝါသနာတူသူငယ်ချင်းများကိုအသိပေးလိုက်ပါတယ်နော............။
Saturday, March 12, 2011
Computerလေ့လာသူတိုင်းသိထားသင့်တဲ့နည်းလေးတစ်ခု
 အထက်ကလိုပုံလေးတွေလုပ်ချင်တဲ့အခါအသုံးပြုရတဲ့နည်းလေးတစ်ခု
ပြောပြချင်ပါတယ်လူတော်တော်များများသတိမထားမိကြဘူးဘာဆော့
ဝဲမှာသုံးစရာမလိုဘူးလုပ်နည်းက........
၁။ Paint ကိုဖွင့်(Paint ဆိုတာကတော့ကွန်ပျုတာတိုင်းမှာပါရှိပါတယ်
    လေ့လာခါစသူတွေကတော့သုံးဖူးမှာမဟုတ်ပါဘူးအခြေခံလေးတွေ
    ကတော့ Window7မှာ Start ကိုနှိပ် Search မှာpaint လို့ ရေးလိုက်
    P နဲ့ စတာတွေပေါ်လာလိမ့်မယ်WindowXPသမားတွေကတော့လုပ်
    Start=All Programs=Accessoriesဆက်တိုက်သွားလိုက်..ဖွင့်ပြီး
    ရှင်းရှင်းပြောရရင်-အနုတ်ကလေးနဲ့ ပိတ်ထားTaskbar မှာဆင်းနေ
    လိမ့်မယ်)
၂။ ရိုက်ချင်တဲ့ပုံရောက်ရင်Keyboard မှာPrint Screen Sys Rq လို့ 
    ရေးထားတဲ့ခလုပ်လေးပါတယ်အဲဒါလေးနှိပ်လိုက်
၃။ ပြီးရင်Paint ကိုဖွင့်စောစောကကြက်ခြေခတ်နဲ့ ပိတ်ထားတဲသူတွေ
    ကတော့အစကနေpaint ပြန်ဖွင့်(ကွန်ပျုတာတွေနီးစပ်ရာသင်ပေး
   ရင်းရလာတဲဗဟုသုတက..Right Click နှိပ်ဆို နား၇ှင်းအောင် လက်
   ခလယ်ကလစ် လက်ညိုးကလစ်နဲ့ ပိတ်ဆိုရင်လည်းကြက်ခြေခတ်နဲ့ 
   လား..အနုတ်ကလေးနဲ့ လားဆိုတဲ့သူကပါသေးတယ်တချို့ ကတော့
၎။ ဒါကတော့Paint ပွင့်လာရင်Edit ကနေ Paste နဲ့ ချလိုက်အဲဆိုရပြီ
၅။ပြီးရင် File ကနေ Save as နေSave လိုက်File type ကတော့
   JPEGမှSaveနော်...PNG လည်းရပါတယ်..JPEG ကပိုပြီး KB
   နဲမယ်ထင်လို့ ..အဲဆိုအဆင်ပြေကြမှာပါ( ဖတ်နေရင်းမပြုံးရ)
စဉ်းစားမှုမပါဘဲ သင်ယူသော ပညာသည် အချည်းနှီးဖြစ်၍ ၊ ပညာမရှိဘဲ စဉ်းစားခြင်းကား အလွန် အန္တရာယ်ကြီးပေသည်။ (ကွန်ဖြူးရှပ်)
ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ
ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here