Showing posts with label Zawgyi Font ပြဿနာဖြေရှင်းရန်. Show all posts
Showing posts with label Zawgyi Font ပြဿနာဖြေရှင်းရန်. Show all posts
Monday, July 11, 2016
Viber For PC (ကွန်ပြုတာမှ Viber ကို မြန်မာလို ကောင်းစွာ မြင်နိုင်ပါပြီ 100% Working )
ဒီနောက်ပိုင်း ကွန်ပျူတာအတွက် Viber Update တွေက မြန်မာစာအခက်ခဲရှိနေပါတယ်။ ဒါကြောင့် သူငယ်ချင်း တော်တော်များများ မြန်မာစာ ပြဿနာ တတ်နေကြလို့ ဒါလေးကို တင်ပေးလိုက်တာပါ။ အခု တင်ပေး လိုက်တဲ့ Viber က Portable Version ဖြစ်ပါတယ်။ Window 8.1 တွေသာမက Window အားလုံး နီးပါး အသုံးပြုလို့ရပါတယ်။ လက်ရှိကျနော်သုံးနေတာလေးပါ။
အားလုံး အဆင်ပြေကြလိမ့်မယ် လို့ ၊မျှော်လင့် ပါတယ်။ အောက်မှာ မြန်မာစာပေါ်အောင် Install လုပ်နည်းတွေ ၊သေခြာ ပြထားပေး ပါမယ်။ Viber မြန်မာစာပေါ်ဖို့က arial zawgyi.ttf ကို အရင် ဆုံး Install ရပါမယ်။ ပြီးရင် arial zawgyi.ttf ကို  Install နည်းကို အောက်မှာ ပုံ နှင့်ပြ ထားပေးပါတယ်။ Install ရင် ပုံကို ကြည့်လိုက်ပါ။
တခုတော့ ရှိပါတယ်။ Window XP မှာက Install မရပါဘူး။ Control Panel ထဲဝင် Fonts Foloder ထဲဝင်ပြီးတော့ arial zawgyi.ttf ကို Copy and Paste ချလိုက်ပါ။ အဆင်ပြေပါလိမ့်မယ်။  ပြီးတော့ ကွန်ပျူတာမှ Viber ကိုလူတိုင်း Install တတ်မယ်ထင်ပါတယ်။ Viber For PC ကထွက်လာတာကြာပြီဖြစ်လို့ ကျနော်နည်း မရေးတော့ဘူးနော်။ 
Viber ကို Install ပြီး ဖုန်းနံပါတ်ထည့်ပြီး ကွန်ပျူတာကို Restart ချလိုက်ပါ။ ပြန်ပွင့်လာရင် မြန်မာစာကို ၊ကောင်းစွာမြင် ရပါပြီ။ တခုရှိတာက PC Viber တွေက Contact တွေမှာတော့ မြန်မာလိုမပေါ်ဘူးနော်.။ ချက်ဘောက် ပဲရပါ တယ်။ နောက် တခုကတော့ Update မလုပ်မိပါစေနှင့်။ အောက်ကလင့် မှာဒေါင်း နိုင်ပါပြီဗျာ။
Download Viber For PC 
Link 1  (or)  Link 2
အားလုံးအဆင်ပြေပါစေ.......။
Computer ထဲမှာဖိုင်နာမည်တွေမြန်မာလိုပေးရအောင်လုပ်နည်းနဲ့  အတုံးပေါ်လာရင် ပြန်လုပ်နည်း
Desktop ပေါ်မှာ Right Click ထောက်ပြီး Personalize ကိုဝင်ပါ
Window Color ထဲဆက်ဝင်ပြီး Advanced Appearance setting ၀င်ပါ
Desktop ကို Icon ပြောင်း Font ကို Zawgyi ပြောင်းလိုက်ရင် ရပါပြီ
အောက်ကပုံအတိုင်း ဖြစ်အောင် ပြောင်းလိုက်ရင် အဆင်ပြေပါပြီ
Friday, September 4, 2015
ကွန်ပျုတာမှာ မြန်မာစာထည့်တာနဲ့  ပတ်သက်ပြီး ဒီဟာလေးသာ ယူထားလိုက်
ဇော်ဂျီမြန်မာဖောင့်ကို   ကွန်ပျုတာအသစ်မှာ  ထည့်လိုက်ရင်  အဆင်ပြေ ကြတဲ့သူ
ရှိသလို အဆင်မပြေတဲ့ သူတွေလည်း  အတော်များများ  ရှိနေပါသေးတယ် ဘာလို့ 
လည်းဆိုတော့  ဟိုဘက်က ရိုက်တာမြင်နေရပြီး  ဒီဘက်က စာပြန်ရိုက်လို့ မရဘူး 
အတုံးလေးတွေပဲ ပေါ်တယ် အဲ့ဆို Key Board layout မရှိတာ နဲ့  အဖြစ်နိုင်ဆုံးက
တော့ Lenguage bar မပေါ်ဘူးလို့  ထင်ရပါတယ် ကွန်ပျုတာ ညာဘက်ထောင့်နာ
ရီပေါ်တဲ့ဘက်မှာပါ အဲ့ပြဿနာ က မြန်မာဖောင့်အင်စတောလုပ်ပြီး Restart ပြန်မ
လုပ်လို့  ဖြစ်သွားတယ်လို့ ယူဆရပါတယ်  အကယ်၍ lenguage bar မပေါ်လာဘူး
ဆိုရင်လည်းControl Pannel = Region and Lenguage ကနေ ပြန်ထည့်လို့ ရပါ
တယ် တစ်ခါတလေမှာလည်း  ရေးလိုက်ရင်  ဒီဘက်မှာမြင်နေရပြီး  နှိပ်လိုက်ရင် 
အတုံးလေးတွေပြောင်း  သွားခဲ့တာမျိုးလည်း ကြုံဖူးပါတယ် အဲ့တော့ မြန်မာစာ
ထည့်တာနဲ့  ပတ်သက်ပြီး ဘာမှ စိတ်မပူနေနဲ့ တော့ ဒီဟာလေးကိုသာ ယူထား
လိုက် Miscrosoft Window ဆိုရင် System 32 ပဲဖြစ်ဖြစ် System 64 ပဲဖြစ်ဖြစ် 
ရပါတယ် Apple mac ကွန်ပျုတာတွေမှာတော့ မသိဘူးပေါ့ သိပ်လည်းမကိုင်
တတ်ဘူး အလုပ်ထဲမှာကလည်း ဒီဇိုင်းခန်းမှာ Scan ဖတ်ဖို့ လောက်ပဲ သုံးဖူးတယ် 
Keyboard ကအစ မတူတော့ ကိုင်ရတာတမျိုးကြီးပဲ..မသုံးတတ်တာလည်းပါတယ်
လစာတော့ မကောင်းဘူး အလုပ်တော့ ကောင်းတယ် အဲ့လို..အဲ့လိုဗျို့  မသိသေး
တာတွေ အတော်များနေတာ သင်ယူဖို့  ကျန်နေတာတွေ  တစ်ပုံကြီးရှိသေးတယ်
နိုင်ငံခြားမှာနေ သူများလည်း ကြုံရပါတယ် အပြင်ဆိုင်မှာ  သွားသုံးရင်  မြန်မာစာ
မမြင်ရလို့  USB Stick လေးထဲကို  ဒီဟာလေးသာ ထည့်သွား အင်စတောလုပ်ပြီး 
Restart ပြန်ချလိုက်တာနဲ့ အဆင်ပြေသွားမှာပါ မြန်မာစာနဲ့ ပတ်သက်လို့ ကတော့ 
ဒီဟာလေးကိုသာယူထားဗျို့  သူထက်ကောင်းတာတောင် သူ့ လောက် မကောင်း
ဒီမှာ Download ယူပါ  Zawgyi Myanmar Font For All 
Saturday, August 29, 2015
ကွန်ပျုတာမှာ ဖုန်းတစ်လုံးကဲ့သို့ အသုံးဝင်တဲ့ Bluestack ဆော့ဝဲလေးမှာ Root လုပ်ပြီး မြန်မာစာ ထည့်သွင်းနည်း
Root ပီးမှာ မြန်မာစာထည့်တာမလို့  တခြား Root တဲ့ဆော့ဝဲတွေနဲ့ လည်း စမ်းပါ
ကျနော်ကတော့ အခုနည်းနဲ့ အဆင်ပြေသွားတာမလို့  ဆော့ဝဲလေးနဲ့ လုပ်နည်းကို
ပြန်လည်ဖောက်သည်ချလိုက်ပါတယ် လုပ်နည်းကတော့ မခက်ပါဘူး
Download ရတဲ့ဖိုင်မှာ BlueStacks MultiTool v1.06r1 ဆိုတာကို Runလိုက်ပါ
ပုံမှာပြထားသလို လုပ်ပါ ။ ပြီးရင်မြန်မာစာထည့်လို့ ရပါတယ် Font Changerသုံး
ဒါဆိုရင် မြန်မာစာ ကောင်းစွာမြင်နိုင်ပါပြီ ။ 
Download - Root and Zawgyi(www.zwmnna.com).rar
မူရင်းလင့်ကယူချင်ရင် - http://forum.xda-developers.com
Monday, July 14, 2014
Window 8 မြန်မာဖောင့်ထည့်လို့ ရပြီး ၊ လက်ကွက် မရဘူးဆိုရင်လုပ်နည်း
Window 8 သမားတွေအတွက် မြန်မာစာ ပြဿနာ
ပထမဆုံးတော့ Zawgyi Blogday ဖောင့်ကို  Download ယူအင်စတောလုပ်ပါ
အင်စတောလုပ်ပြီး Restart ချ ဖတ်မရ ရေးမရ အဆင်မပြေရင် တစ်ဆင့်ချင်းလုပ်
Control Panel ကိုသွား
Language ဆိုတာကို နှိပ်
Advance Setting ထဲကိုဝင်
ဒုတိယမြောက်နေရာမှာ Default input method မှာ Zawgyi ထားလိုက်
မြန်မာစာမြင်ရပီး စာရိုက်မရတာ ကီးဘုတ်မပေါ်တာဆိုရင်
ပုံမှာပြထားတဲ့အတိုင်း Option ကနေ အမှန်ချစ်ပေး OK လုပ်လိုက်ပါ
Window 8- Window 7 64 bit ကွန်ပျုတာအတွက် သီးသန့် ကီးဘုတ်ထည့်
32 bit တွေမှာ ပြဿနာမရှိပေမယ့် 64 မှာ မြန်မာစာ အတုံးဖြစ်တာတွေ
ကီးဘုတ်မပေါ်လို့  စာဖတ်ရပြီး မြန်မာစာရိုက်မရတာတွေအတွက်တော့
အောက်က ကီးဘုတ်ယူသုံးပါ အဆင်မပြေသူများ စမ်းကြည့်လိုက်ပါ
ဒီမှာ Download ယူပါ - Zawgyi-keyboard-for windows 8,7, 64bit
ဒီမှာ Download ယူပါ -Zawgyi Blog Day Font and Keyboard window 8
ဒီမှာ Download ယူပါ -www.zippyshare.com/Zawgyi Blog Day Font 
မြန်မာစာနဲ့ ပတ်သက်ရင် အောက်ကလင့်ကို နှိပ်ဖတ်လိုက်ပါ
Tuesday, April 29, 2014
မြန်မာစာ အတုံးလေးတွေ ပေါ်တဲ့ ပြဿနာ မတက်အောင် ဒါလေးယူထားရင် အဆင်ပြေပါလိမ့်မယ်
ဒီဟာလေးကတော့ ဘယ်မှာပဲဖြစ်ဖြစ် ပြဿနာမရှိပါဘူး အင်စတောလုပ်ပြီးရင်လည်း
Restart ပြန်ချစရာ မလိုပါဘူး အခုတလော ကွန်ပျုတာတွေ ၀င်းဒိုးပြန်တင်ပေးရင်းနဲ့ 
64 bit နဲ့ 32 bit နှစ်ခုလုံးမှာ အဆင်ပြေပါတယ် အတုံးတွေလည်း မပေါ်ဘူး မြင်ရပြီး
ရေးမရတာလည်း မဖြစ်ပါ ။ ရေးရပြီး ပို့ လိုက်ရင် အတုံးလေး ပေါ်တာလည်း မဖြစ်ပါ
အားလုံး အဆင်ပြေပါတယ် လုပ်နည်းလွယ်လို့  ပြဿနာတက်ခဲ့ရင် စမ်းကြည့်......။
ဒီမှာ Download ယူပါ -www.zippyshare.com/Zawgyi Blog Day Font
.
Mozilaf Firefox ( မော်ဇီလာ) မှာ ၀က်ဆိုဒ်လိပ်စာတွေနဲ့  မြန်မာလိုမမြင်ရပဲ..အပြည်အစုံမပေါ်ရင် ပြောင်းနည်း
ဒီနည်းက ဖြစ်တော့ မဖြစ်ဖူးပါဘူး ။သူများတွေ မေးမြန်းလာတာတော့ မော်ဇီလာကို
Update လုပ်ရင် ဖြစ်လာတယ်ပြောတာပဲ ။ ပြန်ပြင်နည်းကတော့ လွယ်လွယ်လေးပါ
Tools = Option - Contant ကနေ သွားပြင်ရတာ ပုံမှာတော့ ပြထားပါတယ် အဲ့ကနေ
အများကြီး ထပ်လုပ်လို့ ရသေးတယ် ။လမ်းကြောင်းကို ပြထားတာ တချို့ Tools ကို
မပေါ်တာ ရှိတယ် ။အဲ့လိုအခါမှာ အပေါ်က ဆိုဒ်လိပ်စာဘေးကိုR-click ထောက်ပြီး
Menu bar ကို အမှန်ချစ်လိုက်ရင် Tools ပေါ်လာတယ် အဲ့တော့လိုအပ်တဲ့သူတွေကို
လမ်းညွှန်ဖို့ အတွက် တင်လိုက်ပါတယ်......လိုအပ်ရင် လေ့လာကြည့်လိုက်ပါ........။
.
ကွန်ပျူတာမှာ မြန်မာဖောင့် ပြဿနာတက်သူများအတွက် ဒီနည်းကိုသာသုံးပါ ၉၉% အဆင်ပြေတယ်
မြန်မာဖောင့် ပြဿနာတက်သူတိုင်း ဒီဖောင့်လေးကို သုံးကြည့်စေချင်ပါတယ်
လူအတော်များများ ဖြစ်တာတွေ့ တယ် ရေးလို့ ရပြီး Enter နှိပ်လိုက်တဲ့အခါမှာ
လေးထောင့်ကွက်တွေ  ဖြစ်ဖြစ်နေတာ..။ တချို့ ကတော့ ပြောင်းပြန်ဖြစ်တယ်
ဝက်ဆိုဒ်ဖွင့်ရင် ၀က်ဆိုဒ်နာမည် အမှန်မပေါ်တာ ပါဠိစာလို့ ပေါ်နေတာတွေနဲ့ 
ရေးရင် လေးထောင့်ကွက် ၊  နှိပ်လိုက်မှစာပေါ်တယ်ဆိုတော့ ဒီဖောင့်လေးကို
သုံးကြည့်စေချင်တယ်။ ကဲ....အဆင်မပြေတဲ့သူတွေ ဆွဲသုံးကြည့်စေဖို့ ........။
ဒီမှာ Download ယူပါ -www.zippyshare.com/Zawgyi Blog Day Font
မသုံးခင် ဖတ်ကြည့်ပါ - http://www.alpha.com.mm/blogday/index.html
.
ကွန်ပျုတာရှိရင် ကွန်ပျုတာသုံးရင် ဒီဟာလေးကိုတော့ သိထားသင့်ပါတယ်
ဘာလို့ ဒီလိုရေးလည်းဆိုတော့ အသုံးတည့်တယ် တတ်ထားသင့်တယ်လို့ ထင်တယ်
မြန်မာစာရေးမရဘူးလို့ ပြောလာတဲ့သူတွေမှာလည်း ဒီပြဿနာလေးကို တွေ့ ရလို့ ပါ
အဲ့မှာ Lenguage Bar လေး   ပျောက်သွားတဲ့လူတွေ ပြန်ဖော်ဖို့  နည်းလေးတွေရယ်
တခြား  ဘာသာစကား တစ်ခုခု  ပြောင်းရိုက်မယ်ဆို  ဒီစနစ်ကို မဖြစ်မနေ သုံးရမှာပါ
အခုလောလောဆယ် မြန်မာလိုရိုက်မယ် အင်္ဂလိပ်လိုရိုက်မယ် အဲ့ဆိုရင် Ctrl + Shift
မြန်မာလိုပဲ ရိုက်ရတယ် ၊ အင်္ဂလိပ်လိုရေးမရ၊ ပြောင်းမရဖြစ်တတ်တယ် ။အလားတူပဲ
အင်္ဂလိပ်လိုရေးလို့ ရပြီး  မြန်မာလိုရေးမရတာ ဖြစ်သွားတတ်ပါတယ် ။  အဲ့လိုအခါမှာ
မြန်မာစာကို   ပြန်ထည့်ပေးရပါမယ် ။ ထည့်နည်းကတော့ Control Pennl  ထဲကနေ
Regional Lenguage Option ဆိုတဲ့ setting ကို သုံးရပါမယ် ။ Window မှာဆိုရင်
Control Pennel =Regional and lenguages =Change Key boardကို တဆင့်စီ
နှိပ်ပါ လွယ်ပါတယ် ။ Window  XP ကိုပြောရရင်.Control Pennel => Regionnal
and Lenguage Option => Lenguages => Details => Add =>   ကနေပြီးမှ
Keyboard Layout /IME ကို အမှန်ချစ်ပြီး  လိုချင်တဲ့   ဘာသာစကားကို ရွေးထည့်
မြန်မာစာ  ပျောက်သွားတဲ့သူက  Alpha Zawgyi Keyboard  ကိုပြန်ထည့်ရပါတယ်
အဲ့မှာ  မြန်မာလိုပဲ  ရေးရပြီး  Ctrl + Shift နှိပ်လည်း  အင်္ဂလိပ်လိုေ ရးမရတော့ရင်
US ကို ပြန်ရှာထည့်ပါ ။ နောက်တစ်ခုကတော့  ကိုယ်က  တရုပ်လို  ဂျပန်လိုရေးရင်
ဂျပန်စာ  တရုပ်စာကိုထည့်ပါ ။  ဥပမာ ရုရှားလိုရေးချင်ရင်  ရုရှားထည့်  အင်စတော
လုပ်စရာမလိုပဲ  မူလ၀င်းဒိုးမှာ ပါလာပြီးသား  ဘာသာစကား အများကြီးပါ ။  မြန်မာ
ဘာသာစကားကို  ရေးချင်လို့   ထပ်ပီးထည့်ရတာပါ ။  အင်စတော  ထပ်ထည့်စရာ
မလိုတဲ့  ဘာသာတွေကိုလည်း  ကိုယ်တိုင်လေ့လာကြည့်လိုက်ပါ သဘောတရားကို
နားလည်ထားနေရင် အခြားဘာသာ စကားတွေလည်း  ကိုယ်တိုင် ထည့်တတ်မှာပါ
နောက်နားက ဒီမှာ နီပေါတွေ ပညာကိုသင်ပေးတော့ သူတို့ ဘာသာလိုရေးချင်တာ
ထည့်ပေးဖူးတာနဲ့   တခြားဘာသာတွေလည်း  သုံးချင်ရင် ရေးချင်ရင်ဒီလိုပဲ လုပ်ဖို့ 
ဆိုတာကို သိစေချင်တာပါ ။ ပြီးတော့ အကြောင်းအမျိုးမျိုးကြောင့် Lenguage bar
ပျောက်သွားတဲ့  သူတွေကလည်း  အပေါ်က  setting အတိုင်းပါပဲ ။  ပုံကိုကြည့်ပါ
စောစော  ဘသာစကားထပ်ထည့်တာ မလို့  Add  ကနေသွားတာ အဲ့မှာ မလိုအပ်
ရင်  ကိုယ်မလိုတဲ့  ဘာသာစကားကို Remove နဲ့ ထည့်ပါ ပြဿနာလေးတစ်ခုကို
ပြောပြရရင် ကျနော်တို့ နားက  စက်ရုံတစ်ရုံရဲ့  သူဌေးဆီမှာ ကွန်ပျုတာတစ်လုံးကို
ပြဿနာတက်နေတာ  အင်္ဂလိပ်လို ရေးမရတာ  ကီးဘုတ်မှာ T ကို နှိပ်ရင် Tမလာ
ပဲ  အီတလီ  ဘာသာစကားတစ်ခု ၀င်နေတာ တွေ့ တယ် ပြန်မဖြုတ်တတ်တာရယ်
ကြောင့်ပြင်ဆိုင်ပို့ ရမဲ့   အခြေနေမှာ  မြန်မာသူငယ်ချင်း  အကူညီနဲ့ လာပြင်ပေးဖို့ 
ဆက်သွယ်လာပါတယ် ။ ပြင်ဆင်ခကို  ကြားပွဲစားက  မလေးရှားငွေ 50 ပေးဖို့ လဲ
သဘောတူကြတယ်ပေါ့ဗျာ ။ သူက   ကျနော့ဆိုဒ်ကို  ဒိုမိန်းဝယ်ပေးထားတဲ့သူပါပဲ
ဒီလိုနဲ့   Sunday မှာ  ပြင်ပေးဖို့ သဘောတူလိုက်တယ် ။လာခေါ်တယ် ပြန်ပို့ တယ်
ကြွေးတယ်  ပေါဗျာ ။ 50 ရတယ်ပေါ့ဗျာ ကျနော်တို့ စက်ရုံမှာ မနက်၈နာရီကနေပြီး
ည8နာရီအထိ  12နာရီလုပ်မှ  50ပဲရပါတယ် ။ အခု 15မိနစ်မကြာဘူး  ပြင်တာက
ဒါပေမယ့် ပညာဆိုတာလွယ်လွယ်ပေးရင်  တေးဖြစ်ဆို တဲ့ စကားပုံရှိနေလေတော့
ကျနော်သွား ကြည့်တယ်  စာရေးမက ဒီလိုဒီလို ပြောတယ် ။  ပြဿနာတက်တယ်
ဘာညာပေါ့ ။  ရေးမရတဲ့  ပြဿနာကိုတာ့  Lenguage bar  ထောက်ကြည့်လိုက်
သိလိုက်ပါပြီ ။ US လို့ ခေါ်တဲ့   အင်္ဂလိပ်ဖောင့်   ပျောက်နေတယ် ။ လုပ်လိုက်ရင်
15မိနစ်မကြာဘူး  သိပေမယ့်  အနည်းငယ်  စက်ကိုရှင်းလိုက်ပါတယ် ။ မြန်အောင်
သွက်အောင်လုပ်တယ် ။ ပြီးမှ  အထဲမှာရောက်နေတဲ့ အီတလီ ဘာသာကို ဖြုတ်ပီး
US  ဖောင့်ထည့်လိုက်တယ် ။ အဆင်ပြေသွားပါတယ်။  ဒီနေရာမှာ   ပုံလေးတစ်ခု
ဖတ်မိပါတယ် ။ သမီးစံ မျှဝေတာပါ ။ လူတစ်ယောက်က  ကားပျက်နေလို့ ကားပြင်
ဆိုင်ကို  ဖုန်းခေါ်ပီး  လာပြင်ခိုင်းလိုက်တယ်။  ပြင်တဲ့ဝပ်ရှော့ဆရာက   ဖွင့်ပြီးတော့
ကားကို  ဟိုခေါက်  ဒီခေါက်  လိုက်လုပ်တယ် ။ ပီးတော့ ကောင်းသွားတယ်ပေါ့ဗျာ
ကားပြင်ဆင်ခကိုေ ဒ်ါလာ100 လို့ ပြောတော့  ကားသမားက  တင်းသွားပြီးတော့
ခင်းဗျားဗျာ ..ဟိုခေါက်ဒီခေါက်လေးနဲ့  ဒေါ်လာ 100 ယူရသလား.. စလစ်ရေးပေး
ဝပ်ရှော့  ပိုင်ရှင်ဆီတိုင်မယ်  ဆိုတော့  ကားပြင်ဆရာက   ဒီလိုရေးပေးလိုက်တယ်
ဟိုခေါက်သည်ခေါက်ခ  1ဒေါ်လာ  ဘယ်နေရာကို  ခေါက်ရမယ်သိတဲ့  ပညာခက
99ဒေါ်လာတဲ့  ။ စာပေဟောပြောပွဲတစ်ခုမှာ  ပညာရဲ့အရေးပါပုံကို  ပြောဟောတာ
ဖေ့ဘွတ်မှာ  ဟိုနေ့ တွေ့ လို  လမ်းကြုံထည့်ရေးလိုက်တာ  ဆိုလိုချင်တာကတော့
ဒီပုံပြင်လးကို ဆိုဒ်ထဲမှာ   စာလာဖတ်သူတွေကို  ပညာလေးက  သေးပေမယ့်လည်း
သိထား တတ်ထားသင့်တာကို ပြောချင်တာပါ ။ အဲ့တော့  လုပ်ကြည့်ပါ အဆင်မပြေ
လိုအပ်သည်ရှိသော်  အီးမေးပို့ လိုက်ပါ ။ ကျနော် နားလည်းသလောက် ကူညီပါ့မယ်
အချိန်ရသလောက်ပေါ့ ။ ချက်တင်မှာ မမေးစေချင်တာက မသိလိုက် မဖြေလိုက်တာ
ရှိပါတယ် အကောင့်ကတော့ ဖွင့်ထားတယ်။စာတွေလည်းရောက်နေတယ် အလုပ်က
သူဌေးလာလို့  ပိတ်လိုက်တယ်ဆိုရင် ပို့ ထားတဲ့စာတွေမဖတ်ဖြစ် ပြန်ရှာမရတာတွေ
ဖြစ်ပါတယ် ။ ပြီးတော့ ပြန်ရှာရခက်ပါတယ်။ဒါကြောင့် မေးထဲကိုပဲ ပို့ ပေးစေချင်တာ
အီးမေးဆိုရင် ဖတ်ဖြစ်တယ်။စာပြန်တယ် မသိသေးတာ ရှာမတွေ့ သေးတာကိုတော့
မပြန်ဖြစ်ပါဘူး ။ ကဲစာလည်းရှည်ပါပြီ ။ ဆဲမှာလည်းစိုးရသေး လမ်းကြုံလို ၀င်ဖတ်မိ
ကြည့်မိသည်ရှိသော်  ဘယ်နိုင်ငံသွားသွား မြန်မာဖောင့်ကို  ထည့်တတ်  ရေးတတ်
ဘယ်လူမျိုး  ဘယ်နိုင်ငံ  သူငယ်ချင်းက  အကူညီတောင်းတောင်း  ထည့်ပေးတတ်
ပြုပြင်ပေးတတ်ရင်  ပညာတစ်ခု တိုးတာပါပဲ ။ ရုံးတွေမှာ  လုပ်နေကြပီးတော့လည်း
Excel နဲ့  Work ကလွဲပြီး  ဘာမှကိုမသိတဲ့ စာရေးမ  ရုံးလုပ်သမားတွေ အများကြီး
ရှိနေသေးတယ် ။  ပြီးတော့ XP ကို  အခြေခံ ရှင်းပြတာကလည်း  Xp ကို လုံးဝကြီး
မပစ်ပယ်နိုင်သေးပါဘူး  Window 7 ရဲ့  System Requirement  က   2GB ပါလို့ 
ဆိုထားပါတယ် ။ အဲ့တော့ ရုံးတွေမှာကတော့ အဲ့လောက်မမြင့်တာတွေ အများကြီး
ရှိနေပါတယ်။  စက်တွေကလည်း Excel နဲ့  Word ပဲသုံးမှာဆိုတော့  တအားမမြင့်
အကောင်းစားတွေလည်း မဟုတ်ပါဘူး တခါတလေ ကျနော်မြန်မာဖောင့်ထည့်လို့ 
သူတို့ အလုပ်လုပ်နေရင်း  Ctrl+shift  နှိပ်မိလို့   အတုံးလေးတွေ  ပေါ်လာတော့
မလုပ်တတ်  မကိုင်တတ်  ဖြစ်သွားပြီး Restart ပြန်ချလိုက်ရတာတွေ   ရှိပါတယ်
နောက်ပြီး အခုကိုယ်က  ဒီနည်းလေးကို  နားလည်နေလို့    တခြားတယောက်ရဲ့
ကွန်ပျုတာကိုသွားပြီး  အီတလီ ဘာသာထည့်ပေးပီး  သိမသိ စမ်းကြည့်လိုက်ပါ
ကျနော်လည်း အခုဆရာဝန်တွေလိုပဲ အခေါင်းထဲရောက်သွားတဲ့ လူနာကိုတော့
ထည့်မပြောဘူး ပြင်လို့ ကောင်းတာပဲ နမူနပြတာ ပျက်သွားတာတွေ ပြင်မရတာ
တွေလည်း ကြုံရပါတယ် ပိုက်ဆံတစ်ကျပ်မှမရပဲ စားပီးသောက်ပီး ခြေသလုံးကြီး
ခရီးစဉ်တွေလည်း အများကြီးပါ ကဲ....ကြိုက်ရင် လေ့လာပေတော့................။
.
Monday, January 13, 2014
MMSD Smart Zawgyi v1.5 (Android version 1.6 မှ 4.2.2 အထိ မြန်မာစာမှန်တဲ့ ZawGyi Font Changer ဆော့ဝဲလ်လေး ဖြစ်ပါတယ်)
ဒီနေ့တင်ပေးလိုက်တဲ့ MMSD Smart Zawgyi လေးကတော့ Android ဖုန်းတွေ မြန်မာဖောင့် သွင်းလို့ ရတဲ့ Font Changer လေးဖြစ်ပါတယ်။ ကိုယ် မြန်မာဖောင့် ထည့်ချင်တဲ့ ဖုန်းက Root Acees! ဖြစ် ဖို့လိုအပ် ပါတယ်။ MMSD Smart Zawgyi ကို အသုံးပြုနိုင်တဲ့ ဖုန်းအမျိုးစားတွေကတော့ Root Access ဖြစ်ပြီးသား Huawei, HTC, Sony, Samsung အစရှိတဲ့ ဖုန်းတွေမှာ သုံးလို့ရပါတယ်။
Andriod Version 1.6 အထက် မှ 4.2.2 အထိ အသုံးပြုနိုင်မှာပါ။ Android Version 4.2.2 တွေမှာ မြန်မာ စာ မမှန်တဲ့ သူငယ်ချင်းတွေ MMSD Smart Zawgyi Font Changer လေး စမ်းသုံးကြည့်ပါ။ ဒီဆော့ဝဲလ် လေးမှ မြန်မာစာမမှန်ရင် တခြား Font Changer တွေလည်း မြန်မာစာ မမှန်နိုင်တော့ပါဘူး။ သူငယ်ချင်းတချို့ က မြန်မာစာမမှန်လို့ တောင်းထားတာနဲ့ ဒီကောင်လေး တင်ပေးလိုက်တာပါ။
စိတ်စင်စားရင် အောက်ကလင့်မှာဒေါင်းယူနိုင်ပါပြီ။
MMSD Smart Zawgyi v1.5's Base Smart Zawgyi Pro
It Support Fixing G610S,Y320C & Y511 & G730
Need Root Acees!.
Support Devices - Huawei,HTC,Sony,Samsung
Support Version - Android version 1.6 To 4.2.2
Download MMSD Smart Zawgyi
App Screenshots
MMSD Smart Zawgyi - screenshot thumbnailMMSD Smart Zawgyi - screenshot thumbnailMMSD Smart Zawgyi - screenshot thumbnailMMSD Smart Zawgyi - screenshot thumbnail
အားလုံးအဆင်ပြေပါစေ...။ 
ဇော်မင်းသန်း
Friday, November 15, 2013
ကွန်ပြူတာ Dasktop နဲ့ Folder Icon တွေမှာ မြန်မာလို မပေါ် တဲ့ သူများ ဒီနည်းလေးကို ကြည့်လိုက်ပါ။
ပုံမှာ ပြထားတဲ့ အတိုင်း မြန်မာလိုရေးထားတဲ့ Icon က စာတွေ က မြန်မာလိုမပေါ်ပဲ အတုံးတွေ  ပေါ်နေ တဲ့ သူငယ်ချင်းများအတွက်, ကွန်ပြူတာကို အခုမှ စလေ့လာတဲ့ သူငယ်ချင်းများ မသိသေးတဲ့ သူငယ်ချင်း များ အတွက် ဒီနည်းလေးကို ကျနော်ပြန်လည် ရေးသားပေးလိုက်ပါတယ်။
အထုရေးထားတဲ့ နည်းက Window 7 အတွက်ဖြစ်ပါတယ်။ အောက်မှာ ပုံနှင့်တကွ တဆင့်ချင်း ပြထားပေး ပါတယ်။ မသိသေးသော သူငယ်ချင်းများ ပုံနှင့်စာကို သေခြာကြည့်ပြီး လိုက်လုပ်လိုက်ပါ။ အားလုံး မြန်မာ လို မှန်ကန်စွာ မြင်နိုင်မှာ ဖြစ်ပါတယ်။
အရင်ဆုံး ကွန်ပြူတာ Dasktop နေရာလွတ် တနေရာမှာ Right Click ထောက်လိုက်ပါ။ ပြီးရင် Personalize ကို ၀င်လိုက်ပါ။ အောက်ကပုံကိုကြည့်လိုက်ပါ။
ပြီးရင် Window Colour ကိုဝင်မယ်။ အောက်ကပုံကို ဆက်ကြည့်လိုက်ပါ။
ပြီးရင် Advanced appearance setting ကို ကလစ်မယ်။
ပြီးရင် ဘောက်တခုတတ်လာပါတယ်။ အဲထဲက Item နေရာမှာ Icon ကိုပြောင်းပေးလိုက်ပါ။ ပြောင်းပြီးရင် Font နေရာမှာ Zawgyi-One ကိုပြောင်းပေးလိုက်ပါ။ အောက်ကပုံကိုကြည့်လိုက်ပါ။
ပြီးရင် Apply နဲ့ OK ကို နှိပ်ပြီး Save Change ကို နှိပ်လိုက်ပါ။ အဲတာပြီးရင်တော့ မိမိတို့ ကွန်ပြူတာ Dasktop နဲ့ Folder Icon တွေမှာ မြန်မာလို ကောင့်စွာ မြင်နိုင်ပါပြီ။
ဒီလောက်ဆို အားလုံးအဆင်ပြေမယ်လို့ထင်ပါတယ်။ အခုမှ ကွန်ပြူတာစသုံးတဲ့ သူငယ်ချင်းတော်တော် များများ အတွက် ဒီနည်းလေးကို သိစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ရေးတင်ပေးလိုက်တာပါ။
အားလုံးအဆင်ပြေပါစေ.......။
Thursday, November 14, 2013
Mozlla Firefix မှာ မြန်မာလို အပြည့် မပေါ်တဲ့ သူတွေ ဒီနည်းလေးကို ကြည့်ပေးပါ။
အခုမှစလေ့လာတဲ့ သူငယ်ချင်းတော်တော်များများက ပုံထဲကလို မြန်မာစာ အပြည့် မပေါ်ရင်, ဘယ်လိုလုပ် ရင် မြန်မာစာ အပြည့်ပေါ်မယ်ဆိုတာကို မသိကြပါဘူး။ အားလုံး လည်းအဆင်ပြေ နိုင်အောင် ဒီနည်းလေး ကို ကျနော်ပြန်လည် ရေးသားပေးလိုက်ပါတယ်။
အခု Update ထွက်တဲ့ Mozlla Firefix တွေကတော့ မြန်မာစာ အကုန်မပေါ်တာများပါတယ်။ မသိသေး သူ တော်တော် များများလည်း ဒီအတိုင်း သုံးနေကြပါတယ်။ ကျနော်အောက်မှာ ပုံနှင့် တဆင့်ချင်း ပြ ထားပေး ပါတယ်။ ပုံကိုကြည့်ပြီး သေချာ လေး လိုက်လုပ်ကြည့်လိုက်ပါ။
မြန်မာလိုအားလုံးမြင်ရပါမယ်။ 100 % အာမခံပါတယ်။ အောက်မှာ ပုံကိုသာ ကြည့်ပြီး လိုက် လုပ်ကြည့် လိုက်ပါ။
ဒီလောက် ဆို သူငယ်ချင်းများ ယခုနည်းကို ကောင်းစွာ နားလည်နိုင်မယ် လို့ ယူဆပါတယ်။ အဆင်မပြေသာ တွေရှိရင်လည်း ကျနော့် ၀က်ဆိုဒ် ရဲ့ Cbox မှာ လာရောက် မေးမြန်းနိုင်ပါတယ်။ ကျနော် နားလည်သလောက် ပြန်လည် ဖြေသွားပေးမှာ ဖြစ်ပါတယ်။
အားလုံးအဆင်ပြေပါစေ.......။
ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ
ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here