Showing posts with label Lock ကျသောအကောင့်ပြန်ယူနည်း. Show all posts
Showing posts with label Lock ကျသောအကောင့်ပြန်ယူနည်း. Show all posts

Sunday, September 13, 2015

" သင့် facebook အကောင့် ဟက်ခံရပြီးဆိုရင် " __________________________________



...
မိမိ အသုံးပြုနေတဲ့ facebook အကောင့် ဟက်ခံရပြီး ဆိုရင်
ဘယ်လောက် စိတ်ညစ်ဖို့ ကောင်းလဲဗျာ

အဲ့တော့ စိတ်ညစ်ရမယ် အကြောင်းတွေ ခဏထား
မိမိ facebook အကောင့်ကို ပြန်ယူရမယ်လေ ဘယ်လို့ ယူရမလဲ
သင့် သိပါသလား မသိသေးဘူးဆိုရင်တော့
အောက်က လင့်ကို ကလစ်လိုက်ပါ
https://www.facebook.com/hacked
ခုပေးထားတဲ့ လင့်ကို နှိပ်လိုက်ပါ
Report Compromised Account ဆိုတဲ့ ဖိုင့် ပေါ်လာပါလိမ့်မယ်
အဲ့ဒီဖိုင့်ထဲမှ
My account is compromised ဆိုတာကို နှိပ်လိုက်ပါ
Find Your Account ဆိုတဲ့ ဖိုင့် တတ်လာပါလိမ့်မယ်
အဲ့ဒီထဲမှ Email, Phone, Username or Full Name ဆိုတဲ့ အောက်က အကွက်ထဲမှာ
မိမိ Gtalk အကောင့်ကို ထည့်ပေးလိုက်ပါ
ပြီးနောက် Search ကို နှိပ်လိုက်ပါ နှိပ်လိုက်တာနဲ့ 
Identify Your Account ဆိုတဲ့ ဖိုင့်ပေါ်လာပါလိမ့်မယ်
မိမိ ဓါတ်ပုံနဲ့  facebook အသုံးပြုသော နာမည် ပေါ် လာပါလိမ့်မယ်

This Is My Account ဆိုတာကို ကလစ်ပေးလိုက်ပါ
Reset Your Password ဆိုတဲ့ ဖိုင့် တတ်လာပါပြီး


Email me a link to reset my password ဆိုတာကို ကလစ်ပေးလိုက်ပါ
အဲ့ဒီနောက် Continue ကိုနှိပ်လိုက်ပါ
Check Your Email ဆိုတဲ့ ဖိုင့်ပေါ်လာပြီး မိမိ Gtalk အကောင့် ဆီသို့ 
We sent your code to: ပို့ ပေးပါလိမ့်မယ် facebook မှ ပို့ ပေးသော Code ကို
ပေးထားသော အကွက်ထဲကိုထည့်ပေးလိုက်ပါ
facebook မှ သင့်ကို
Hi ကို,
Somebody recently asked to reset your Facebook password.
Click here to change your password.
Alternatively, you can enter the following password reset code:

589eee7437 ဒီ ဂဏန်းများကိုယူပြီး ခုနက အကွက်ထဲကို ထည့်ပေးလိုက်ပါ

Didn't request this change?
If you didn't request a new password, let us know immediately.

အကွက်ထဲကို Code ထည့်ပြီးပြီး ဆိုရင်တော့
Choose a new password ဆိုတဲ့ ဖိုင့် ပေါ်လာပါလိမ့်မယ်
New Password ဆိုတဲ့ နေရာမှာ မိမိ နှစ်သက်ရာ Password ကိုထည့်ပေးလိုက်ပါ
Confirm Password မှာတော့ New Password ပေးထားသော Password ကို ပြန်ထည့်ပေးပါ
ပြီးရင်တော့ Continue ကိုနှိပ်လိုက်ပါ
မိမိ facebook အကောင့် ပြန်ရပါပြီးပါခင်ဗျာ

facebook အကောင့် ဟက်ခံရပါက အခုနည်းအတိုင်း ပြန်လည်း လုပ်ဆောင်ရပါတယ် ဗဟုသုတဘဏ်မှ ညီကိုမောင်နှမများ အားလုံး အဆင်ပြေကြပါစေ

သူငယ်ချင်းတွေအတွက် အကျိုးရှိမယ် ထင်တာလေ တင်ပေးလိုက်ပါတယ်
ကြိုက်တယ် ဆိုရင် Share ပေးပါဦး
ကူးယူဖော်ပြချင်တဲ့ သူငယ်ချင်းများ ရှိရင်လည်း ဗဟုသုတဘဏ်ဆိုတာလေ
ထည့်ပေးပါဦးနော် သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်
https://www.facebook.com/photo.php?fbid=355613934578570&set=a.198819433591355.49451.198805490259416&type=1&theater
K2

Pe ter Pau မှကူးယူဖော်ပြပေးပါသည် ..


Saturday, May 17, 2014

Facebook က သင့် အကောင့်ကို Lock ချခြင်း Block ရခြင်း အကြောင်း များ

    

    ဒီပိုစ်ကို Facebook သုံးသူတိုင်း ဖတ်သင့်ပါတယ်။ အဓိက ကတော့ အခုလက်ရှိ အသစ်ဖွင့်ထားတဲ့ အကောင့်တွေကို ရည်ညွှန်းထားတာပါ။ အကောင့် အဟောင်းတွေကတော့ ဒီအချက်တွေ သိပ်လိုက်နာစရာ မလိုပါဘူး။ Facebook အသစ်ဖွင့်ပြီး ၃ရက် ၄ရက်လောက် နဲ့ လော့ကျတာတွေ ဖြစ်နေကြလို့ ဒီပိုစ်လေး ကိုဖတ်ပြီး ဆင်ခြင်နိုင်တာ ဆင်ခြင်နိုင်အောင် တားမြစ်ထားတာတွေကို ရှောင်နိုင်အောင် တင်ပေး လိုက်တာပါ။

    အခု တင်ထားတဲ့ ပိုစ် ကစာကိုပဲ အကောင့်အသစ်သမားတွေ နိုင်သလောက် လိုက်နာနိုင်ရင်တော့ ၉၀% Lock ကျခြင်း Block ရခြင်း မှ ကင်းဝေးနိုင်ပါတယ်။ အောင်ခမ်း (TSJ team) မှ ရေးထားပေးတဲ့ ပိုစ်လေးပါ။ လိုအပ်တာတွေ ကို ကျနော် ထပ်ဖြည့်ထားပါတယ်။ မူရင်းမှ စာကို နဲနဲ ပြန်လည်ပြုပြင်ထား ပါတယ်။ Facebook သုံးနေသူတိုင်း ဖတ်သင့်တဲ့ ပိုစ်လေးပါ။ အောက်မှာ အပြည့်စုံ ဖတ်နိုင်ပါပြီ။

Facebook က သင့်ကို  Lock ချခြင်း Block ရခြင်း အကြောင်း များ.........
===========================
- Friend အသားကုန် Add ခြင်း
------------------------------
Friend ဇွတ် Add ရင်လည်း Facebook က သူငယ်ချင်း Add ခွင့်ကို ရက်အတော်ကြာကြာ ပိတ်ပါတယ်။ နောက် မထင်ရင် မထင်ရင် သလို Message ပို့ခွင့်ပါ ရောယောင် ပိတ်ပါတယ်။

- Message ဇွတ်ပို့ခြင်း
-----------------------
အပေါ်က ပြောတဲ့အထဲကလိုပဲ ပိတ်တတ်သလို၊ Page တွေ၊ မသိတဲ့ သူတွေ ဆီကို စာဇွတ်ပို့ရင်လည်း Facebook က စာပို့ခွင့်ကိုပါ Block လုပ်ပါတယ်။ ဒါကြောင့် Friend ဖြစ်ပြီးသား Like ပြီးသား Page တွေမှသာ စာပို့ တာစိတ်ချရပါတယ်။

- Like ဇွတ်လုပ်ခြင်း
---------------------
ဒါက ဒီနောက်ပိုင်းက Facebook က ချမှတ်တဲ့ ပေါ်လစီထင်တယ်။ သူငယ်ချင်း တွေထဲမှာ တကယ်ပဲ Like လုပ်လို့ မရအောင် အပိတ်ခံရတာကို လက်တွေ့ မြင်လိုက်ရပါတယ်။ သူတို့က အသားကုန် Like လုပ်ကြတယ်လေ။ ဒါကြောင့် Like ကိုလည်း ပိတ်ပါတယ်တဲ့။ ဒါကြောင့် Like သင့်တာပဲ Like တာကောင်းပါတယ်။ ဒီအချက်ကတော့ အသစ်ဖွင့်ထားတဲ့ အကောင့်တွေမှပါ။ အကောင့်အဟောင်းက မဖြစ်ပါဘူး။

- Group အများအပြား ဝင်ခြင်း
-------------------------------
User တစ်ယောက်ကို Group အခု ၂၀၀ ပဲ ဝင်ခွင့်ပေးပါတယ်တဲ့။ အဲဒါ မိုင်ကုန်ပါ။ အချို့ က အဲ့ဒီ မိုင်ကုန်ကို ကုန်အောင် ဝင်ကြပါတယ်။ ဟိုထဲလည်းပါ၊ ဒီထဲလည်းပါ ဆိုတော့ အကောင့် Log in တောင် တစ်ခါတစ်လေ ကျ ကွိုင်တတ်ပါတယ်တဲ့။

- နာမည်ရင်း အသုံးမပြုခြင်း
----------------------------
ဒါက ဒီလိုရှိပါတယ်။ ကိုယ်ရဲ့  IP တစ်ခု၊ အီးမေးလ်တစ်ခု ကနေ သွားတဲ့ နေရာတိုင်းမှာ အသုံးပြုတဲ့ User name ကို Track လုပ်ပါတယ်တဲ့။ ဒီအီးမေးလ်နဲ့ပဲ အခြား social network အမျိုးအစား တစ်ခုမှာ နာမည်တစ်မျိုး Facebook မှာ နာမည်တစ်မျိုးနဲ့ ဝင်တာမျိုးကို လက်မခံ ပါဘူးတဲ့။ ပုံသေတော့ မဟုတ်ပါဘူး။ နောက်တော့ ဘယ်လိုလာမလဲ မသိပါဘူး။

- Friend များလွန်းခြင်း
------------------------
Friend များလွန်းအားကြီးရင်လည်း ဖြစ်တတ်ပါတယ်တဲ့။ လက်ရှိ အသစ်ဖွင့်ထားတဲ့ အကောင့်တွေဖြစ်များပါတယ်။ ဒါကြောင့် သူများ အက်လာတာပဲ လက်ခံပါ။ ကိုအက်သွားရင် တနေ့ကို ၃ယောက်ထက် ပိုအက်ခွင့်မရှိပါဘူး။ ၃နှစ် ၄ နှစ်လောက်သုံးထားပြီးတဲ့အကောင့်ကတော့ ဒီအချက်ကို စိတ်ပူစရာမလိုပါဘူး။ User အဟောင်းဖြစ်တဲ့အတွက် ပါ။

- နေရာ ပြောင်းသုံးလွန်းခြင်း
-----------------------------
ဒါကတော့ တကယ်လက်တွေ့ကို ကြုံနေရပါတယ်။ Facebook တင်မကပဲ G Talk တို့လို ဟာတွေလည်း ထိုနည်းတူစွာပါ။ မနေ့က ရန်ကုန် မှာ သုံးတယ်။ နောက်နေ့ စင်္ကာပူရောက်တော့ စင်္ကာပူမှာသုံးတယ်ဆိုရင် Facebook က အကောင့်ကို ကြိမ်းသေပိတ်ပါတယ်။ ပေးလာတဲ့ အကြောင်း ပြချက်က သင်ဟာ ဒီအကောင့် သုံးတဲ့သူ တကယ် ဟုတ်ရဲ့  လား တဲ့။ ပြီးတော့ Security Question တွေ ဇွတ်မေးတော့တာပဲ။ IP Address က ရန်ကုန်နဲ့ စင်္ကာပူ တူမှမတူတာကိုး။ fb အနေနဲ့ ဒီလို layer တစ်ခု ခံပေးထားတဲ့အပေါ် တော်တော်များများ ကွန်ပလိန့် မတက်ပါဘူး။

ဒီမှာ ကိုယ် အကြည့်များ၊အတွေ့များ၊ စကားအပြောများ၊ Like များ၊ comment များတဲ့ သူတွေရဲ့  ဓာတ်ပုံကိုရွေးခိုင်းတာမျိုးပါ။ ကိုယ့်အနေနဲ့ ဘယ်သူ့ကိုမှ ဂရုမစိုက်အားလို့ ဘယ်သူ့ကိုမှ မကြည့်ပါဘူးဆိုရင်တော့ အကောင့်ရဖို့က ခက်ခဲသွားပါမယ်။ အထူးသဖြင့် Friend များတဲ့ သူတွေ သတိပြုဖို့ပါ။

- Device ပြောင်းသုံးလွန်းခြင်း
------------------------------
ဒီနေ့ အင်တာနက်ဆိုင် တစ်ခုမှာ Windows XP စက်တစ်လုံးနဲ့ သုံးလိုက်တယ်။ ညနေလည်း ရောက်ရော အိမ်က Windows 7 နဲ့ ဖွင့်ပြီဆိုရင် သူကပြောပါပြီ။ သင့်အကောင့်ကို windows XP နဲ့ ရန်ကုန်မှာ ဘယ်သူသုံးသွားပါတယ်ဆိုတာမျိုးပေါ့။ ခဏခဏ အပြင်ထွက်သုံးဖြစ်တဲ့ သူတွေကိုတော့ မမေးပါဘူး။ အလေ့အထ မရှိတဲ့ အကောင့်တွေကိုဆိုရင် ဒီလိုပဲ ဖြဲခြောက်ပါတယ်။

- Poke လုပ်လွန်းခြင်း
-----------------------
Poke အဓိပ္ပါယ်ရှင်းဖူးပြီးသွားပြီနော်။ မသိတဲ့ သူတွေ တစ်ယောက်နဲ့ တစ်ယောက် ခင်မင်မှုရအောင် အပျော်ဆော့လို့ရအောင် Poke ကို ထည့်ထားပေးတာလေ။ သို့သော် ဇွတ် Poke လွန်းရင် အကောင့်ကို ပိတ်ပါတယ်။ မြန်မာပြည်မှာတော့ လုပ်တဲ့သူ နည်းပါတယ်။

- Link များ ရှဲလွန်းခြင်း
------------------------
ဒါလည်း လက်တွေ့ကြုံရပါတယ်။ အကောင့်အသစ်မှာ အထူး သတိပြုရမှာဖြစ်ပါတယ်။ ညစ်ညမ်းတဲ့ ပိုစ်တွေ ပုံတွေ ကို လုပ်မိရင်တော့ ဖြစ်တတ်ပါတယ်။

- အသက် ၁၈ နှစ်မပြည့်သေးရင်
--------------------------------
ဒါလည်း ဖြစ်တတ်ပါတယ်တဲ့။ အမှန်တော့ Facebook က အသက် ၁၈ မပြည့်လည်း သုံးလို့ရပါတယ်။ Under 13 အပေါ်မှာသာ အတားအဆီးတွေ ထားတာပါ။ သို့ပေမယ့် ၁၈ နှစ်အောက်တဲ့သူတွေလည်း သတိထားတဲ့။

- Report အလုပ်ခံရများရင်
----------------------------
ဒါကတော့ တော်တော်များများသိပါတယ်။ Account report အလုပ်ခံရ တာတို့၊ ဓာတ်ပုံ Report အလုပ်ခံရတာတို့၊ comment report အလုပ်ခံ ရတာတို့ အကြိမ်အရေအတွက် များလာရင် အကောင့်ကို Facebook က Block ဖို့ ကြိမ်းသေနေပါပြီ။ ဒီတော့ Security Question တွေ ဆက် တိုက် ဖြေရတော့မှာပေါ့။ ဒါတောင် ရက်တွက်ပြီး စောင့်ရပါသေးတယ်။

- အခြားအကြောင်းအရာများ
-----------------------------
အတော်လေးများတယ်ဗျ။ သို့သော် အပေါ်ကဟာလေးတွေလောက် သိရင် လုံလောက်ပါတယ်။ တကယ့် အီးမေးလ်အသုံးမပြုတာတို့၊ Browser တစ်ခုထဲမှာပဲ ဒီအကောင့် ချက်ချင်းထွက် နောက်အကောင့် တစ်ခု ချက်ချင်းဝင်တာမျိုးတို့လည်း ကွိုင်တတ် တတ်ပါတယ်။ ဒီလောက်ဆို တော်ပါပြီ။
အားလုံး Facebook အကောင့် အပိတ်မခံရအောင် သိတာလေး မျှဝေ လိုက်ရပါတယ်။

Credit to:အောင်ခမ်း (TSJ team)

 အားလုံးအဆင်ပြေပါစေ.......။


ပြုလုပ်ပြီးသား new facebook အကောင့် ကို locked မဖြစ်အောင် ကြာရှည်ခံအောင် လုပ်နည်။


-နှစ်သက်ရာ နည်းစနစ်ဖြင့် ဖေ့ဘုတ်အကောင့်န်သစ်တစ်ခုကိုစလုပ်ပါ-

-နာမည်ကို eng: အမည်နဲ့စလုပ်ပါ။ သူဖြည့်ခိုင်းတဲ့ city တို့၊country တို့၊ school တို့၊ bunish တို့ကို eng: လိပ်စာနာမည်ပဲဖြည့်ထားပေးလိုက်ပါ။ (လောလောဆယ်ပေါ့၊နောက်မှပြန်ပြောင်းယူလို့ရပါတယ်)-

-step by step တွေပြီးရင် profile နှစ်သက်ရာတင်ပါ-

-friend request 10 ယောက်တိတိကို အခြားပြည်ပနိုင်ငံမှအမည်များကိုရှာ add လိုက်ပါ-

-ပြီးရင် post သုံးခုတင်ရပါမယ်။အဲ့ဒိတင်မယ့် ပို့စ်သုံးခုစလုံးဟာ၊ပုံတွေကို အခြားပြည်ပနိုင်ငံများမှ ပုံတွေ ပဲဖြစ် ရ မှာပါ။ ရှုခငိးပုံတို့၊တခြား community ပုံတွေလည်းရပါတယ်။ညစ်ညမ်းပုံများမရပါ။ ပုံနဲ့တကွ စာ နှစ်ကြောင်းလောက်ကို (ဘာအဓိပ္ပါယ်ပဲဖြစ်ဖြစ်ပါ့) အင်္ဂလိပ်လိုနည်းနည်းပါးပါးရေးလိုက်ပြီး၊ ပုံနဲ့တွဲတင်ပါ။ posts 3 ခုလောက်ပေါ့-

-ပြီးရင်ဘာမှဆက်မလုပ်နဲ့တော့။ ပြန်ထွက် လိုက်ပါ (သို့) logout လုပ်ထားပါ-

-တစ်ပတ်(၇ ရက်တိတိအထိ၊အဲ့ဒိအကောင့်န် အသစ်ကို လုံးဝမသုံးပါနဲ့/ မဖွင့်ပါနဲ့-

-တစ်ပတ်(၇ ရက်ပြည့်တဲ့)နေ့မှာ login ပြန်ဝင်ပြီး၊အကောင့်န်သစ်ကို စတင်ပြီးအသုံး ပြုနိုင်ပါပြီ။ friend request တောင်းထားတာ တွေလက်ခံပေးလို့ရပြီ။ friend request တွေ add လို့ရပါပြီ။ add လုပ်ရာတွင် တစ်နေ့ ၁၀ ယောက်ခန့်သာ add ပါ။ profile name ကိုလည်း နှစ်သက်ရာနာမည် (မြန်မာလိုအပါအဝင်) ကြိုက်ရာပြန်ပြောင်းနိုင်ပါသည်။ အခြား ဖြည့်ခဲ့တဲ့ မြို့တို့၊နေရာတို့၊ကျောင်းတို့်၊work တို့ကိုလည်း မိမိနှစ် သက် ရာပြန်ပြင်နိုင်ပါပြီ-

-အကောင့်န်သစ် စလုပ်ချိန်သည် လိုင်းကောင်းနေချိန်ဖြစ် ဖို့လိုပါသည်။ မနက် ငါးနာရီ နဲ့ခြောက် နာရီကြား သည် လိုင်းအကောင်းဆုံးဖြစ်သည်။ ကျန်တဲ့အချိန် တွေကတော့သိတဲ့အတိုင်းပေါ့ တပိန်ပိန် တလိမ်လိမ်ပေါ်ပျောက်ပြုတ်ထွက် လိုင်းပေါ့လေ။ အဲ့ဒိတော့ မနက်စောစော ၅/၆ နာရီလောက်မှာ စလုပ်စေ ချင်ပါတယ်-

-ကျနော်အပေါ်ကပြောထားတဲ့နည်းအတိုင်း တိတိကျကျလုပ်ဆောင်မယ်ဆိုရင်၊ အဲ့ဒိအကောင့်န်သစ်ဟာ ကြာရှည်စွာအသုံးပြု လို့ရလာပါလိမ့်မယ်ဗျာ- အဆင်ပြေ ပါစေ။

Creadit ~ ကိုဇော်သွင်(နည်းပညာ)


အားလုံးအဆင်ပြေပါစေ.......။



Facebook အကောင့်သစ်ဖွင့်တိုင်း Lock လော့ကျကျနေတယ်ဆိုရင်ပြုလုပ်နည်း

အခုရက်ပိုင်းအတွင်း Facebook အကောင့်အသစ်ဖွင့်တိုင်း Email Confirmation လုပ်လိုက်တာနဲ့
တစ်ခါတည်း အကောင့်ကာ လော့ကျသွားတာတွေ ကြားနေရပါတယ် ..
ဒါနဲ့ ကျွန်တော်လည်း သာမာန်အတိုင်းပဲ Facebook အကောင့်အသစ်တစ်ခုကို ဖွင့်ကြည့်လိုက်တာ
တကယ်ပဲ Email အတည်ပြုပြီးတဲ့အဆင့်မှာပဲ Fake Name သုံးထားလို့ ဘာညာဆိုပြီး
လော့ကျသွားပါတယ် .. ပြန်ရချင်ရင်တော့ နိုင်ငံခြားက အသိတစ်ယောက်ရဲ့ အကူအညီကိုယူပြီး
သူ့ဖုန်းနံပါတ်ကိုထည့်ပေး FB က Text Message ပို့ပေးခဲ့တဲ့ ကုဒ်ကို ထည့်ပေးနိုင်ရင်တော့ ရကောင်းရနိုင်ပါတယ် ..

အလုပ်လည်း ရှုပ်သလို .. ရနိုင်မယ်မရနိုင်ဘူးလည်း မသေချာ .. နောက်ထပ် လော့ကျနိုင်ခြေ
ဘယ်လောက်နီးစပ်မစပ်လည်း မသေချာဆိုတော့ .. အကောင့်ဖွင့်ကတည်းက
လော့မကျအောင်ဖွင့်နိုင်မယ် နည်းလမ်းတွေကို အမျိုးမျိုးစမ်းသပ်ကြည့်တော့ ဒီနည်းလေးကို
သွားတွေ့ပါတယ် .. ဒီနည်းလမ်းအတိုင်း အကောင့်သုံးလေးခုကို ဖွင့်ကြည့်တာ အားလုံးအဆင်ပြေပြေနဲ့
အောင်မြင်တာကို တွေ့ရပါတယ် ..
အကောင့်သစ်အတွက် ဘာမှမလုပ်ခင် Browser မှာရှိတဲ့ History တွေ Cookies တွေကို ရှင်းထားလိုက်ပါ

ပထမဆုံး nolockfacebook@gmail.com ဆိုတဲ့ Gmail အကောင့်အသစ်တစ်ခုဖွင့်လိုက်ပါတယ် ..
ဒီပို့စ်မှာ တစ်ချက်ခုတ်နှစ်ချက်ပြတ်ဖြစ်အောင် Gmail အကောင့်သစ်ကိုလည်း Free ဖွင့်ပြထားပါတယ် ..

www.k7.net မှာ အကောင့်သစ်ဖွင့်ပြီး ဖုန်းနံပါတ်ယူတဲ့နည်းပါ .. အသေးစိပ်ကိုတော့ ဒီပို့စ်  (or) ဒီမှာ မှာ
သွားဖတ်နိုင်ပါတယ် ..

Gmail အကောင့်သစ်ဖွင့်ပြီးဆိုရင် အဲဒီ gmail ကို မပိတ်ပဲ နောက်ထပ် Tab အသစ်နဲ့  Facebook  အကောင့်သစ်စဖွင့်ပါတယ် ..

First name Last name နေရာတွေမှာ အင်္ဂလိပ်နံမည်တွေ ထည့်ပေးပါတယ် .. (ကျွန်တော့်တို့ မြန်မာနံမည်တွေက
အနောက်နိုင်ငံတွေရဲ့ နံ့မည်တွေနဲ့ တည်ဆောက်ပုံမတူလို့ Fake Name အဖြစ် Facebook က ယူဆတတ်လို့ပါ )

ကျန်တဲ့အချက်တွေကိုတော့ တတ်နိုင်သမျှ Email အကောင့်ထဲကအချက်တွေနဲ့ တူအောင် ထည့်ပေးပါ ..
မွေးသက္ကရာဇ်ထည့်တဲ့နေရာမှာ တစ်ခုသတိထားရမှာက လက်ရှိအချိန်ထိ 18 နှစ်နဲ့အထက်ဖြစ်အောင် တွက်ချက်ပြီး ထည့်ပေးပါ .. ( 13 နှစ်ကျော်ရင်လည်း ရပေမယ့် တစ်ခါတစ်ခါ Error တက်တတ်လို့ပါ . )
ကျန်တာတွေကိုတော့ ပုံမှန်အတိုင်းပဲ ထည့်ပေးသွားပါ ..
နိုင်ငံကလည်း လက်ရှိ အဲဒီ Browser ကဖတ်ထားတဲ့ နိုင်ငံ ( မြန်မာနိုင်ငံကဖွင့်တာဆို Myanmar ဆိုတာလေး ပြနေမှာကိုပြောတာ)

ပြီးရင် နောက်တစ်ဆင့်ရောက်တဲ့အခါ .. Find Friends ကို မနှိပ်ပဲ Skip လုပ်လိုက်ပါ ..
( Find Friends လုပ်လိုက်ရင် အခြားသော အကောင့်တွေကို လိုက်ချိတ်တာဖြစ်လို့ Spam ရဲ့ လမ်းကြောင်းနဲ့ သွားတူနေလို့ပါ .. )

နောက်တစ်ဆင့်မှာတော့ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေကို ထည့်ပေးရပါမယ် ..
School မှာ အင်္ဂလိပ်လို ကျောင်းတစ်ကျောင်းရိုက်ထည့် အဲဒီအခါ Facebook က သူ့ရဲ့ Database ထဲမှာရှိတဲ့ ကျောင်းကို Result ထုတ်ပေးလာလိမ့်မယ် .. သူဖေါ်ပြလာတဲ့ ကျောင်းတွေထဲကမှ ကိုယ်ကြိုက်တာကို ရွေးနှိပ်လိုက်ပါ .. ( ကိုယ်ထည့်ချင်တာကို ထည့်လိုက်တာမဟုတ်ပါဘူး .. Facebook က သိထားတဲ့ကျောင်းကိုပဲ ရွေးထည့်ပေးလိုက်တာပါ )

University နဲ့ အောက်က အကွက်တွေမှာလည်း ဒီအတိုင်းပဲ .. Facebook က ဖေါ်ပြပေးတဲ့ နံမည်တွေကိုပဲ ရွေးပေးလိုက်ပါ .. ( အဲဒါတွေက နောက်မှ ပြင်လည်းရတယ်လေ )
နောက်တစ်ဆင့်မှတော့ Profile ပုံကို Upload တင်ပေးရမှာပါ .. ဒီအဆင့်ကို မကျော်ပဲ ပုံတစ်ပုံတင်ပေးလိုက်ပါ .. ဒါတွေပြီးလို့ Save and continue ကိုနှိပ်လိုက်ရင်
Friends အပ်ခိုင်းတဲ့ အဆင့်ဝင်လာပါတယ် .. ဒီအဆင့်မှာတော့ သူငယ်ချင်း နှစ်ယောက်လောက်ကို Friend Request လုပ်လိုက်ပါ ....

နောက်တစ်ဆင့်မှာတော့ ကိုယ့်ရဲ့ Home ကို ရောက်သွားပါမယ် .. အဲဒီမှာ Search Box ထဲကနေ .. ကိုယ့်ရဲ့ တစ်ခြားအကောင့်တစ်ခု ကို ရှာပြီး Add ပါ .. အဲဒီအကောင့်ကိုလည်း စက်တစ်လုံးကနေ Log in ၀င်ထားပြီး  Friend Request လုပ်တာကို ချက်ချင်းပဲ Confirm လုပ်ပေးလိုက်ပါ ..
အဲဒီအဆင့်ပြီးမှ ကိုယ့်ရဲ့ Gmail ကို ပြန်သွားပါ .. ( Facebook ရဲ့ အပေါ်မှာ ပေါ်နေတဲ့ Go to your gmail ကို မနှိပ်ပဲ ဒီအတိုင်းပဲ Gmail tab ကို သွားလိုက်တာပါ )

Gmail ထဲမှာ Facebook ကပို့ပေးလိုက်တဲ့ စာနှစ်စောင်ထဲက ပိုစောတဲ့စာ ( အောက်မှာရှိတဲ့စာ) ကိုဖွင့်ပြီး
Complete Sign Up ကို မနှိပ်ပဲ သူပေးထားတဲ့ လင့်ကိုပဲ နှိပ်လိုက်ပါ ..
နောက်ထပ် Tab အသစ်နဲ့အတူ Facebook ပွင့်လာပါမယ် ..

Email Confirm ဖြစ်တဲ့အကြောင်း တက်လာပြီဆိုရင် အရင် facebook ရဲ့ Tab ကို ပိတ်လိုက်ပါ ..
လက်ရှိရောက်နေတဲ့ Facebook ရဲ့ Home မှာပဲ Status လေးတစ်ခုလောက် ရေးပြီး တင်ပေးလိုက်ပါ ..

ဒါဆိုရင် .. အကောင့်တစ်ခုဟာ လော့မကျပဲ အဆင်ပြေပြေ အောင်မြင်သွားပါပြီ

ဒီနည်းလမ်းတစ်ခုလုံးမှာ ကျွန်တော် အသုံးချသွားတာက Browser တွေမှာ မှတ်သားထားလေ့ရှိတဲ့ Cookies ဆိုင်ရာ သီအိုရီအချို့ပါ .. ( ဒါကြောင့် Tab တွေကို မပိတ်ပဲ ထားခိုင်းတာပါ )




 ယူကျု ကနေကြည့်လိုပါက   သည်မှာ   သွားပြီးကြည့်နိုင်ပါတယ်.....
 
                                       မူရင်.လင့်



ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here