နေကိုစားသောတိမ်(သို့ )ချစ်ခြင်းရဲ မှတ်တမ်း (ခံစားတတ်သူသာဖတ်ရန်)

မေ....
နောက်ဆုံးတော့ဆုံးရှုံးမှုဆိုတာတွေနဲ့ 
နေသားကြနေတာငါပါပဲလေ...
လှုပ်ခတ်ဆဲရင်ခုန်သံတွေ ထိန်းချုပ်ဖို့ ခက်နေတာ
မေတစ်ယောက်မသိပါစေနဲ့ ..
မေ့အပေါ်အထိမနာစေဖို့  သိသာစေတဲ့ရည်ရွယ်ချက်မျိုး
နောင်အဆက်ဆက်မပျိုးတော့ပါဘူး....
မေ...
ရင်ခုန်သံတွေအစ ရယ်မောသံတွေ
အပြုသဘောအမှန်ပါလေ..
မမျှော်လင့်ပဲတွေးခဲ့တာမဟုတ်လို့  မျှော်လင့်ရင်းဝေးရက်တွေကို
မေတစ်ယောက်မသိပါစေနဲ့ ...
မေ့အတွက်ဒီတစ်သက် ချည်နှောင်မဲ့မေတ္တာမျိုးကို ဒီရင်ကလှစ်ဟမပြနိုင်တော့ပေမယ့်
နောင်လာနေ့ ရက်တွေထိအထပ်ထပ်တိုးပါရစေ....
မေ...
ရင်ခုန်ခြင်းအစ ရင်ခုန်ခြင်းအလယ် ရင်ခုန်ခြင်းအဆုံးတိုင်း
မေ့အားအချစ်သည်မဆုံးတိုင်ပါလေ...
တဒင်္ဂမဟုတ်ခဲ့လို့  ပြင်မရတဲ့အဆုံးသတ်တွေ
မေတစ်ယောက်မသိပါစေနဲ့ .....
ပေးဆပ်ခြင်းစကားလုံးမှာ ထိုက်တန်လောက်တဲ့ အရည်ချင်းတွေမရှိခဲ့လို့ 
နောင်အခါပတ်သက်မှုမှာ သက်တန့် တစ်ခုပမာ အရောင်အသွေးစုံပါရစေ...
မိုးမြင့်စံပန်း ပွင့်လန်းဖို့ ရာ မြေပြင်ရင်းမှာမထိုက်ပါ မေ...
ဖယောင်းသမ်းဖဝါးနုနု ခရောင်းလမ်းကိုမတုပါနဲ့  မေ...
ပိန်းပေါ်ကျ နှင်းစက်ဘဝရဲ့ ဒဏ္ဍာရီတွေ ဖန်လာပြီးသည်မို့ 
ရင့်နစ်ပန်းအတွက် လန်းရက်မှာ တို့ နှစ်ဦးအခန်းဆက်လည်း
လွမ်းရက်ဆိုတာလောက်ပဲ ခပ်ခပ်လှမ်းလှမ်းကနေ့ စွဲတွေ
ပြုံးပြနှုတ်ဆက်လိုက်ရင် လုံလောက်မှာပါမေ......... ။ ။
လေလွင့်လူ(ကမာမြေ)
ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ
ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×

ဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here
7 မှတ်ချက်:
ကဲမေရေ ကြွေပြနေပါတယ်ကွယ်:P
မောင်တစ်လုံးရေ ဖတ်သွားပါတယ် စာသားတွေလန်းတယ်နော်
မေ ကတော့ မတိဝူးးးးးးးးးးးးးးးးးးး
နာတော့ တော်တော် ကြွေသွားဒယ်.........
စာသားလေးတွေ ကောင်းပါသည်.......................။
မေ ရေ သိလိုက်တော့နော်
အားပေးသွားတယ်ဗျာ
ဟုတ်ပ မေကတော့ ကြွေရုံမဟုတ်ဘူး သေကိုသေအုံးမှာ အဟင့် ငိုချင်တယ် စာသားတွေ ကြွေလို့ 
မေ... အမှောင်ထဲက ငွေကြယ်များထက် မင်းမျက်ဝန်းများ လင်းပါလား..
ဟိဟိ အဲ့သီချင်းလေး သတိရသွားလို့ပါ မေဆိုလို့
နောက်ဆုံးအပိုဒ် အကြိုက်ဆုံး :D
မောင်ရေ လာအားပေးတယ်နော်
Post a Comment