Showing posts with label Phone Battery ပြဿနာ. Show all posts
Showing posts with label Phone Battery ပြဿနာ. Show all posts
Wednesday, July 13, 2016
Android ဖုန်းတွေ အားကြာကြာခံရန်နှင့် ဖုန်းပူတာတွေမဖြစ်အောင်သုံးနည်း
ဆော့ဝဲဖွင့် Sleep Mood ကိုရွေး အားပြည့်မြန်ပြီး ဖုန်းပူတာမဖြစ်ပါ
အသုံးလိုသူများ အောက်ကလင့်မှာ Download ယူသုံးကြည့်လိုက်ပါ
Download - Battery Saver DX+Switch Widget v2.0.5.pro
Android ဖုန်းဘက်ထရီ အကုန်မြန်သူများအတွက် 2ဆတိုးအောင်လုပ်နည်း
ဖုန်းမှာ ဘက်ထရီအကုန်မြန်နေသူများ ဒီဆော့ဝဲလေးကို ထည့်ထားလိုက်ပေတော့
လိုအပ်တာမှန်သမျှ ဒီဆော့ဝဲလေးက ချိန်ဆလုပ်ဆောင်သွားတာ အဆင်ပြေတယ်
အင်တာနက်လိုင်းကို ဖုန်းမသုံးပဲ အိပ်ထဲထည့်လိုက်တာနဲ့  အလိုလျောက် ပိတ်တာ
အဲ့စနစ်လေးက  မြန်မာပြည်က လူတွေ အတွက် ကောင်းတယ် ။  ခဏခဏ ပိတ်ဖို့ 
ဖွင့်ဖို့ မလိုဘူး ဘက်ထရီကို အသုံးပြုမှုကို လိုအပ်သလို ချိန်ဆခွဲဝေပေးနေတာမလို့ 
ဒီဆော့ဝဲမထည့်ခင်နဲ့  ထည့်ပီး နှိုင်းယှဉ်ကြည့် သိသိသာသာ အချိန်ပိုလာလိမ့်မယ်
စမ်းသုံးကြည့်တာ သိသိသာသာ ထူးခြားလာလို့  ပြန်လည် မျှဝေလိုက်ပါတယ်.....။
ပုံစံတူ ဆော့ဝဲတွေကတော့ Playstore မှာ အများကြီး ရှိနေပါသေးတယ်..............။
1. Auto manage 3G/4G/WiFi connection in the background
2. Show battery level and usage in the status bar
3. Efficient & easy to use
ဒီလင့်မှာ Download ယူပါ - 2x Battery Saver ( Mediafire )
ဒီလင့်မှာ Download ယူပါ - 2x Battery Saver ( Zippshare )
ဒီလင့်မှာ Download ယူပါ - 2x Battery Saver ( Market )
ဘက်ထရီလည်းခံ လိုင်းလည်းမြန် ဖုန်းလိုင်းလည်းပိုမိုမိစေတဲ့ All in one ဆော့ဝဲ
Download - All in one booster for Android
Saturday, September 26, 2015
♪ ဖုန်းဘက်ထရီ ပေါက်ကွဲမှုတွေကို ဘယ်လိုကာကွယ်နိုင်မလဲ ♫
စာဖတ်သူအနေနဲ့ ဖုန်းဘက်ထရီ ပေါက်ကွဲလို့ဒဏ်ရာ အနာတရ ရသွားတဲ့ အကြောင်းတွေကို သတင်းစာတို့ Facebook တို့မှာ ဖတ်ဖူးကြမှာပါ။ ယနေ့ခေတ် ထိပ်တန်း ကုမ္ပဏီကြီးတွေရဲ့ ဖုန်းတွေရော အခြားကုမ္ပဏီတွေရဲ့ ဖုန်းတွေရော ပေါက်ကွဲတတ်တာကို သတိပြုမိမှာပါ။ ဒါဆိုရင် စာဖတ်သူတို့ရဲ့ ဖုန်းတွေရော သတိထားသင့်ပြီလား။ ဖုန်းဘက်ထရီ ပေါက်ကွဲမှုများနဲ့ ပတ်သက်ပြီး စာဖတ်သူ တို့ သေသေချာချာ သိရှိနိုင်ဖို့အတွက် အကြောင်းအရင်းများ၊ ဆောင်ရန်ရှောင်ရန်များကို ဖော်ပြပေးလိုက်ပါ တယ်။
ဖုန်းဘက်ထရီတွေဟာ တ ကယ်ပေါက်ကွဲတတ်သလား။
စာဖတ်သူအနေနဲ့ ဖုန်းဘက်ထရီ ပေါက်ကွဲတဲ့ အကြောင်းတွေကို သတင်းတွေမှာ ဖတ်ရပေမယ့် ကိုယ့်မိတ်ဆွေတွေထဲမှာ တစ်ယောက်မှ အဲ့လိုမဖြစ်ဖူးတော့ ဟုတ်မှဟုတ်ရဲ့လားလို့ သံသယဖြစ်မိမှာပါပဲ။ စာဖတ်သူအနေနဲ့ သံသယဖြစ်မယ်ဆိုလည်း ဖြစ်ထိုက်ပါတယ်။ အကြောင်းကတော့ ထုတ်လုပ်သူရဲ့ အမှားကြောင့် ဖုန်းဘက်ထရီတွေ အကြောင်းမရှိဘဲ ပေါက်ကွဲတာဟာ ရှားပါးလို့ပါပဲ။ ဖုန်းဘက်ထရီတွေ ပေါက်ကွဲတတ်တာ အမှန်ပင်ဖြစ်ပေမယ့် အကြောင်းတစ်စုံ တစ်ရာမရှိဘဲ သူ့အလိုလိုပေါက် ကွဲနိုင်ခြေဟာ အပုံ ၁.၈၇၅ သန်းပုံမှ တစ်ပုံပဲ ရှိပါတယ်။ ဒါပေမဲ့ ဈေးပေါတဲ့ ဘက်ထရီတွေသုံးတာ၊ အားအလွန်အကျွံသွင်းတာ (over charging) စတဲ့ အမှားတွေကို သုံးစွဲသူက ပြုလုပ်မိရင်တော့ ဖုန်းဘက်ထရီတွေ ပေါက်ကွဲနိုင်ခြေက ပိုများလာပါတယ်။ ဒါကြောင့်စာ ဖတ်သူအနေနဲ့ မိမိဖုန်းဘက်ထရီကို ဂရုစိုက်ဖို့ လိုအပ်ပါတယ်။
ဖုန်းဘက်ထရီတွေ ဘာကြောင့် ပေါက်ကွဲတာလဲ။
ဖုန်းဘက်ထရီ ပေါက်ကွဲမှုကို ဖြစ်စေတဲ့ ဖြစ်စဉ်တွေ များစွာရှိပါတယ်။ အပူလွန်ကဲမှုတွေဖြစ်ပြီး ပေါက်ကွဲ တာနဲ့ လျှပ်စီးပတ်လမ်းတို (short circuit) ဖြစ်လို့ ပေါက်ကွဲတာကတော့ အတွေ့ရ အများဆုံးပါပဲ။ lithium ion ဘက်ထရီတွေဟာ ဖုန်းတွေ အထူပြိုင်လာကြတော့ တဖြည်းဖြည်း ပိုပိုပါးလွှာလာပါတယ်။ အဲ့ဒီတော့ သူတို့ထဲက အဖိုတိုင် (cathode) နဲ့ အမတိုင် (anode) တို့ဟာ ပိုပိုပြီးနီးလာပါတယ်။ သူတို့ကို အလွန်ပါးလွှာတဲ့ အကာလေးနဲ့သာ ခြားထားတာပါ။ အကြောင်းတစ်ခုခုကြောင့် (ဥပမာ အရှိန်ပြင်းပြင်း လွတ်ကျလို့) အဲ့ဒီအကာလေးပျက်သွားရင် အပူလွန်ကဲမှုတွေဖြစ်ပြီး ဘက်ထရီ ပေါက်ကွဲတတ်ပါတယ်။ စံချိန်စံညွှန်းအတိုင်း မထုတ်လုပ်ထားတဲ့ ဘက်ထရီတွေမှာ ဒီပြဿနာအများဆုံး တွေ့ရတတ်ပါတယ်။
ဒါ့အပြင် ဖုန်းဘက်ထရီတွေမှာ 'thermal runaway' ဆိုတဲ့ ဖြစ်စဉ်တစ်ခုရှိပါတယ်။ အဲ့ဒီဖြစ်စဉ်ရဲ့ သဘောကအကယ်၍ ဘက်ထရီဟာ အပူစွမ်းအင် အပိုတွေရလာရင် အဲ့ဒီအပူတွေဟာ ပိုများတဲ့အပူကို ဖြစ်စေပါတယ်။ အဲ့ဒီအပူကလည်း ပိုပိုများတဲ့အပူကို ထပ်ဖြစ်စေပြန်တယ်။ ဒီလိုအပူတွေ ဆတိုးသွားတာကြောင့် နောက်ဆုံးမှာ အပူလွန်ကဲမှုတွေဖြစ်ပြီး ပေါက်ကွဲတော့တာပါပဲ။ အားအလွန်အကျွံ သွင်းတဲ့အခါမှာ ဒီလို ဖြစ်စဉ်မျိုး ပေါ်ပေါက်တတ်ပါတယ်။ ဒါ့အပြင် လွတ်ကျလို့ဖြစ်ဖြစ်၊ ရေဝင်လို့ဖြစ်ဖြစ် ဖုန်းထဲက လျှပ်စစ်ပတ်လမ်းမှာ short circuit  ဖြစ်နေခဲ့ရင်လည်း အပူလွန်ကဲပြီး ပေါက်ကွဲတတ်ပြန်ပါတယ်။
ဖုန်းဘက်ထရီ ပေါက်ကွဲမှုတွေမဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲ။
(၁)။ Original Manufacturer ကထုတ်တဲ့ ဘက်ထရီကိုသာ သုံးပါ။
ဖုန်းဘက်ထရီပေါက်ကွဲမှု အများစုရဲ့ အဓိကအကြောင်း အရင်းကတော့ original  manufacturer က ထုတ်တဲ့ ဘက်ထရီကို မသုံးလို့ပါဘဲ။ ဈေးပေါတဲ့ ဘက်ထရီတွေဟာ သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းတွေနဲ့အညီ ထုတ်လုပ်ထားခြင်း ရှိမရှိမသေချာပါဘူး။ ဒါကြောင့် စိတ်မချရပါဘူးလို့ ကျွမ်းကျင်သူများက သတိပေးကြပါတယ်။ ဒါကြောင့် စာဖတ်သူအနေနဲ့ ဘက်ထရီဝယ်မယ်ဆိုရင် original manufacturer က ထုတ်တဲ့ ဘက်ထရီကိုသာ ဝယ်သုံးသင့်ပါတယ်။
(၂)။ Original charger နဲ့သာ အားသွင်းပါ။
စမတ်ဖုန်းထုတ်တဲ့ ကုမ္ပဏီအားလုံးက သုံးစွဲသူတွေကို သက်ဆိုင်ရာ original charger ကိုသာသုံးကြဖို့ သတိပေးလေ့ ရှိပါတယ်။ ဒီလိုပြောတာဟာ သူတို့ထုတ်တဲ့ accessory  တွေကို များများရောင်းရအောင်လို့ မဟုတ်ပါဘူး။ Charger တွေရဲ့ output  က တစ်ခုနဲ့တစ်ခု မတူကြပါဘူး။ အဲ့ဒါကြောင့် ဖုန်းတစ်လုံးကို တခြားကုမ္ပဏီက ထုတ်တဲ့ charger နဲ့သွင်းရင် အပူလွန်ကဲတာတွေ ဖြစ်တတ်ပါတယ်။ ကုမ္ပဏီချင်း အတူတူတောင်မှ အမျိုးအစား မတူတဲ့ charger နဲ့ သွင်းမိရင်လည်း ဖြစ်တတ်ပါတယ်။ ဥပမာ iPad charger ရဲ့ output က 2.1 A ရှိပြီး iPhone charger ရဲ့ output  က 1 A ရှိပါတယ်။ တကယ်လို့ iPhone ကို iPad charger နဲ့ အားသွင်းရင် iPhone မှာ အပူချိန်မြင့် တက်လာပြီး မလိုလားအပ်တာတွေ ဖြစ်လာနိုင်ပါတယ်။ Apple ကလည်း ဒီလိုဖြစ်လာနိုင်ကြောင်းကို အတည်ပြုထားပါတယ်။
(၃)။ ဖုန်းအားသွင်းနေချိန်မှာ ဖုန်းကို လေဝင်လေထွက်ကောင်းတဲ့ နေရာမှာ ထားပါ။
စာဖတ်သူအနေနဲ့ အိပ်ယာပေါ်မှာ ဖုန်းကိုအားသွင်းနေရင်း အိပ်ပျော်သွားဖူးပါသလား။ ဒါဆို နောက်မလုပ် မိအောင် သတိထားပါတော့။ အိပ်ပျော်နေတုန်းမှာ ဖုန်းဟာခေါင်းအုံးအောက် စောင်အောက်ကို ရောက် သွားရင် အပူလွန်ကဲမှုတွေ ဖြစ်သွားနိုင်ပါတယ်။ ဖုန်းဘက်ထရီတွေဟာ အားသွင်းနေတဲ့အချိန်မှာ အပူပိုထွက်ပါတယ်။ အဲ့ဒီအပူတွေ အဆမတန် မများလာဖို့အတွက် ဖုန်းကို အားသွင်းနေချိန် မှာ လေဝင်လေထွက် ကောင်းတဲ့နေရာမှာ ထားပေးဖို့လိုပါတယ်။ ဖုန်းအားသွင်းနေချိန်မှာ ဖုန်းကိုတစ်ခုခုနဲ့ အုပ်ထားတာ၊ အပူထုတ်နေတဲ့ ပစ္စည်းတွေ (ဥပမာ - မီးဖို) အနားမှာထားတာ၊ အလွန်ပူနေတဲ့နေရာ (ဥပမာ - နေရောင်တိုက်ရိုက် ကျနေတဲ့ အလုံပိတ်ကား) မှာ ထားတာတွေကို သတိထားပြီး ရှောင်ရပါမယ်။
(၄)။ အားသွင်းနေတုန်း ဖုန်းကိုအလွန်အကျွံ မသုံးပါနဲ့။
Clash of Clans, Candy Crush Saga စတဲ့ အားအရမ်းစားတဲ့ app တွေကို အားသွင်းနေတုန်း သုံးနေတာကလည်း ဘက်ထရီ ပေါက်ကွဲမှုတွေ ဖြစ်စေတတ်ပါတယ်။ Wi-Fi  Tethering လုပ်တာ၊ ဖုန်းလိုင်းမမိတဲ့နေရာမှာ ကွန်ရက်ရှာဖွေနေတာ စတာတွေကိုလည်း မလုပ်မိဖို့ သတိထားရပါမယ်။ ဖုန်းအားသွင်းနေတုန်း ဖုန်းလာရင် အားသွင်းတာရပ်ပြီးမှ ဖုန်းကိုင်ဖို့လည်း သတိထားရပါမယ်။
(၅)။ Overcharging မလုပ်မိအောင် ဂရုစိုက်ပါ။
Overcharging လုပ်တာကြောင့် ဖုန်းဘက်ထရီတွေ ပေါက်ကွဲမှုရှိမရှိ အခုထိငြင်းခုံနေကြ တုန်းပါပဲ။ အချို့ကျွမ်းကျင်သူတွေကတော့ overcharging ဟာ ဘက်ထရီပေါက်ကွဲမှု မဖြစ်စေနိုင်ပါဘူးလို့ အခိုင်အမာ ပြောကြပါတယ်။ အကြောင်းကတော့ အခုခေတ် lithium ဘက်ထရီတွေမှာပါတဲ့ sensor တွေက ဖုန်းအားပြည့်သွားရင် အားသွင်းနေတာကို အလိုအလျောက် ကာကွယ်နိုင်စွမ်း ရှိနေလို့ပါတဲ့။ တချို့ကလည်း overcharge လုပ်တာက အန္တရာယ်များတယ်လို့ ပြောကြပြန်ပါတယ်။ The Digital Media Mom ဆိုတဲ့ ဝက်ဘ်ဆိုက်မှာ ရေးထားတာကတော့ သမာသမတ်အကျဆုံးပါပဲ။ ဘက်ထရီတွေမှာ sensor တွေ fuse တွေ ဘယ်လောက်ထားထား အဲ့ဒါတွေဟာ အပူကြောင့်ဖြစ်ဖြစ်၊ ဖုန်းလွတ်ကျလို့ဖြစ်ဖြစ်၊ စက်ရုံကသေသေချာချာ မလုပ်လို့ဖြစ်ဖြစ် အလွယ်တကူ ပျက်စီးနိုင်ပါတယ်တဲ့။ အဲ့လိုပျက်စီးသွားရင် overcharging ကို ကာကွယ်နိုင်စွမ်း မရှိတော့ဘဲ ဘက်ထရီ အပူလွန်ကဲမှုတွေ ဖြစ်လာနိုင်ပါတယ်တဲ့။ ဒါကြောင့် overcharge မလုပ်တာ အကောင်းဆုံးပါပဲလို့ အဲ့ဒီဝက်ဘ်ဆိုက်က ဆိုထားပါတယ်။ ကျွန်တော့်အနေနဲ့လည်း မိမိဖုန်းကို overcharge မလုပ်မိအောင် သတိထားတာ အကောင်းဆုံးပါပဲလို့ အကြံပေးလိုပါတယ်။
(၆)။ ဖုန်းထဲ ရေဝင်သွားရင် Service Center မှာပြပြီးမှ အသုံးပြုပါ။
ဖုန်းရေစိုသွားရင် ကိုယ့်ဘာသာ ခြောက်သွေ့အောင်လုပ်လိုက်ရင် ပြီးတာပဲလို့ စာဖတ်သူထင်မိမှာပါ။ ဟုတ်ကဲ့။ ကိုယ့်ဘာသာ ခြောက်သွားအောင် လုပ်လို့ရပါတယ်။ ဒါပေမဲ့ တစ်ခုသတိထားရမှာက ဖုန်းထဲမှာ short circuit (လျှပ်စီးပတ်လမ်းတို) တွေ ဖြစ်နေနိုင်တယ်ဆိုတဲ့ အချက်ပါဘဲ။ ဖုန်းအတွင်းထဲမှာ ရေတွေကျန်နေခဲ့ရင် အဲ့လိုဖြစ်တတ်ပါတယ်။ Short circuit တွေဟာ ဖုန်းအပူလွန်ကဲမှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့် ဖုန်းထဲရေဝင်သွားရင် ဆိုင်ပို့လိုက်တာသာ အကောင်းဆုံးပါပဲ။
(၇)။ ဖုန်းလွတ်ကျ သွားပြီးရင်လည်း သတိထားပါ။
ဖြည်းဖြည်းလေး လွတ်ကျသွားရင်တော့ ကိစ္စမရှိပါဘူး။ ဒါပေမဲ့ အမြင့်ကနေ ပြင်းပြင်းထန်ထန် ပြုတ်ကျ ရင်တော့ သတိထားရပါမယ်။ အမြင့်ကြီးကနေကျပေမယ့် ဘာမှမဖြစ်တဲ့အခါလည်း ရှိပါတယ်။ အဲ့လိုအခါမှာ ချက်ချင်းဝမ်းမသာ သွားပါနဲ့ဦး။ ဖုန်းကို နဂိုအတိုင်း သုံးလို့ရနေပေမယ့် ဖုန်းရဲ့အတွင်းအစိတ် အပိုင်းအချို့ ပဲ့သွားကျိုးသွားတာတွေ ရှိနိုင်လို့ပါပဲ။ အဲ့လိုကျိုးပဲ့တာကနေ short circuit ဖြစ်ပြီး အပူလွန်ကဲ မှုတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် တတ်နိုင်သမျှ ဖုန်းကိုလွတ်မကျအောင် ဂရုစိုက်ပါ။ တကယ်လို့ အမြင့်ကနေကျ သွားရင်လည်း Service Center မှာ သေသေချာချာ စစ်ဆေးပြီးမှ ဆက်သုံးပါ။
(၈)။ ဘက်ထရီ မကောင်းတော့ ရင်လဲပါ။
ကိုယ့်ဖုန်းက ဘာမှထိခိုက်ထားတာလဲ မရှိဘူး။ လွတ်ကျတာလည်း မရှိဘူး။ ဒါပေမဲ့အားက သိပ်မခံချင်ဘူး။ ဂိမ်းတွေဘာတွေ မဆော့တာတောင် အရင်လောက် ကြာကြာမခံဘူး။ ဒီလို အခြေအနေမျိုး စာဖတ်သူတို့ ကြုံဖူးမှာပါ။ အဲ့ဒီအချိန်မှာ ဘက်ထရီအသစ် လဲလိုက်တာသာ အကောင်းဆုံးပါပဲ။ အဲ့လိုမျိုးတွေ မဖြစ်ရင်တောင်မှာ စာဖတ်သူရဲ့ ဖုန်းဘက်ထရီဟာ removable ဖြစ်မယ်ဆိုရင် တစ်နှစ်တစ်ကြိမ်တော့ လဲသင့်ပါတယ်။ သက်တမ်းကြာနေတဲ့ ဘက်ထရီဟောင်းတွေဟာ စွမ်းဆောင်ရည် လျော့ကျပြီး အပူလွန်ကဲမှုတွေ ဖြစ်ပေါ်နိုင်လို့ပါပဲ။
စာဖတ်သူအနေနဲ့ အထက်ကအချက်တွေကို လိုက်နာပြီး ဖုန်းဘက်ထရီ ပေါက်ကွဲမှုတွေကို မဖြစ်ပွားအောင် အကောင်းဆုံး ကာကွယ်နိုင်ပါတယ်။
Ref : m.ba-bamail.com,yahoo.com,thedroidguy.com,digitaltrends.com, androidpit.com, dmediamom.com
Credit to ==> Internet Journal
ဖုန်းထဲကနေ ဆော့ဝဲတွေ အလွယ်တကူ ဒေါင်းလုပ်ယူချင်ရင် ဒီဆော့ဝဲထည့်ပါ
Mssk.apk- http://www16.zippyshare.com/v/57588065/file.html
Mssk.apk- https://play.google.com/store/apps/details?id=mssk.new
ဖုန်းဘက်ထရီအကုန်မြန်နေလို့ စိတ်ညစ်နေပါသလား
ဖုန်း ဘက်ထရီအားကို ကြာရှည်ခံစေမယ့် နည်းလမ်း(၁၁)ကို
ဖော်ပြလိုက်ပါတယ်။
၁။ ဘက်ထရီအား လုံးဝကုန်သွားတဲ့အထိမသုံးပါနဲ့။
အပြည့်လည်း မသွင်းပါနဲ့။ အခုခေတ်ပေါ်ဖုန်းတွေက Lithium Ion ဘက်
ထရီတွေကို အသုံးပြုထားပါတယ်။ ဒီဘက်ထရီတွေက အားကို (၁၀၀)
ရာခိုင်နှုန်းအပြည့်သွင်းဖို့ မလိုသလို့ လုံးဝကုန်သွားတဲ့အထိလည်း သုံး
လို့မကောင်းပါဘူး။ ဖုန်းကို ထိခိုက်စေနိုင်ပါတယ်။ ဒါ့ကြောင့် ဘက်ထရီ
အား အနည်းဆုံး (၂၀)ရာခိုင်နှုန်းလောက်အထိပဲ သုံးပြီး (၉၀)ရာခိုင်နှုန်း
လောက်အထိပဲ အားသွင်းပါ။
၂။ အားသွင်းနေစဉ် ဖုန်းမသုံးပါနဲ့။
ဖုန်းအားသွင်းကြိုးတွေ ဘာကြောင့်တိုတာလဲစဉ်းစားဖူးပါလား။
ဖုန်းထုတ်လုပ်သူတွေက အားသွင်းနေတုန်း ဖုန်းကို မသုံးစေချင်လို့ဖြစ်
ပါတယ်။ ဒီလိုအသုံးပြုမယ်ဆိုရင် ဖုန်းရဲ့အားသွင်းစနစ်ကို ထိခိုက်စေပြီး
ဘက်ထရီသက်တမ်းလျော့သွားစေပါတယ်။ ဖုန်းတွေရဲ့ဘက်ထရီဟာ
သတ်မှတ်ထားတဲ့ အကြိမ်ရေသက်တမ်း ပြည့်အောင် အသုံးပြုပြီးသွားရင်
အသစ်လဲပေးဖို့လိုပါတယ်။
၃။ အလင်းအမှောင် အလိုအလျောက်ချိန်ညှိစနစ်ကို မသုံးပါနဲ့။
သင့်ဖုန်းရဲ့ AMOLED မျက်နှာပြင်ဟာ ဘက်ထရီအစားဆုံးဖြစ်ပါတယ်။
Auto brightness စနစ်ကို သုံးတာက ဘက်ထရီအားကို အကုန်မြန်
စေပါတယ်။ လိုအပ်ရင် လိုအပ်သလောက် အလင်းအမှောင်ကို ကိုယ်
တိုင် ချိန်ညှိပေးတာ အကောင်းဆုံးဖြစ်ပါတယ်။
၎။ Vibrate နဲ့ အခြားအသံထွက်စနစ်တွေ ပိတ်ထားပါ။
သင့်ဖုန်းရဲ့ Vibrate တုန်ခါမှုက ရေရှည်မှာကျန်းမာရေးကို ထိခိုက်စေနိုင်
ရုံသာမက ဘက်ထရီလည်း အရမ်းစားပါတယ်။ ဒါ့အပြင် ခလုပ်နှိပ်ရင်
အသံမြည်အောင်လုပ်ထားတာတို့လိုမျိုး စနစ်တွေကလည်း သုံးရတာ
ဘက်ထရီကုန်တာကလွဲပြီး အခြားအကျိုးမရှိပါဘူး။
၅။ အခြားအမျိုးအစား အားသွင်ကြိုးနဲ့ ဘက်ထရီတွေ ၀ယ်မသုံးပါနဲ့။
အမျိုးအစားမတူတဲ့ အားသွင်းကြိုးတွေ၊ ဘက်ထရီတွေက သင့်ရဲ့ဖုန်း
အားသွင်းစနစ်နဲ့ ကိုက်ညီမှာမဟုတ်တာ အသေအချာပါပဲ။ သက်ဆိုင်
ရာအမျိုးအစားရဲ့ အော်ရီဂျင်နယ်တွေကိုပဲ သုံးပါ။
၆။ GPS၊ Wi-Fi နဲ့ Bluetooth တွေကို မသုံးရင်ပိတ်ထားပါ။
ဒီဟာတွေက အချိန်တိုင်းဖွင့်ထားဖို့ မလိုအပ်ပါဘူး။ သူတို့ကို ပိတ်ထား
ရုံနဲ့ ဘက်ထရီကို ချွေတာနိုင်ပြီး ဖုန်းရဲ့ လုပ်ငန်းဆောင်တာတွေလည်း
ပိုကောင်းစေပါတယ်။ ဒီစနစ်တွေက ဖုန်းကို လေးစေတာကြောင့် လိုအပ်
မှသာ ဖွင့်သုံးပါ။
၇။ မျက်နှာပြင်အလိုအလျောက်ပိတ်သွားချိန်(Screen timeout)ကို နည်း
နည်းပဲထားပါ။ လေ့လာမှုတွေအရ သာမန်လူတစ်ယောက်ဟာ သူ့ရဲ့စ
မတ်ဖုန်းကို တစ်နေ့မှာအကြိမ်(၁၅၀)လောက် ဖွင့်လေ့ရှိတယ်လို့ ဆိုပါ
တယ်။ ဒါ့ကြောင့် Screen Timeout ကို အချိန်နည်းနည်းပဲ သတ်မှ
တ်ထားရင် ဘက်ထရီအကုန်သက်သာစေမှာဖြစ်ပါတယ်။ အကောင်းဆုံးကတော့ (၁၅)စက္ကန့်လောက်ပဲ ထားပါ။
၈။ App တွေကို Wi-Fi သုံးပြီး မကြာခဏ Update လုပ်ပေးပါ။
စမတ်ဖုန်းတွေမှာ ပါဝင်တဲ့ App တော်တော်များများက လစဉ် update
လုပ်ပေးဖို့လုပ်ပေးမယ်ဆိုရင် ဘက်ထရီအား နည်းနည်းပဲသုံးပြီး အလုပ်
လုပ်နေမှာဖြစ်ပါတယ်။ Update မဖြစ်တဲ့ Apps အဟောင်းတွေကတော့
သင့်ဖုန်းရဲ့ RAM နဲ့ ဘက်ထရီကို သုံးဖြုန်းပစ်မှာပါ။
၉။ Auto-Sync စနစ်ကိုလည်း လိုအပ်မှသုံးပါ။
သင့်ရဲ့ e-mail တွေကို မကြာခဏ update ဖြစ်ဖို့ လိုတယ်ဆိုမှ
Auto-Sync စနစ်ကို သုံးပါ။ Auto-Sync စနစ်မလိုအပ်တဲ့ အခြား e-mail Apps
တွေ ရှိပါတယ်။ သူတို့ကိုသုံးလည်းဖြစ်ပါတယ်။
၁၀။ ဖုန်းခေါ်မယ်ဆိုရင် လိုင်းဆွဲအားကောင်းမကောင်းစစ်ဆေးပါ။
ဖုန်းလိုင်းသိပ်မမိတာမျိုးက သင့်ဖုန်းရဲ့ဘက်ထရီအားကို ပိုသုံးပြီး
လိုင်းရှာရစေပါတယ်။ ဒါ့ကြောင့် လိုင်းသေချာမိတဲ့ နေရာမျိုးက ဖုန်းခေါ်
တာတို့၊ လိုင်းမမိတဲ့နေရာမျိုးမှာ Airplane mode လုပ်ထားတာမျိုးက
ဘက်ထရီအကုန်သက်သာစေမှာဖြစ်ပါတယ်။ ၁၁။ မလိုအပ်ပဲ process
တွေကို ရှင်းလင်းပါ စမတ်ဖုန်းတွေမှာ မလိုအပ်ပဲ နောက်ကွယ်မှာအ
လုပ်လုပ်နေတတ်တဲ့ processes တွေနဲ့ App တွေရှိတတ်ပါတယ်။
ဒီဟာတွေကို Setting > Apps ထဲမှာသွားပြီး Force stop လုပ်ပြီး
ရှင်းပစ်လိုက်လို့ ရပါတယ်။ ဒါမှမဟုတ်ရင်လည်း ဒီ processes တွေရှင်း
တဲ့ Apps တစ်ခုခုသုံးနိုင်ပါတယ်။
Credit : အိုင်တီလမ်းညွှန်
ဖုန်းထဲကနေ ဆော့ဝဲတွေ အလွယ်တကူ ဒေါင်းလုပ်ယူချင်ရင် ဒီဆော့ဝဲထည့်ပါ
Mssk.apk- http://www16.zippyshare.com/v/57588065/file.html
Mssk.apk- https://play.google.com/store/apps/details?id=mssk.new
Saturday, September 5, 2015
iPhone_iPad တွေ ဘက်ထရီအကုန်မြန်နေရင် ဖုန်းပူလာရင်ဖြေရှင်းနည်း
ပုံမှန်အတိုင်းသုံးနေသူတွေအနေနဲ့ အခုပြောတဲ့နည်းလမ်းတွေကိုလုပ်ကြည့်
သိသိသာသာ ဘက်ထရီအား ခံနေတာကို တွေ့ ရမှာဖြစ်ပါတယ်
(၁) Power အရမ်းစားတဲ့ App တွေကိုသုံးပြီးရင် အမြဲမဖွင့်ထားပါနဲ့ 
     Home Button ကို 2ချက်နှိပ်ပြီး multitasking View ၀င်လာရင်
     မသုံးတော့တဲ့ App တွေကိုပိတ်ပါ ( တချို့ က အများကြီးပွင့်နေ)
(၂) Location Servic Background App Refresh, and Push Notifications
    အားလုံးပိတ်ထားပါ( Facebook နဲ့ Viber လောက်ပဲ Noti ထားကြည့်)
    location ကိုဖွင့်ထားတာနဲ့  GPS Navigation နဲ့  Tracking တွေကြောင့်
    ဘက်ထရီအား အကုန်မြန်တတ်ပါတယ် ။ လိုအပ်မှသာ ဖွင့်သုံးပါ
(၃)  Network Setting မှာလည်း 2G_3G_LTE ဆိုပြီးရှိတဲ့အခါမှာ
     3G လောက်ထားပါ LTE ဟာ အားအရမ်းစားတတ်လို့ ပါ
(၄) အားသွင်းရင်း သီချင်းမဖွင့်ပါနဲ့ ဖုန်းမပြောပါနဲ့  အလင်း_အမှောင်ကို
     ကိုယ့်အမြင်နဲ့ ချိန်ဆပြီး အတိုးအလျှော့လုပ်ပါ အပြည့်မသုံးပါနဲ့ 
(၅) email, calendar, and contacts ထဲဝင်ပြီး Fetch New Data ကို Off ပါ
     Show in App Switcher ကိုလည်း Off လုပ်ပေးပါ
(၅) Auto lock 1မိနစ်ထားပါ သီးချင်းကိုနားကြပ်နဲ့ တပ်ဖွင့်ပါ
     Setting = General =Background app and content refreshထဲမှာ
     Facebook နဲ့  Viber လောက်ပဲဖွင့်ပါ ကျန်တာတွေ ပိတ်ထားပါ
(၆) Bluetooth နဲ့ ဝိုင်ဖိုင်ကို မသုံးရင်ပိတ်၊ Keyboard Click ပိတ်ပါ
     Photo ထဲကတခုခုသုံးDynamic Wallpapers တွေကိုမသုံးပါနဲ့ 
(၇) ဘက်ထရီအား လုံးဝကုန်သည်အထိ မသုံးပါနဲ့ 20%ဆိုသွင်းပါ
     တစ်ပတ်မှာ တစ်ခါလောက်တော့ ဖုန်းကို လုံးဝပိတ်ပေးသင့်တယ်
     နေ့ စဉ်ရက်ဆက်မရပ်မနားသုံးတာထက်စာရင် ခဏ အနားပေးပါ
Friday, June 27, 2014
Phone အားသွင်းရင် အိပ်တတ်သူများအတွက် ဘက်ထရီမပျက်အောင် အားပြည့်ရင် Alarm မြည်အချက်ပေးတဲ့ဆော့ဝဲ
အားပြည့်နေရက်နဲ့ တစ်ညလုံး သွင်းထားတယ်ဆို ဘက်ထရီ အပျက်မြန်ပြီး
အားကုန်တာလည်း တအားမြန်တယ် ဘက်ထရီပြည့်ရင် ပလက်ခေါင်းဖြုတ်
အိပ်နေရင်းသွင်းတဲ့သူများ ဘက်ထရီပြည့်တာနဲ့  အချက်ပေး Alarmမြည်ဖို့ 
အောက်ကလင့်မှာ ဆော့ဝဲဒေါင်းထည့်လိုက်ပါ မေ့တတ်သူများအတွက် OK
Download - Mssk-batterychargeralarm.apk
နည်းပညာရပ်ဆိုင်ရာနဲ့  စွယ်စုံစာအုပ်စင်
Mobile Phone ဆိုင်ရာပညာလေ့လာရန်
Thursday, June 19, 2014
Samsung ဘက်ထရီကို ကြာရှည်အသုံးခံအောင် ပြုပြင်ပေးမယ့်ဆော့ဝဲ
ဒီဆော့ဝဲလေးကတော့ ဖုန်းဘက်ထရီကို ကြာရှည်အသုံးခံအောင် အလိုလို ပြုပြင်မယ့်
ဆော့ဝဲကောင်းလေးပါ ။ ဘက်ထရီအကုန် မမြန်အောင် ပိတ်သင့်တာ ဖွင့်သင့်တာကို
ရွေးချယ်ဖို့ မြန်မာလိုရေးထားတာမို့ အခုမှစသုံးတဲ့ သူတွေအတွက်ရော၊ပညာအခြေခံ
မမြင့်တဲ့  ကျနော်တို့ လိုလူတွေအတွက်  အရမ်းကို အဆင်ပြေတဲ့   ဆော့ဝဲကောင်းပါ
ဆော့ဝဲအတော်များများ  မြန်မာလိုထွက်လာနိုင်တာ  ၀မ်းသာစရာပါပဲ၊။ ဒီဆော့ဝဲက
အထဲမှာ အလိုလိုပါနေပါလိမ့်မယ် ။မြန်မာလို သုံးချင်ရင်အောက်ကလင့်မှာယူလိုက်ပါ
Dwonload - ဘက်ထရီဒေါက်တာ -Myanmar Version
http://www76.zippyshare.com/v/47397756/file.html
ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ
ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here