Showing posts with label MAYKO ရေးတဲ့ ကဗျာများ. Show all posts
Showing posts with label MAYKO ရေးတဲ့ ကဗျာများ. Show all posts

Saturday, July 6, 2013

"အဖြေမဲ့ ပုစ္ဆာ"



# အစကတော .သိပ်ချစ်တယ်ဆို

မြင်မြင်ခြင်းချစ် တွယ်မိတဲ့ မေတ္တာ အခိုင်အမာ ပါဆို

ဘ၀တစ်လျှောက် လက်တွဲ မခွဲမခွာ အမြဲနေပါ့ရစေဆို

အချစ် အကြောင်းတွေ စာစီ မရိုးနိုင်အောင် တေးသီကာ

အက်ကြောင်းတွေ အထပ်ထပ်နဲ. ချစ်ပါတယ် ပြောခဲ့တဲ့ သူ

# ငယ်.. အတိတ် အကြောင်း သိရန်မလို

လက်ရှိချိန်သာ အလေးထားလို. တူနှစ်ကိုယ် အနေနီးဖို. အရေး

အမြန်သာ မြန်းပါရစေ ဆိုခဲ့တဲ့ သူ

# လေထဲမှာ စိတ်ကူးယဉ် အတူနေရင် ဘ၀ကို

ဘယ်လို ဖန်တီးမယ် အခါခါတွေးပြီး ငယ်..ကို အကြိမ်ကြိမ် ပြောခဲ့တဲ့သူ

ပုံပြင်တွေ အထပ်ထပ်ပြော ယုံလွယ်အောင် တဖွဲ.ဖွဲ. ပြောခဲ့တဲ့ ချစ်စကား

ထားခဲ့တဲ့ မေတ္တာ တခဏအတွင်းမှာပဲ ပျောက်ပြတ်ပြီလားးအစ်ကို...

ငယ်..အခါခါတွေးပေမယ်. အဖြေ မသိ ဒီတခန်းရပ် ပြဇာတ်ထဲ

ငယ်..တော့ တ၀ဲလည်လည်ပါပဲ အစ်ကိုရေ....

MAYKO


"ရင်ခွင်မဲ့နှလုံးသား"


သောက ခြေရာ
ရင်ဗလာဖြင့်
ဖြေဆည် မရဝေဒနာကို
အဖန်တရာ ကြိတ်ခံစားရင်း
ကျွမ်းလု မေ အသည်း
ပစ်ခွာ ရှောင်ပြေး
မောင် နှင့်အတူ
မခွဲအတူပါလေသောကြောင့်
ကျန်ရစ် မေ
ရင်ခွင်မဲ့နှလုံးသားဖြင့်
လျှောက်လှမ်းခရီး ဘယ်တွင်ဆုံးမည်နည်းးး
 

MAYKO

"ဖြေပါ...မေ"



# နွေခေါင်ခေါင် ရိုးပြတ်တောမှာ
တကိုယ်တည်း အသုံး မ၀င်တော.တဲ့
စာခြောက်ရုပ်လို အပိုဖြစ်ခဲ့ပြီလားးး မေ...

# အချစ်ကို ငွေ၊ ဘ၀ အခြေအနေ နဲ.များ
ပိုင်းခြား ရွေးချယ်ခဲ့သလားးး မေ...

# အသည်း နှလုံးစုံ ပုံအပ်
ရိုးသားတဲ့ အချစ် တခုပာာ
ငွေရောင်တွေ တောက်နေတဲ့ ဘ၀တွေထဲ
အရောင်မှိန် သထက် ပိုမှိန်ခဲ့လေသလားး မေ...

# သတ်မှတ်ထားတဲ့ မူဘောင်ထဲ
မ၀င်ခဲ့လို.လူရာမသွင်း ချောင် မှာပဲခေါက်ထားခဲ့လေသလားး မေ....

# ဖြေပါ..မေ
အဆုံးမရှိတဲ့ မေးခွန်းတွေ
မေ..မင်း အကျိုးအကြောင်းဆီလျော်အောင် ဖြေပါ
တုန်.ပြန်ဖြေကြား မေ..အဖြေ စကားကို နားစွင့် ကြားလင့်ပါရစေ..မေ..

MAYKO






"တိုးတိုးလေးပဲ"



@ သည်းကြီး မည်းကြီး အငြိုးတကြီး
ရွာနေတဲ့ မိုး ကို ကြည်.ပြီး
အလွမ်းတွေ ဒီရေ လို တရိပ်ရိပ် တက်လာတရ်

@ ပြတင်းပေါက်မှန်နား ရပ်ရင်း မိုးရေတွေ ကြည်.ပြီး
ရင်ထဲမှာ ဆို.နစ်လာတရ်

@ တမိုးအောက်မှာ အတူရှိပေမရ်.
ချစ်ခြင်းမှာ တားမြစ် ကန်.သတ်ချက် တွေ များလွန်းတော့လဲ
ချစ်ရက် နဲ. ဝေးခဲ့ရပြီ လေ

@ တယောက် တနေရာ ကိုယ်ဆီ နေသားကျလို.
ကြာရင် မေ့ သွားမှာပါ ဆိုပေမယ့်
ခုတော့..သည်းနေတဲ့ မိုး ကို ငေးကြည်.ပြီး
တီးတိုးလေးပဲ ရေရွတ်မိတရ်
"အရမ်း..လွမ်းတယ်...ပာာ"

 

MAYKO


နေရစ်ခဲ့တော့



@ ကိုယ့် အတ္တ ထက် ပို အလေးထား

ချစ် ခဲ့ တာ တောင်

ခဏ ခဏ မာနတွေ နင်းခြေရက်တယ်

 

@ ၀ဋ်တရား ကျေရုံ ဖုန်းလေးဆက် နှုတ်ဆက်ရုံနဲ.

ချစ်သူတွေ ပါ ဆိုပြီး ပုံဖော်ချင် နေတာလားး

 

@ နင် အခါခါ လျစ်လျူရှုခဲ့တာတွေ

ငါ အခါခါ သည်းခံခဲ့တာတွေ

အရေအတွက် တွေများလာရင်

အနာဂါတ် ပာာ လှပ မှာ မပာုတ်ဘူး

 

@ ကိုယ် ကြိုက် တာ ကိုယ် လုပ် ဆို ၇င် တော့

နောက် လှည်. မ ကြည့် စ တမ်း

ကိုယ့် လမ်း ကို လျှောက် ကြ တာပေါ့

 

@ ငါ့ သမိုင်း မှာ နင် နဲ. ပတ် သက် တဲ.

အ ပိုင်း ဖြုတ် ပြီး ထား ခဲ့ မှာ မို.

ယောင် လို. တောင် လမ်း မှာ တွေ. ရင်

နှုတ် ခမ်း ထောင့် လေး ကွေး ပြုံး မ ပြ မိ စေ နဲ.

 

MAYKO



*အဆင်ပြေ ပါတယ် ချစ်သူ*



@ ချစ်တတ်ခြင်းမှာ တဖက်ကမ်းခတ်အောင် ငါ..ချစ်ပြခဲ့ပါတရ်..

ရှင်သန်ရာ နှစ်လရက်တွေ နင့်အတွက် စတေးပစ်ခဲ့တာများ

မသိချင်ယောင်ဆောင် ဥပက္ခာ အထပ်ထပ်ပြုခဲ့တရ်.....

@ ငါ..ရင်တွေကွဲ မျက်ရည်တွေချောင်းစီး

ရင်နာစရာတွေ အဖန်တရာတေအောင်ရခဲ့တာတောင်

နင့် အပြုံး တချက်နဲ.ငါ ခြေပစ်ခဲ့တရ်...

@ ငါ့ ရင်ခွင် ပူလောင်တယ် ထင်လို.ထွက်ခွာဖို. ခြေလှမ်းပြင်

ရပါတယ် ထွက်သွားးပါ

ချစ်သူရဲ. အစွန်.ပစ်ခံ ဘ၀မှာ ငါ.. မသေလောက်ပါဘူး

အနာဂတ်မဲ. ဘ၀နဲ. ပျော်ရွှင်စရာ ဆိတ်သုန်း အရုပ်တရုပ်လို

နေထိုင်ရုံကလွဲလို. အရာရာ အဆင်ပြေပါတယ်..ချစ်သူ...

 

MAYKO




Wednesday, July 3, 2013

*နှင်းဆီနီ*



ကျွန်မ နာ မည် နှင်းဆီ နီ
အရောင် နီ ရင့် ရင့်
ရဲရဲတောက် ကြွား လွင့်
အနံ က သင်း ကြူ ကြူ
ရိုး တံ ခပ် တုတ် တုတ်
ဆူး ကတော့ များ သား ပေါ့
တ ပွင့် ပန်း ပေ မယ့်
၆ လက် မ နှင်း ဆီ ရှင့်

ပန်း ခင်း ထဲ ရော ရာ
ပန်း စုံ နဲ.အ တူ ရှိ ပေ မယ်.
ကြည်. လိုက် ရင် 'ထင်း' က နဲ
ပေါ် လွင် တာ ကျွန် မ ပေါ့

 တွေ. သ မျှ လူ တ ကာ ငေး
မွှေး ကြူ ချင် စရာ ကောင်း လွန်း လို.
ကျွန် မ နား လာ ရစ် သီ ရစ် သီ နဲ.

ပွာန်. ..အ တည် မြတ် မြတ်နိုး နိုး မှ မထား နိုင် ရင်
ရှင် တို. တွေ ရှေ. ခြေ တ လှမ်း တောင် တိုး မလာ နဲ. နော်
အ ပျော် အ ပျက် သဘော နဲ. လက် လှမ်း လို.ခူး ခြွေ ရင်
ကျွန် မ ကိုယ် က ဆူး ဘယ် လောက် ထက် လဲ အ ကြောင်း သိသွားမယ်

ချစ် သဒ္ဒါ မိုး စွေ လို. အ မြတ် တ နိုး ခူး ပါ့ ရ စေ
ကမ်း လင့် ခွင့် တောင်း ရင် တော့
နှင်း ဆီ နီ ကျွန် မ ကိုယ် ကို ကိုင်း လို. ညွှတ် ပေး ပါ့ မယ်
ပန် လို က ပန် နမ်း လို က နမ်း
ပန်း ချစ် သူ သ ဘော မ ငြို ငြင် လိုက် လျော ပေး ပါ့ မယ် ရှင်......


MAYKO 


"မီး လိမ္မာပါတယ် မေမေ"



* Online မှာ ပုံမှန် Chat တာ ၂ယောက် ၃ ယောက်
ကြုံ ရင် ကြုံ သလို Chat တာ ၅ ယောက် ၆ယောက်
ကြူ သ လို လို လာ Chat နေ တာ ၃ ၊ ၄ ယောက်

* မီး လိမ္မာပါတယ် မေမေ
ဘယ်သူ မေးမေး single ပဲ ဖြေ တာပါ
ရှိ တယ် ပြော လဲ မယုံ ကြ တော့ မ ထူး ဇာတ် ခင်း
ရိုး သား လိုက်တယ် မီး simple ပါလို.

* မီး လိမ္မာပါတယ် မေမေ
သူ တို. ပို. တဲ့ သီ ချင်း အ ပျင်း ပြေ နားထောင်
ပို. ပေး တဲ့ ပုံ download ဆွဲ လို.
လို အပ် ရင် ကဗျာ မှာ ထည်. သုံး ပါတယ်

* မီး လိမ္မာပါတယ် မေမေ
ဘယ် သူ လာ Chat Chat မပြော ချင် တော. ရင်
စာ ဖတ် နေ တယ် ပိတ် ပြော ပာန် မူ ပို ကာ နေ လိုက် တယ်

* မီး လိမ္မာပါတယ် မေမေ
ကိုယ် ပြော ချင် ရင် လှမ်း ပြောကာ
ပြန် မပြောရင် လိုင်း ပေါ် တက်
အော် ပစ် လိုက် တယ်

* မီး လိမ္မာပါတယ် မေမေ
စိတ် ကူး တည် .ရာ က ဗျာတွေ ရေး
ပေါက် က ရ အတွေး နဲ.
ထင် တာတွေ လဲ လျှောက် ရေး တတ် သေး တယ် မေမေ......

 

MAYKO



ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here