Showing posts with label မမမေ (စစ်တွေ) ရေးတဲ့ကဗျာများ. Show all posts
Showing posts with label မမမေ (စစ်တွေ) ရေးတဲ့ကဗျာများ. Show all posts
Monday, October 1, 2012
ဆုတောင်းခွင့်ပြုပါ
ချစ်တိုင်းလဲမညား ညားတိုင်းလဲမချစ်ကြ
ရှေ့လူကြီးတွေပြောသလိုပေါ့…….
ချစ်သူရယ်…………………
နင်ပြောတဲ့ နွေးထွေးမူအပြည့်ပါတဲ့
နင့်အချစ်တွေက ငါအတွက်တော့
အရမ်းပူလောင်လွန်းလှပါတယ်
Gtalkအကောင့်စိမ်းနေပြန်လဲ
ဘယ်သူတွေနဲ့ကျူနေလဲတဲ့…
Gtalkအကောင့်နီနေပြန်လဲ
စကားမပြောချင်ဘူးပေါ့တဲ့…
Facebookသုံးပြန်တော့လဲ
ငါက ပြောစကားနားမထောင်ဘူးတဲ့….
မေ့လိုက်ပါတော့…….
စိတ်မညစ်ချင်ဘူးတဲ့……
နင်ပဲပြောခဲ့တာလေ……
ခုကျတော့ အဝေးရောက်နေတဲ့သူကို
သနားပါတဲ့ ခွင့်လွတ်ပေးပါတဲ့
ကဲငါဘယ်လိုလုပ်ရမလဲ…..
အကြင်နာသခင်ရယ်……………
ငါကိုဆုတောင်းခွင့်ပြုပါနော်
မမမေ (စစ်တွေ )
.
Thursday, September 27, 2012
အလှပဆုံး ဒဏ်ရာ
အလွမ်းဒဏ်ရာ …….
အဆွေးဒဏ်ရာများနဲ့
ငါအသည်းကွဲ တဲ့အချိန်တုန်းက…………..
ရင်မှာကျန်ခဲ့တဲ့ ဒဏ်ရာက
အလှပဆုံး ဒဏ်ရာလေးတွေပဲ……..
ပျော်ရွှင်စရာတွေ
ဆင်ခြင်စရာတွေ မရှိအောင် ငါဘဝက
အမုန်းဒဏ်ရာအလယ်မှာ…………..
အရှုံးသံသရာတွေနဲ့ .............
ခုထိငါ နစ်မွန်းနေတုန်း ................
လူတွေကပြောကြတယ်……………..
လူဘဝရဲ့အစက ချစ်ခြင်းတွေနဲ့ စတာတဲ့
ဒါပေမဲ့……..လောကကြီးရယ်…………
ငါ့ဘဝရဲ့အစက အလွမ်းဆွေးဒဏ်ရာနဲ့စနေ ပါလား
ငါ့ကို အလွမ်းအဆွေးဒဏ်ရာတွေ ပေးခဲ့တဲ့..
ငါ့ရဲ့ ခင်တွယ်စရာ ချစ်သူလိပ်ပြာရယ်
ဘယ်ဆီ၊ဘယ်ဌာနမှာ နားခိုနေပြီလဲ
ငါ့ရင်မှာအလွမ်းအဆွေးဒဏ်ရာတွေနဲ့ ရှုးတောမယ်
ကြယ်စုံနေ့ရက်တွေလဲ ပျောက်ဆုံး…………
မဆုံဆည်းနိုင်တဲ့ ချစ်သူလိပ်ပြာရယ်
ရင်မှာပူလောင်တဲ့ အလွမ်းဒဏ်ရာ
နေ့ရက်ကလေးတွေပိုက်ပြီ…….
ဒီလိုနဲ့  တစ်ရက်ပီးတစ်ရက်....................။
မမမေ (စစ်တွေ )
.
ချစ်သူ အမှန်ဆို………………
ချစ်သူ အမှန်ဆို………………
ဟိုးကလေး ငယ်ငယ်တုန်းက
အဖြူရောင်နှလုံးသားတစ်စုံနဲ့
 မင်းကိုချစ်ခဲ့တဲ့ငါ
ချစ်သူ အမှန်ဆို………………
သူငယ်ချင်းဘဝတုန်းက
သူငယ်ချင်းလို ၊ ချစ်သူလို
မင်းကိုချစ်ခဲ့တဲ့ငါ
ချစ်သူ အမှန်ဆို………………
ငါတို့ နှစ်ယောက် မလိုသူတွေကြောင့်
ဝေးတောမလို့
ချစ်သူ အမှန်ဆို………………….
ငါတို့ နှစ်ယောက် မှားတိုက်မိတဲ့
လေညှင်းလေးကြောင့်
နီးစပ်ခွင့်နဲ့ ဝေးတော့မလို့
ချစ်သူ အမှန်ဆို…………………
ငါတို့ နှစ်ယောက် တလွဲမာနကြောင့်
ချစ်ရင်းနဲ့ လမ်းခွဲမျက်ရည်ကျတော့မလို့
ချစ်သူ အမှန်ဆို…………………။
မမမေ (စစ်တွေ) 
.
ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ
ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here