Showing posts with label ဘလော့တစ်ခုပြုလုပ်နည်း. Show all posts
Showing posts with label ဘလော့တစ်ခုပြုလုပ်နည်း. Show all posts
Friday, January 18, 2013
ကျနော်ရေးနေတဲ့ ဘလော့ Website ပုံစံမျိုး လုပ်ချင်သူအတွက် စာအုပ်
ဘလော့တစ်ခုပြုလုပ်ချင်  သူများအတွက်  စာအုပ်လေးတွေ  ပြန်တင်လိုက်ပါတယ်
ဘလော့ဝက်ဆိုဒ်  တစ်ခုပြုလုပ်ဖို့ အတွက် အချိန် 10 မိနစ်မကြာပါဘူး ။Gmail ရှိရင်
ဘလော့ဝက်ဆိုဒ်တွေ  အများကြီးလုပ်လို့ ရပါတယ် ။ ၀က်ဆိုဒ်လေးတစ်ခုလုပ်ထား
ကိုယ်တင်ချင်တဲ့  ကဗျာတွေ  စာတွေ  မှတ်စုတွေ  အပျော်တမ်း  လုပ်ချင်ရင်လည်း
အဆင်ပြေပါတယ် ။ ကျနော်လည်း  နည်းပညာဝါသနာပါလို့   အခုလိုဝက်ဆိုဒ်လေး
ပြုလုပ်ပီး  စာရေးနေတာပါ  ဒါကြောင့်လည်း  သိသင့်သလောက် ပညာရသွားတယ်
အသုံးဝင်သွားတယ်ဆို   ကိုယ်တိုင်လည်းပညာတိုးမယ်  သူများလည်း  ပညာရမယ်
အဲ့တော့  ရေးချင် လုပ်ချင်သူများက  ဒီစာအုပ်လေးဖတ်ပီး လုပ်ပါ  လွယ်ကူပါတယ်
လုပ်ပီးလို့ ကျနော့ပုံစံမျိုး   ဒီဇိုင်းလိုချင်လည်း   ထပ်တူရအောင် တင်ပေးထားတယ်
နည်းပညာ မရေးတတ်လည်း ကိုယ်ဝါသနာပါရာ  စာပေတွေ ကဗျာ မှတ်စု တစ်ခုခု
ရေးသိမ်းထားတော့  ကိုယ်ပိုင်   ဒိုင်ယာရီ ၀က်ဆိုဒ်လေး  တစ်ခု  အလွယ်တကူရပြီး
အလွယ်တကူ  ပြန်ဖတ်ဖို့  အဆင်ပြေတယ် ။ အဲ့တော့ လုပ်ကြည့်ကြပါ ။ စမ်းသပ်ပါ
ဘလော့ရေးချင်သူ သူငယ်ချင်းများအားလုံးကို ကြိုဆိုပါကြောင်း..........................။
ဒီလင့်မှာ Download ယူပါ - ဘလော့ဝက်ဆိုဒ်ပြုလုပ်နည်း ( ကိုညီလင်းဆက်)
ဒီလင့်မှာ Download ယူပါ - ဘလော့ဝက်ဆိုဒ်ပြုလုပ်နည်း ( ကိုစေတန်ဂေါ့) 
.
.
Saturday, July 2, 2011
မောင်(စွယ်စုံကျမ်း)လိုအခြေခံပညာသင်ဆိုဒ်လေးတစ်ခုလုပ်တတ်ချင်ရင်
Video လေး တစ်ခုတွေ့ တာနဲ့ ကိုယ်ပိုင်ဘလော့လေးတစ်ခု လုပ်တတ်ချင်တဲ့
သူများ စာအုပ်ဖတ်ပြီး မလုပ်တတ်ရင် ဒါလေးသာကြည့်အဆင်ပြေမယ်ထင်ပါ
တယ်   ဘာမှမခက်ပါဘူး Gmail အကောင့် တစ်ခုရှိတာနဲ့ ကိုယ်ပိုင်ဝက်ဆိုဒ်
လေးတွေ ဘလော့လေးတွေ ကိုယ်ပိုင်ဖန်တီးလို့ ရပါပြီ ဒီVideoလေး ကိုသာ
ကြည့်လုပ် အဟုတ်ရစေရမယ် မရရင်မရတဲ့အကြောင်းပေါ့နော....အကျိုးပြု
တစ်ပိုင် တနိုင် ဆိုဒ်ကလေးတွေလုပ်စေချင်ပါတယ် အခက်ခဲရှိရင်ဆက်သွယ်
ပါ တတ်နိုင်သရွေ့ ကူညီပါ့မယ်ဗျာ (ပိုက်ဆံတော့မချေးဘူးနော..ဟဟ)..P:
.
Monday, March 14, 2011
ကိုယ်ပိုင်Websiteရေးချင်သူများအတွက်စာအုပ်
အခုလိုဘလော့လေးတစ်ခုဖြစ်လာဖို့  ဘလော့ရေးနည်းစာအုပ်ကို မနိုင်းနိုင်းစနေ
ဆီမှရခဲ့တာပါ ။ ကျနော်လိုပဲ ၀ါသနာပါသောသူများလေ့လာရန်အတွက်ပြန်လည်
မျှဝေပေးခြင်းပါဘလော့ဂါကောင်းတစ်ယောက်ဖြစ်ဖို့ ဆိုတာမလွယ်ပါဘူး.......
(၁)စေတနာ...ကိုယ့်ဘလော့ကိုလာရောက်ဖတ်လေ့လာသူတွေကို စေတနာထားပြီး
နည်းပညာဗဟုသုတရစေချင်စိတ်ထားပြီးရေးနေရပါမယ်ကိုယ်တိုင်လည်းပေးနိုင်
အောင်ကြိုးစားရပါမယ်.........။
(၂)၀ါသနာ...၀ါသနာပါမှသာလျှင်အခုလိုအိပ်ရေးပျက်ခံပြီးရေးနေနိုင်
တာပါဘယ်သူကမှဓားနဲ့ ထောက်ခြိမ်းခြောက်ရေးခိုင်းတာမဟုတ်ပါဘူး
ဘာရတုံးဆိုဘာမှတော့မရပါဘူးစေတနာထားလိုက်တော့ပီတိတော့ရ
တယ်မတတ်သေးတဲ့သူလေးတွေတတ်အောင်မသိသေးတဲ့သူလေးတွေ
သိအောင်လေ့လာခဲ့သမျှကိုပြန်လည်ဖောက်သည်ချခြင်းပါဝါသနာပါ
နေတော့အိပ်ရေးပျက်ခံနိုင်မယ်မပျင်းမရိေ၇းနိုင်မယ်ဒါပါပဲ.........။
(၃)အနစ်နာ...ဘာမှမရပဲနဲ့ ကိုရေးနေတာကိုယ်စားရိတ်ကိုယ်စားပြီး
အချိန်ကုန်ငွေကုန်မတော်ရင်ကျန်းမာရေးပါထိခိုက်အုံးမယ်တစ်ခုခုရမှ
တစ်ခုခုပေးမယ်ဆိုတဲ့စကားကိုမသုံး၇တော့ဘူးရသည်ဖြစ်စေမရသည်
ဖြစ်စေကိုယ်ကပေးနေခြင်တဲ့စေတနာကြောင့်အနစ်နာခံရေးနေကြတာ
ဆိုဘာမှမရပါဘူးနားရမယ့်အချိန်တွေထဲကမနားပဲအနစ်နာခံရေးနေ
ကြတာလို့ ကျနော်ထင်ပါတယ်အဲ့ဒါစေတနာဝါသနာကြောင့်ဖြစ်လာ
ကဲမရေးခင်စဉ်းစားနိုင်ဖို့ နောကျနော်ပို့ တွေအရှည်ကြီးမရေးချင်ပါဘူး
လိုရင်းနဲ့ ပညာရတာတွေကိုပြန်လည်မျှဝေပေးနေခြင်းပါရည်၇ွယ်ချက်
ကတော့အဖြူထည်သက်သက်ပါပဲအချိန်ရှိသလောက်ရှာဖွေလေ့လာ
မယ်အချိန်ရသလောက်ပြန်လည်မျှဝေမယ်ကဲဒါပါပဲ........။ဘလောဂါ
ကောင်းတစ်ယောက်ဖြစ်ပါစေလို့ ဆုတောင်းပေးနေလျှက်.........
စာအုပ်လေးကို ဒီလင့်မှာယူပါ .How to make Myanmar blog
ဒီစာအုပ်ကလည်းအတူတူပဲ -  Making Blog
.
ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ
ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here