Thursday, December 1, 2011

ဒီဇင်ဘာလမ်းခွဲ

                        

၂၀၀၄ရဲ့ ဒီဇင်ဘာ...
ခမ်းခြောက်ခြင်းအိပ်မက်မြစ်တို့  မြစ်ဖျားခံရာ
တက်မစုံ လက်တစ်စုံနဲ့  လှော်ခတ်ရင်း....
လ မလင်းတဲ့  ကြယ်တလင်းရဲ့  စစ်ပြင်ထက်က
ဒဏ်ရာတွေဗလပွနဲ့  သေရာပါတွေ....
အလင်းသီကြိုးတွေ ပြတ်ခဲ့တဲ့ ကာလ
ခံစားချက်တွေ အပေါက်ကျဲကျဲနှင့်ဆယ်ယူ
ကယ်သူမရှိ တိုက်စားခံ နေ့ ရက်တွေ
တိမ်မြုပ်ပျောက်ရှချက်လွယ်နေတုန်း.....

ငါ ဆိုတာမသိတဲ့  ငါ.....
ဘာဆိုတာမသိတဲ့  ငါ.....
ဘဝအတွက်မြားချက်တွေ ပစ်ခွင်း
ဖြိုချလိုက်တဲ့  စကားလုံးအောက်
အကြိမ်ကြိမ် ခြေတော်ရင်းက မော်ဖူးခွင့်တောင် မကြုံခဲ့ဘူး
ငြင်းဆန်ခြင်းမဟုတ် ပြင်းထန်ခြင်းအားလုံးကတော့
သေမယ်ဆိုရင်တောင်သေလို့ ရတယ်

သံယောဇဉ်....
မေတ္တာ...
ချစ်ခြင်းတရား....
ပင်ယံထက်မလန်းမှတော့
မြေပြင်ပဲ ကြွေခွင့်ပေးလိုက်ပါပြီ....

မက်ခဲ့ တဲ့ အတိတ်ရဲ့ ညတစ္ဆေ
ကာလတော်တော်များတောင် လိပ်ပြာလွင့်နေရပါလား
တန်ပြန်ခြင်းအနားသတ်တွေပိတ်ဖုံး
အရိပ်သုံးပါးနားလည်ပေးရအုံးမှာတဲ့ လား....

ဒီရေကျကမ်းတင်ကျန်ချက်မှာ
ဒဏ်ရာရ ဖိနပ်ငယ်တစ်ရံ
ဆာလောင်မှုတွေ စတေးခံလို့ .....
ငါ ဆိုတာမသိတဲ့  ငါ.....
ဘာဆိုတာမသိတဲ့  ငါ.....

၂၀၀၄ရဲ့ ဒီဇင်ဘာ.....
အစအဆုံးတွေပြန်မမြင်ယောင်ချင်တော့ဘူး
အချိန်လွန် စာမျက်နှာတချို့ ကို
အပြီးသတ်ဆုတ်ဖြဲလိုက်ပါတော့လား
ဒီဇင်ဘာ.......။        ။


                                 လေလွင့်လူ(ကမာမြေ)

ခုနှစ်အလိုက် ရေးသားခဲ့သော စာများကို အောက်ပါလင့်များမှာ နှိပ်၍ ရှာဖတ်ပါ

ဒီဝက်ဆိုဒ်မှာအသစ်တင်တိုင်း FB ကနေ ဖတ်နိုင်ရန် အောက်တွင် Like ကို နှိပ်ထားပါ။ Like ပေါ်တွင် အမှန်ခြစ်ရှိနေပါက ထပ်နှိပ်စရာမလိုပါ။
×
Like ပြီးလျှင် X ကိုနှိပ်ပါဖုန်းထဲကိုထည့်ဖို့ မောင်(စွယ်စုံကျမ်း) ၀က်ဆိုဒ်၏ MSSK Apk Download Click Here