Showing posts with label Mozilla Firefox ဆိုင်ရာပညာ. Show all posts
Showing posts with label Mozilla Firefox ဆိုင်ရာပညာ. Show all posts

Saturday, August 22, 2015

Mozilla တစ်ခုထဲကနေ Gmail နဲ့ Facebook အကောင့် 20 တစ်ပြိုင်နက်သုံးနည်း



ဒီနည်းကတော့ လတ်တလော အသုံးလိုနေတဲ့ ကိုယ့်အတွက် ကွက်တိပါပဲ ဘာလို့ လဲ

ဆိုရင် အကောင့်တွေ အများကြီး ဖွင့်ထားဖို့  လိုအပ်နေတဲ့ အချိန်မလို့ ပါ ။  တစ်ခုကို

Browser တစ်ခု  လုပ်ရရင် သေရချည်ရဲ့ ။ ရှိတာမှ Mozila & Chrome& Ie& သုံးခုပဲ

ထည့်ထားတာပါ  ဖေ့ဘွတ်အကောင့်က 20လောက်  နာမည်အမျိုးမျိုးနဲ့ ဖွင့်ချင်နေလို့ 

ဒီနည်းလေးကို ပြောပြတာ..လောလောဆယ် အသုံး အလွန်တည့်ပါတယ် ။သုံးချင်ရင်

အောက်မှာ ပေးထားတဲ့ ဆော့ဝဲ ယူလိုက် ။လမ်းညွှန်အတိုင်း အင်စတောလုပ်လိုက်ပါ

အဲ့ဆိုရင် Gtalk တွေ အများကြီး ပွားဖွင့်သလို မော်ဇီလာကိုလည်း အလုံးများစွာပွား၍

အကောင့်များစွား တစ်ပြိုင်နက် သုံးလို့ ရပါပြီ အသုံးလို တဲ့သူများ သုံးနိုင်ကြပါပြီ.....။


ပထမအဆင့် Download link ကို နှိပ်လိုက်ပါ - http://br.mozdev.org/multifox/ 

1 - ညာဘက် အပေါ်နားက အစိမ်းရောင်အကွက် install mulitifox ကိုနှိပ်ပါ

2 - Firefox က စာပေါ်လာလျှင် Allow ကိုနှိပ်ပါ

3 - Download ဆိုပြီး ပြည့်သွားလျှင် Install Now ကို ဆက်နှိပ်ပါ

4 - အင်စတောလုပ်ပီးလျှင် Firefox ကို  Restart လုပ်ပါ ( ပိတ်ပီး ပြန်ဖွင့်)

အဲ့ဆိုရင် Firefox တစ်ခုထဲမှာ အကောင့်တွေ အများကြီး ဖွင့်လို့ ရပါပြီ

File ကိုနှိပ်လိုက်ရင် New Identity Profile ကို နှိပ်ပါ .အများကြီးနှိပ် များကြီးရ

အကောင့်ဆယ်ခုရှိ ဆယ်ခုလုံး တစ်ခါထဲ ဖွင့်ထား လို့ ရနိုင်ပါတယ်...........။


.



Firefox ကို ဖလမ်းဖလမ်းထအောင် မြန်နှုန်းမြင့် အင်တာနက် ဆော့ဝဲလေးပါ


ဒီဆော့ဝဲလေးကတော့ ဖိုင်းရားဖောက် သုံးတဲ့သူတွေအတွက် အမြန်ပွင့်စေတဲ့နည်းပါ

အရင်တင်ဖူးပါတယ် လင့်သေနေတာ ပြန်ရှာရ မလွယ်ကူပဲလို့ ထပ်တင်လိုက်ပါတယ်

အင်တာနက်က နှေးနေနေတာဆိုရင်တော့ မြင့်နေလည်း အလကားပဲ ။ ဒါပေမယ့်လဲ

မြင့်ပေးထားတော့ မမြင့်တာနဲ့ စာရင်တော်သေးတာပေါ့ မူလထက်တော့ မြန်လာ၏

စမ်းသုံးချင်သူများ အောက်က လင့်မှာ Download ယူပါ.....................................။

ဒီလင့်မှာ Download ယူပါ - www.mediafire.com/Speed up firefox App






Tuesday, April 29, 2014

Mozilaf Firefox ( မော်ဇီလာ) မှာ ၀က်ဆိုဒ်လိပ်စာတွေနဲ့  မြန်မာလိုမမြင်ရပဲ..အပြည်အစုံမပေါ်ရင် ပြောင်းနည်း


ဒီနည်းက ဖြစ်တော့ မဖြစ်ဖူးပါဘူး ။သူများတွေ မေးမြန်းလာတာတော့ မော်ဇီလာကို

Update လုပ်ရင် ဖြစ်လာတယ်ပြောတာပဲ ။ ပြန်ပြင်နည်းကတော့ လွယ်လွယ်လေးပါ

Tools = Option - Contant ကနေ သွားပြင်ရတာ ပုံမှာတော့ ပြထားပါတယ် အဲ့ကနေ

အများကြီး ထပ်လုပ်လို့ ရသေးတယ် ။လမ်းကြောင်းကို ပြထားတာ တချို့ Tools ကို

မပေါ်တာ ရှိတယ် ။အဲ့လိုအခါမှာ အပေါ်က ဆိုဒ်လိပ်စာဘေးကိုR-click ထောက်ပြီး

Menu bar ကို အမှန်ချစ်လိုက်ရင် Tools ပေါ်လာတယ် အဲ့တော့လိုအပ်တဲ့သူတွေကို

လမ်းညွှန်ဖို့ အတွက် တင်လိုက်ပါတယ်......လိုအပ်ရင် လေ့လာကြည့်လိုက်ပါ........။

.

Thursday, November 14, 2013

Mozlla Firefix မှာ မြန်မာလို အပြည့် မပေါ်တဲ့ သူတွေ ဒီနည်းလေးကို ကြည့်ပေးပါ။


အခုမှစလေ့လာတဲ့ သူငယ်ချင်းတော်တော်များများက ပုံထဲကလို မြန်မာစာ အပြည့် မပေါ်ရင်, ဘယ်လိုလုပ် ရင် မြန်မာစာ အပြည့်ပေါ်မယ်ဆိုတာကို မသိကြပါဘူး။ အားလုံး လည်းအဆင်ပြေ နိုင်အောင် ဒီနည်းလေး ကို ကျနော်ပြန်လည် ရေးသားပေးလိုက်ပါတယ်။

အခု Update ထွက်တဲ့ Mozlla Firefix တွေကတော့ မြန်မာစာ အကုန်မပေါ်တာများပါတယ်။ မသိသေး သူ တော်တော် များများလည်း ဒီအတိုင်း သုံးနေကြပါတယ်။ ကျနော်အောက်မှာ ပုံနှင့် တဆင့်ချင်း ပြ ထားပေး ပါတယ်။ ပုံကိုကြည့်ပြီး သေချာ လေး လိုက်လုပ်ကြည့်လိုက်ပါ။

မြန်မာလိုအားလုံးမြင်ရပါမယ်။ 100 % အာမခံပါတယ်။ အောက်မှာ ပုံကိုသာ ကြည့်ပြီး လိုက် လုပ်ကြည့် လိုက်ပါ။

ဒီလောက် ဆို သူငယ်ချင်းများ ယခုနည်းကို ကောင်းစွာ နားလည်နိုင်မယ် လို့ ယူဆပါတယ်။ အဆင်မပြေသာ တွေရှိရင်လည်း ကျနော့် ၀က်ဆိုဒ် ရဲ့ Cbox မှာ လာရောက် မေးမြန်းနိုင်ပါတယ်။ ကျနော် နားလည်သလောက် ပြန်လည် ဖြေသွားပေးမှာ ဖြစ်ပါတယ်။
အားလုံးအဆင်ပြေပါစေ.......။


Tuesday, December 11, 2012

Youtube နဲ့  Facebook ကVideo ကြည့်မရ Flash Player ပြဿနာဖြစ်ရင်


မော်ဇီလာကနေ ဗီဒီယိုတွေ မပွင့်တော့ရင် ဒီဆော့ဝဲလေးထည့်ကြည့်လိုက်ပါ ပြီးရင်

မော်ဇီလာကို ပြန်ပိတ်ပြီးပြန်ဖွင့်လိုက်ပါ အဆင်ပြေပါလိမ့်မယ်.........................။


ဒီလင့်မှာ Download ယူပါ - Adobe Flash Player Laest Version


.




Friday, October 12, 2012

Mozila Firefox 16.0.1 လေး သုံးကြည့်ပီးပီလား ( Portable နဲ့  Exe ဖိုင်)



ဒီဟာကတော့ မော်ဇီလာသမားတွေ အတွက်ပါ အခုမှထွက်တဲ့ 16.0.1 Version ပါ

ရုံးမှာ ဘာဆော့ဝဲမှ ထည့်မရလို့  Portable အားလုံး ကျနော့သူငယ်ချင်းပါ.....တိန်

ဒီလင့်မှာ ယူပါ  - http://portableapps.com/Mozila 16.0.1 Portable 

ဒီလင့်မှာယူပါ -http://www.mozilla.org/ Mozila 16.0.1- Exe


What’s New

  • FIXED
    16.0.1: Vulnerability outlined here
  • NEW
    Firefox on Mac OS X now has preliminary VoiceOver support turned on by default
  • NEW
    Initial web app support (Windows/Mac/Linux)
  • NEW
    Acholi and Kazakh localizations added
  • CHANGED
    Improvements around JavaScript responsiveness through incremental garbage collection
  • DEVELOPER
    New Developer Toolbar with buttons for quick access to tools, error count for the Web Console, and a new command line for quick keyboard access
  • DEVELOPER
    CSS3 Animations, Transitions, Transforms and Gradients unprefixed in Firefox 16
  • DEVELOPER
    Recently opened files list in Scratchpad implemented
  • FIXED
    16.0.1: Vulnerability outlined here
  • FIXED
    Debugger breakpoints do not catch on page reload (783393)
  • FIXED
    No longer supporting MD5 as a hash algorithm in digital signatures (650355)
  • FIXED
    Opus support by default (772341)
  • FIXED
    Reverse animation direction has been implemented (655920)
  • FIXED
    Per tab reporting in about:memory (687724)
  • FIXED
    User Agent strings for pre-release Firefox versions now show only major version (728831)


Sunday, October 7, 2012

မော်ဇီလာမှာ Real , Flash Player, IDM နဲ့  မြန်မာစာပြဿနာတက်ရင်


ဒီနည်းလေးကတော့ ပြေလည်သင့်သလောက် ပြေလည်လိမ့်မယ်လို့ ယူဆမိပါတယ်

အခုနောက်ပိုင် ပြဿနာတက်လာတဲ့ မော်ဇီလာမှာ ဗီဒီယိုဖွင့်မရတော့တာတွေရယ်

မြန်မာစာမမြင်ရတော့တာ အထူးသဖြင့်  Book Mark ထဲ   မြန်မာလို မပေါ်တော့ရင်

ဒီ Firefox- 11 ကို သုံးစေချင်တယ် ပြဿနာရဲ့ဇစ်မြစ်ကို  မဖြေရှင်းခင် အလွယ်နည်း

သုံးလိုက်တာပါ ။ အရင် Firefoxox 15  သုံးနေတဲ့သူတွေကလည်း ပြဿနာမရှိပါဘူး

အထက်မှာပြောသလို ပြဿနာတစ်ခုခုဖြစ်လာရင် ဒီဟာကိုယူပြီး အင်စတော လုပ်

လတ်တလော အမြန်ဆုံး ဖြေရှင်းနည်းပါ.ဒီ 11 က  IDM ,Adobe, Real  နဲ့ ကွက်တိ

ဘာ Error မှမတက်ပါ ။ မှတ်ချက် Firefox Update တက်ရင် Cancel လုပ်ပါ ..........။

ဒီလင့်မှာ Download ယူပါ -http://www.mediafire.com/Firefox 11.00 version

အပေါ်က မရရင် - http://mozilla-firefox-11



.

Saturday, June 16, 2012

အလုပ်ကနေ ကွန်ပျုတာ သုံးသူများနဲ့  စက်လေးသူများအတွက် Portable



 ဒီဆော့ဝဲလေးကတော့ အလုပ်ကနေ ခိုးသူတဲ့သူတွေ အဆင်ပြေပါတယ် ဘယ်မှာ

သွားသုံးသုံး အင်စတော လုပ်စရာမလိုပဲ  သုံးလို့ ရနေတော့  စက်လေးတဲ့ သူတွေ

အတွက်လည်း အဆင်ပြေပါတယ်  အခုတော့ စက်ရုံမှာ သူဌေးမသိအောင် သုံးရ

ရှောင်ရတိမ်းရ အားလုံး Portable တွေပဲ သုံးဖြစ်တယ်။အင်စတောဖိုင် မ၀င်တော့

စက်ထဲမရောက်လာဘူး တိုက်ဆိုင်သူများ ရှိရင် သုံးစေဖို့  မျှဝေလိုက်ပါတယ်....။

ဒီလင့်မှာ ယူလိုက်ပါ - http://www.mediafire.com/?Firefox Portable

မူရင်းလင့်- http://portableapps.com/


.

Sunday, April 8, 2012

အင်တာနက်သုံးသူများနဲ့  window တင်သူများအတွက် သတိထားရမယ့်နည်း


ဒီနည်းလေးကတော့  အတော်အသုံးဝင်ပါတယ် ။ အကြောင်းအမျိုးမျိုးကြောင့် ၀င်းဒိုး

ပြန်တင်ရတော့မယ်ဆိုရင် ကွန်ပျုတာကို Format မချခင်  မိမိလည်နေကျ   ၀က်ဆိုဒ်

တွေအားလုံး စုသိမ်းထားမယ့်နည်းပါ ။ များသောအားဖြင့် Bookmark သုံးကြမယ်လို့ 

ထင်ပါတယ် မသုံးသေးရင်လည်းသုံးလိုက်ပါ နေ့ စဉ်ကြည့်နေတဲ့ ၀က်ဆိုဒ်တွေထဲမှာ

တစ်ခါတလေ အမှတ်မထင်ရောက်ပြီး စာတွေဖတ်လေ့လာ တယ်။ ပြီးတော့ နောက်

တစ်ခေါက်သွားဖို့ မေ့နေတတ်တယ် အဲ့လိုမဖြစ်အောင် ကိုယ်ဖတ်နေကြ ဆိုဒ်တွေနဲ့ 

အသုံးဝင်တဲ့ဆိုဒ်တွေအားလုံးကို Bookmarks ထဲကို သိမ်းထား နောက်တစ်ခါပြန်ပြီး

ကြည့်ချင်တဲ့အခါ အလွယ်ပြန်ကြည့်လို့ ရတယ် Ctrl နဲ့  V ကို တွဲနှိပ်ရင် လက်ရှိသုံး

နေတဲ့ ၀က်ဆိုဒ်ကို Bookmarks ထဲမှတ်တာပါ ၀င်းဒိုးပြန်တင်တဲ့အခါလိုအပ်ပါတယ်

သူငယ်ချင်းတစ်ယောက်ဆို ဘောပင်နဲ့ ဝက်ဆိုဒ်တွေ ကူးထားတယ် နောက်တစ်ဦး

ကတော့ Ms .Word ထဲ ကူးထည့်တယ် အကောင်းဆုံးကတော့ အခုနည်းနဲ့  HTML

ဖိုင်လေးရအောင်ထုတ်လိုက် ၀င်းဒိုးပြန်တင်ပီးရင် အဲ့ဖိုင်လေးကို မော်ဇီလာကနေပြီး

ပြန်ထည့်လိုက်ရင် အရင်မှတ်ထားတဲ့ ၀က်ဆိုဒ်တွေအားလုံး အမြန်ပြန်ကြည့်လို့ ရပြီ


.
.

Monday, December 12, 2011

Mozilla Firefox Version 8.1 က ပိုမြန်တယ်လို့  ထင်ရပါတယ် စမ်းချင်ရင်ဆွဲ


ဒီ Mozilla New Version 8.1 ကတော့ အတော်လေး ကောင်းတယ်လို့ ...သူက

ရေးထားတာပဲဗျ အဟောင်းထက် အသစ်က ပိုကောင်းသလိုတော့ရှိလာတယ်

စမ်းသုံးချင် သုံးရအောင် ရေးတင်လိုက်တယ် စမ်းကြည့်ကြပေါ့နော် မြန်တာက

တော့ မြန်လာသလိုလိုပဲ..Connection မကောင်းရင်တော့ သူမမြန်ရဲလောက်

ပါဘူး ဘာပဲဖြစ်ဖြစ် Connection ကအဓိကပဲ ဒါပေမယ့်လည်း တစ်ကြောင်း

မထောက် တစ်ကြောင်းထောက်ပေါ့ဗျာ ပြောင်းသုံးချင်ရင်ဆွဲ....................။

ဒီလင့်မှာ Download ယူပါ  http://www.mozilla.org

Thursday, April 21, 2011

အင်တာနက် ပွင့်တာနှေးနေရင်ဒီလိုလေးလုပ်လိုက်မြန်မြန်ပွင့်လာလိမ့်မယ်


ဆိုးတော့မဆိုးဘူး မြန်လာတယ်ထင်တာပဲ များသောအားဖြင့်သူငယ်ချင်းတွေ

အားလုံး သုံးနေကြတာ Mozilafirefox ပဲထင်တယ် Internet Explorer နဲ ဖွင့်ရင်

မြန်မာလိုမပေါ်ပဲ အတုံးတွေပေါ်တတ်လို့ လေ. Internet Explorer နဲ့ ဖွင့်လည်း

မြန်မာလိုပေါ်အောင်လုပ်လို့ ရပါပြီ(စိတ်ဝင်စားရင်ဒီနေရာမှာဖတ်ကြည့်နိုင်ပါ

တယ်)အခုတင်ပေးတာက Mozilafire Fox ကိုပြဲ မန်မြန်ပွင့်စေတာပါ ဖွင့်ရင်

တန်းမပွင့်လာတာမျိုးဆို  ဒီဟာလေးDownload ယူပြီး အင်တာနက်မဖွင့်ခင်

အင်စတောလုပ်ပေးလိုက်ပါထူးခြားတယ်ထင်ရတာပဲကဲဆွဲကြည့်...........။

ဒီမှာ Download ယူပါ  Speed up Mozilafire Fox

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here